iPhone 11 စီးရီးကို ပြီးခဲ့တဲ့လတုန်းက စတင်ရောင်းချခဲ့ရပါတယ်။ iPhone 11 စီးရီးမှာ ထူးထူးခြားခြား ဆန်းသစ်ထားတဲ့ ထူးထူးထွေထွေ နည်းပညာများ မပါဝင်ပေမယ့် စမတ်ဖုန်းကောင်းတွေအဖြစ် အားလုံးက တစ်ညီညွှတ်တည်း လက်ခံကြပါတယ်။ ထူးခြားတာကတော့ iPhone 11 ကို ဈေးနူန်း ဒေါ်လာ 699 သာ သတ်မှတ်ထားပြီး 2018 ခုနှစ်ထွက် iPhone XR ထက် ဈေးနှုန်းနည်းပါးနေတဲ့အချက် ဖြစ်ပါတယ်။ ဒါကြောင့် အိန္ဒိယနှင့် တရုတ်ဈေးကွက်တို့မှာပါ အောင်မြင်မှုတွေ ရရှိနေပါတယ်။ iPhone 11 စီးရီးက ပြီးပြည့်စုံတဲ့ စမတ်ဖုန်းတွေလိုပြောဖို့ ခက်ပေမယ့်လည်း ရောင်းအားကောင်းနေတာကတော့ ငြင်းလို့မရပါဘူး။ ဒါပေမယ့် ယခုအခါ iPhone 11 စီးရီးနဲ့ပတ်သက်ပြီး ပထမဆုံး စောဒကတက်မှုတွေ ရှိလာပြီ ဖြစ်ပါတယ်။

iPhone 11 စီးရီး အသုံးပြုသူတွေက Apple တရားဝင်ကြေညာထားသလို အစင်းရာဒဏ်ခံနိုင်ခြင်းမရှိကြောင်း စောဒကတက်လာကြပါတယ်။ Apple က iPhone 11 မှာ စမတ်ဖုန်းတွေထဲမှာ အမာဆုံးမှန်သုံးထားတယ်လို့ ဆိုထားပေမယ့်လည်း iPhone 11 Pro သာမက iPhone 11 စီးရီးတစ်ခုလုံး အစင်းရာဒဏ်မခံနိုင်ကြောင်း ပရိသတ်များက စောဒကတက်နေကြပါတယ်။

အသုံးပြုသူအချို့တို့က iPhone 11 စီးရီးကို အိတ်ထဲမှာ သော့စတဲ့ မာကျောပြီး အစင်းရာပေါ်နိုင်တဲ့ ပစ္စည်းများနဲ့အတူ ထည့်သွင်းထားခြင်း မရှိရင်တောင် အစင်းရာပေါ်ကြောင်း ဆိုနေကြပါတယ်။ ဒါကြောင့် iPhone 11 စီးရီးအသုံးပြုသူများအနေဖြင့် Screen Protector ကပ်ပြီး အသုံးပြုမှသာ အစင်းရာမပေါ်အောင် ကာကွယ်နိုင်ကြမှာ ဖြစ်ပါတယ်။

ဒါဟာ iPhone 11 စီးရီးနဲ့ပတ်သက်ပြီး အသုံးပြုသူများက ပထမဆုံးအကြိမ်အဖြစ် စောဒကတက်လာကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် iPhone 11 စီးရီး အသုံးပြုသူအချို့တို့ကလည်း ဖုန်းလိုင်းဆွဲအား မကောင်းခြင်း၊ ဖုန်းပူခြင်း၊ ညဖက်ရိုက်ကူးတဲ့ ဓာတ်ပုံအရည်အသွေး မကောင်းခြင်းတို့နဲ့ပတ်သက်ပြီး စောဒကတက်နေပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

iPhone 11 စီးရီးနဲ႔ပတ္သက္ၿပီး ပထမဆုံးအႀကိမ္အျဖစ္ ေစာဒကတက္မႈမ်ားရွိလာ

iPhone 11 စီးရီးကို ၿပီးခဲ့တဲ့လတုန္းက စတင္ေရာင္းခ်ခဲ့ရပါတယ္။ iPhone 11 စီးရီးမွာ ထူးထူးျခားျခား ဆန္းသစ္ထားတဲ့ ထူးထူးေထြေထြ နည္းပညာမ်ား မပါဝင္ေပမယ့္ စမတ္ဖုန္းေကာင္းေတြအျဖစ္ အားလုံးက တစ္ညီညႊတ္တည္း လက္ခံၾကပါတယ္။ ထူးျခားတာကေတာ့ iPhone 11 ကို ေဈးႏူန္း ေဒၚလာ 699 သာ သတ္မွတ္ထားၿပီး 2018 ခုႏွစ္ထြက္ iPhone XR ထက္ ေဈးႏႈန္းနည္းပါးေနတဲ့အခ်က္ ျဖစ္ပါတယ္။ ဒါေၾကာင့္ အိႏၵိယႏွင့္ တ႐ုတ္ေဈးကြက္တို႔မွာပါ ေအာင္ျမင္မႈေတြ ရရွိေနပါတယ္။ iPhone 11 စီးရီးက ၿပီးျပည့္စုံတဲ့ စမတ္ဖုန္းေတြလိုေျပာဖို႔ ခက္ေပမယ့္လည္း ေရာင္းအားေကာင္းေနတာကေတာ့ ျငင္းလို႔မရပါဘူး။ ဒါေပမယ့္ ယခုအခါ iPhone 11 စီးရီးနဲ႔ပတ္သက္ၿပီး ပထမဆုံး ေစာဒကတက္မႈေတြ ရွိလာၿပီ ျဖစ္ပါတယ္။

iPhone 11 စီးရီး အသုံးျပဳသူေတြက Apple တရားဝင္ေၾကညာထားသလို အစင္းရာဒဏ္ခံႏိုင္ျခင္းမရွိေၾကာင္း ေစာဒကတက္လာၾကပါတယ္။ Apple က iPhone 11 မွာ စမတ္ဖုန္းေတြထဲမွာ အမာဆုံးမွန္သုံးထားတယ္လို႔ ဆိုထားေပမယ့္လည္း iPhone 11 Pro သာမက iPhone 11 စီးရီးတစ္ခုလုံး အစင္းရာဒဏ္မခံႏိုင္ေၾကာင္း ပရိသတ္မ်ားက ေစာဒကတက္ေနၾကပါတယ္။

အသုံးျပဳသူအခ်ိဳ႕တို႔က iPhone 11 စီးရီးကို အိတ္ထဲမွာ ေသာ့စတဲ့ မာေက်ာၿပီး အစင္းရာေပၚႏိုင္တဲ့ ပစၥည္းမ်ားနဲ႔အတူ ထည့္သြင္းထားျခင္း မရွိရင္ေတာင္ အစင္းရာေပၚေၾကာင္း ဆိုေနၾကပါတယ္။ ဒါေၾကာင့္ iPhone 11 စီးရီးအသုံးျပဳသူမ်ားအေနျဖင့္ Screen Protector ကပ္ၿပီး အသုံးျပဳမွသာ အစင္းရာမေပၚေအာင္ ကာကြယ္ႏိုင္ၾကမွာ ျဖစ္ပါတယ္။

ဒါဟာ iPhone 11 စီးရီးနဲ႔ပတ္သက္ၿပီး အသုံးျပဳသူမ်ားက ပထမဆုံးအႀကိမ္အျဖစ္ ေစာဒကတက္လာၾကတာ ျဖစ္ပါတယ္။ ဒါ့အျပင္ iPhone 11 စီးရီး အသုံးျပဳသူအခ်ိဳ႕တို႔ကလည္း ဖုန္းလိုင္းဆြဲအား မေကာင္းျခင္း၊ ဖုန္းပူျခင္း၊ ညဖက္ရိုက္ကူးတဲ့ ဓာတ္ပုံအရည္အေသြး မေကာင္းျခင္းတို႔နဲ႔ပတ္သက္ၿပီး ေစာဒကတက္ေနပါတယ္။

NetGuide Journal (Every Wednesday)