Google ဟာ လာမယ့်အပတ် အောက်တိုဘာလ 15 ရက်နေ့မှာ Made By Google ပွဲကို ကျင်းပသွားပါမယ်။ Nikkei Asia Review ရဲ့ ဖော်ပြချက်အရ Google ဟာ ယင်းပွဲမှာ Google Pixel Watch ကိုလည်း မိတ်ဆက်သွားမှာဖြစ်ကြောင်း ဖော်ပြလာပါတယ်။

Google ဟာ ပြီးခဲ့တဲ့အပတ်ကတည်းက စမတ်နာရီမိတ်ဆက်မယ်လို့ သတင်းထွက်လာခဲ့တာဖြစ်ပေမယ့် ထွက်လာခဲ့ခြင်း မရှိပါဘူး။ နောက်ပိုင်းထွက်ပေါ်တဲ့ သတင်းအရ Google ဟာ WearOS အပေါ် အပြည့်အဝ အားရကျေနပ်ခြင်းမရှိလို့ မကြေညာတာလို့ သိရပါတယ်။

ဒါပေမယ့် ယခုနှစ်အစောပိုင်းမှာ Fossil ရဲ့ နည်းပညာများကို ဒေါ်လာ သန်း 40 ဖြင့် ဝယ်ယူလိုက်မှုနဲ့အတူ Google ဟာ Pixel Watch ကို ကြေညာရောင်းချဖို့ အဆင်သင့်အနေအထားသို့ ရောက်လာပြီ ဖြစ်ပါတယ်။

တကယ်လို့များ အောက်တိုဘာလ 15 ရက်နေ့မှာ ကြေညာလာမယ်ဆိုရင်တော့ ဒီနာရီက Google ရဲ့ ပထမဆုံး စမတ်နာရီ ဖြစ်လာပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

လာမယ့်အပတ်တွင် Pixel 4 နဲ့အတူ Google Pixel Watch ကိုလည်း ကြေညာလာမည်




