Disney က Star Wars ဇာတ်ကားသစ်ပြသဖို့ လအနည်းငယ်လိုပါသေးတယ်။ ဒါပေမယ့် Star Wars ဒီဇိုင်းပါဝင်တဲ့ Product သစ်တွေက ဈေးကွက်ထဲမှာ ရောင်းချနေပြီ ဖြစ်ပါတယ်။ နာမည်ကြီး နာရီကုမ္ပဏီ Garmin ကလည်း Star War ဒီဇိုင်းသုံးထားတဲ့ Legacy Saga Series ကို ကြေညာလာပါတယ်။

Garmin Legacy Saga Series မှာ Star Wars Theme သုံးထားပြီး Star Wars ပရိသတ်များ အကြိုက်တွေ့စေမယ့်စနစ်များ ပါဝင်ပါတယ်။ Garmin Connect App ကိုပါ Star Wars ပရိသတ်များ နှစ်သစ်အောင် လုပ်ပေးထားပါတယ်။ Garmin Legacy Saga Series ကို Rey နဲ့ Darth Vader ဆိုပြီး ထုတ်လုပ်ထားကာ Rey က အဖြူရောင် ဖြစ်ပါတယ်။ Darth Vader က အနက်ရောင် ဖြစ်ပါတယ်။ 7 ရက်ကြာ အသုံးပြုနိုင်တဲ့ ဘက်ထရီ ပါဝင်ပါတယ်။ GPS ပါဝင်သလို အခြားစမတ်နာရီများမှာပါဝင်တဲ့ ကိုယ်လက်လှုပ်ရှားမှု စောင့်ကြည့်စနစ်များ ပါဝင်ပါတယ်။

Rey Special Edition မှာ အဖြူရောင်လက်ပတ်သုံးထားသလို ဗူးအတွင်း လက်ပတ်အပိုတစ်ခုလည်း ထည့်သွင်းပေးထားပါသေးတယ်။ Darth Vader မှာ အနက်ရောင်သားရေလက်ပတ်သုံးထားကာ Vader ရဲ့ TIE Advanced XI အာကာသယာဉ်မှူးခန်းက မြင်ရတဲ့ မြင်ကွင်းမျိုး လုပ်ဆောင်ထားတဲ့အပြင် Rule The Galaxy ဆိုတဲ့ သူ့ရဲ့စကားကိုလည်း ထည့်သွင်းထားပါတယ်။

နာရီနှစ်မျိုးလုံးရဲ့ ဈေးနှုန်းက ဒေါ်လာ 400 ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Legacy Saga Star War Edition Series ကို Garmin ေၾကညာ

Disney က Star Wars ဇာတ္ကားသစ္ျပသဖို႔ လအနည္းငယ္လိုပါေသးတယ္။ ဒါေပမယ့္ Star Wars ဒီဇိုင္းပါဝင္တဲ့ Product သစ္ေတြက ေဈးကြက္ထဲမွာ ေရာင္းခ်ေနၿပီ ျဖစ္ပါတယ္။ နာမည္ႀကီး နာရီကုမၸဏီ Garmin ကလည္း Star War ဒီဇိုင္းသုံးထားတဲ့ Legacy Saga Series ကို ေၾကညာလာပါတယ္။

Garmin Legacy Saga Series မွာ Star Wars Theme သုံးထားၿပီး Star Wars ပရိသတ္မ်ား အႀကိဳက္ေတြ႕ေစမယ့္စနစ္မ်ား ပါဝင္ပါတယ္။ Garmin Connect App ကိုပါ Star Wars ပရိသတ္မ်ား ႏွစ္သစ္ေအာင္ လုပ္ေပးထားပါတယ္။ Garmin Legacy Saga Series ကို Rey နဲ႔ Darth Vader ဆိုၿပီး ထုတ္လုပ္ထားကာ Rey က အျဖဴေရာင္ ျဖစ္ပါတယ္။ Darth Vader က အနက္ေရာင္ ျဖစ္ပါတယ္။ 7 ရက္ၾကာ အသုံးျပဳႏိုင္တဲ့ ဘက္ထရီ ပါဝင္ပါတယ္။ GPS ပါဝင္သလို အျခားစမတ္နာရီမ်ားမွာပါဝင္တဲ့ ကိုယ္လက္လႈပ္ရွားမႈ ေစာင့္ၾကည့္စနစ္မ်ား ပါဝင္ပါတယ္။

Rey Special Edition မွာ အျဖဴေရာင္လက္ပတ္သုံးထားသလို ဗူးအတြင္း လက္ပတ္အပိုတစ္ခုလည္း ထည့္သြင္းေပးထားပါေသးတယ္။ Darth Vader မွာ အနက္ေရာင္သားေရလက္ပတ္သုံးထားကာ Vader ရဲ့ TIE Advanced XI အာကာသယာဥ္မွဴးခန္းက ျမင္ရတဲ့ ျမင္ကြင္းမ်ိဳး လုပ္ေဆာင္ထားတဲ့အျပင္ Rule The Galaxy ဆိုတဲ့ သူ႔ရဲ႕စကားကိုလည္း ထည့္သြင္းထားပါတယ္။

နာရီႏွစ္မ်ိဳးလုံးရဲ႕ ေဈးႏႈန္းက ေဒၚလာ 400 ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)