ဗြိတိန်တီထွင်သူ ရစ်ချက်ဘရောင်းနင်းဟာ တိုနီစတပ်ခ်လို ပျံသန်းနိုင်မယ့် Iron Man  ဝတ်စုံကို ဖန်တီးထားနိုင်ပြီ ဆိုတာ အားလုံးလည်းသိထားကြပြီးဖြစ်ပါတယ်။ ယခုအခါ ရစ်ချက်ဘရောင်းနင်းဟာ သူတို့ Iron Man ဝတ်စုံအ တွက် Accessory ဖန်တီးလိုက်နိုင်ပြီ ဖြစ်ပါတယ်။

ယင်း Accessory က ပုခုံးမှာ Airsoft ရိုင်ဖယ်ထည့်သွင်းလာနိုင်တာဖြစ်ပြီး ပြောင်းဟာ ဝတ်ဆင်သူခေါင်းလှည့် ရာသို့ ချိန်ရွယ်မှာဖြစ်ပြီး ကြည့်လိုက်ရုံဖြင့် ပစ်ခတ်မှာ ဖြစ်ပါတယ်။

Iron Man ဝတ်စုံရဲ့ ခေါင်းစွပ်မှာ ဆင်ဆာတစ်ခုပါဝင်ပြီး အသုံးပြုသူရဲ့ဘယ်လက်မှာ သေနတ်ခလုတ် ပါဝင်ပါ တယ်။ အသုံးပြုသူအနေဖြင့် ကိုယ်ပစ်ခတ်ချင်တဲ့နေရာသို့ ရောက်ချိန်မှာ ခလုတ်နှိတ်ပစ်ခတ်နိုင်ပါတယ်။

ဘရောင်းနင်းဟာ Royal Marines Reserves မှာ တာဝန်ထမ်းဆောင်ခဲဖူးတဲ့သူလည်း ဖြစ်ကာ ယခု စမ်းသပ်ပစ်ခတ်မှာ အမည်မသိ နေရာတစ်နေရာမှာ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

သူဟာ 2017 ခုနှစ်ကတည်းက Iron Man ဝတ်စုံဖန်တီးဖို့ လုပ်ဆောင်လာခဲ့တာဖြစ်ပြီး ယခုအခါ အောင်မြင်စွာ လုပ်ဆောင်ထားနိုင်ပြီဖြစ်ပါတယ်။ ၎င်းရဲ့ ဝတ်စုံက 25 ကီလိုဂရမ်လေးပြီး အင်ဂျင်ခြောက်လုံးပါဝင်ကာ မြန်နူန်း တစ်နာရီ မိုင် 70 နူန်းအထိ ပျံသန်းနိုင်ပါတယ်။ သူဟာ ဂျက်အင်ဂျင်သုံးဝတ်စုံဖြင့် အမြန်ဆုံးပျံသန်းနိုင်သူအဖြစ် ဂရင်းနစ်မှတ်တမ်း တင်ထားပါတယ်။

https://www.youtube.com/watch?v=bXJ6V7Sbs6g

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

ၾကည့္တဲ့ေနရာကို ပစ္ခတ္နိုင္တဲ့ ေသနတ္ပါဝင္လာၿပီျဖစ္တဲ့ Iron Man ဝတ္စုံ

 

ၿဗိတိန္တီထြင္သူ ရစ္ခ်က္ဘေရာင္းနင္းဟာ တိုနီစတပ္ခ္လို ပ်ံသန္းနိုင္မယ့္ Iron Man ဝတ္စုံကို ဖန္တီးထားနိုင္ၿပီ ဆိုတာ အားလုံးလည္းသိထားၾကၿပီးျဖစ္ပါတယ္။ ယခုအခါ ရစ္ခ်က္ဘေရာင္းနင္းဟာ သူတို႔ Iron Man ဝတ္စုံအ တြက္ Accessory ဖန္တီးလိုက္နိုင္ၿပီ ျဖစ္ပါတယ္။

ယင္း Accessory က ပုခုံးမွာ Airsoft ရိုင္ဖယ္ထည့္သြင္းလာနိုင္တာျဖစ္ၿပီး ေျပာင္းဟာ ဝတ္ဆင္သူေခါင္းလွည့္ ရာသို႔ ခ်ိန္ရြယ္မွာျဖစ္ၿပီး ၾကည့္လိုက္႐ုံျဖင့္ ပစ္ခတ္မွာ ျဖစ္ပါတယ္။

Iron Man ဝတ္စုံရဲ့ ေခါင္းစြပ္မွာ ဆင္ဆာတစ္ခုပါဝင္ၿပီး အသုံးျပဳသူရဲ့ဘယ္လက္မွာ ေသနတ္ခလုတ္ ပါဝင္ပါ တယ္။ အသုံးျပဳသူအေနျဖင့္ ကိုယ္ပစ္ခတ္ခ်င္တဲ့ေနရာသို႔ ေရာက္ခ်ိန္မွာ ခလုတ္ႏွိတ္ပစ္ခတ္နိုင္ပါတယ္။

ဘေရာင္းနင္းဟာ Royal Marines Reserves မွာ တာဝန္ထမ္းေဆာင္ခဲဖူးတဲ့သူလည္း ျဖစ္ကာ ယခု စမ္းသပ္ပစ္ခတ္မွာ အမည္မသိ ေနရာတစ္ေနရာမွာ ျပဳလုပ္ခဲ့တာလည္း ျဖစ္ပါတယ္။

သူဟာ 2017 ခုႏွစ္ကတည္းက Iron Man ဝတ္စုံဖန္တီးဖို႔ လုပ္ေဆာင္လာခဲ့တာျဖစ္ၿပီး ယခုအခါ ေအာင္ျမင္စြာ လုပ္ေဆာင္ထားနိုင္ၿပီျဖစ္ပါတယ္။ ၎ရဲ့ ဝတ္စုံက 25 ကီလိုဂရမ္ေလးၿပီး အင္ဂ်င္ေျခာက္လုံးပါဝင္ကာ ျမန္ႏူန္း တစ္နာရီ မိုင္ 70 ႏူန္းအထိ ပ်ံသန္းနိုင္ပါတယ္။ သူဟာ ဂ်က္အင္ဂ်င္သုံးဝတ္စုံျဖင့္ အျမန္ဆုံးပ်ံသန္းနိုင္သူအျဖစ္ ဂရင္းနစ္မွတ္တမ္း တင္ထားပါတယ္။

NetGuide Journal (Every Wednesday)