Google ဟာ လာမယ့်အပတ် အောက်တိုဘာလ 15 ရက်နေ့မှာ Pixel 4 စီးရီးကိုကြေညာသွားပါမယ်။ ယင်းပွဲမှာ Google ဟာ Pixel 4 နဲ့ Pixel 4 XL တို့ကို ကြေညာသွားမှာဖြစ်ပါတယ်။ Nikkei Asia ရဲ့ ဖော်ပြချက်အရ Google ဟာ ယင်းပွဲမှာ 4G ဖုန်းများအပြင် 5G စမတ်ဖုန်းကိုလည်းကြေညာလာမယ်လို့ သိရပါတယ်။

တကယ်လို့များ Google Pixel 4 5G သာ ထွက်လာခဲ့မယ်ဆိုရင် Google ဟာ အမေရိကန်ထိပ်သီး နည်းပညာကုမ္ပဏီ Apple ကိုသာမက Microsoft ထက်လည်းလက်ဦးမှုရယူကာ 5G စမတ်ဖုန်းထုတ်လုပ် ရောင်းချလာနိုင်မှာဖြစ်ပါတယ်။ အခြားတစ်ဖက်မှာ အမေရိကန်စမတ်ဖုန်းကုမ္ပဏီထုတ် ပထမဆုံး 5G စမတ်ဖုန်း လည်းဖြစ်လာပါမယ်။

Nikkie Asia က Google ဟာပထမဆုံး 5G စမတ်ဖုန်းကို တရုတ်မှာစမ်းသပ်မှုများ ပြုလုပ်ထားပေမယ့်လည်း ထုတ်လုပ်မှုကိုတော့ တရုတ်ပြင်ပမှာဘဲပြုလုပ်သွားမှာဖြစ်ပါတယ်။ Google ရဲ့ 5G စမတ်ဖုန်းကိုလက်ရှိအချိန်မှာ ဗီယက်နမ်နိုင်ငံမှာ တည်ဆောက်နေဆဲဖြစ်ပြီး ယခုနှစ်အကုန်မှာ စတင်ထုတ်လုပ်သွားပါမယ်။

Google ဟာ Pixel 4 5G စမတ်ဖုန်းကိုအောက်တိုဘာလ 15 ရက်နေ့ပွဲမှာ မိတ်ဆက်မယ်ဆိုပေမယ့် လာမယ့်နှစ် ပထမသုံးလအတွင်းမှာမှ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။ မတ်လ 1 ရက်မှ မေလ 31 ရက်အတွင်းမှာ ရောင်းချ လာနိုင်တယ်လို့ သတင်းထွက်နေပါတယ်။

Google ဟာ Pixel 4 5G စမတ်ဖုန်းမှာ Snapdragon X50 Modem ဘဲသုံးလာပါမယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

ပထမဆုံး 5G စမတ္ဖုန္းကိုလည္း Google ေၾကညာလာနိုင္

Google ဟာ လာမယ့္အပတ္ ေအာက္တိုဘာလ 15 ရက္ေန႔မွာ Pixel 4 စီးရီးကိုေၾကညာသြားပါမယ္။ ယင္းပြဲမွာ Google ဟာ Pixel 4 နဲ႔ Pixel 4 XL တို႔ကို ေၾကညာသြားမွာျဖစ္ပါတယ္။ Nikkei Asia ရဲ့ ေဖာ္ျပခ်က္အရ Google ဟာ ယင္းပြဲမွာ 4G ဖုန္းမ်ားအျပင္ 5G စမတ္ဖုန္းကိုလည္းေၾကညာလာမယ္လို႔ သိရပါတယ္။

တကယ္လို႔မ်ား Google Pixel 4 5G သာ ထြက္လာခဲ့မယ္ဆိုရင္ Google ဟာ အေမရိကန္ထိပ္သီး နည္းပညာကုမၸဏီ Apple ကိုသာမက Microsoft ထက္လည္းလက္ဦးမွုရယူကာ 5G စမတ္ဖုန္းထုတ္လုပ္ ေရာင္းခ်လာနိုင္မွာျဖစ္ပါတယ္။ အျခားတစ္ဖက္မွာ အေမရိကန္စမတ္ဖုန္းကုမၸဏီထုတ္ ပထမဆုံး 5G စမတ္ဖုန္း လည္းျဖစ္လာပါမယ္။

Nikkie Asia က Google ဟာပထမဆုံး 5G စမတ္ဖုန္းကို တ႐ုတ္မွာစမ္းသပ္မွုမ်ား ျပဳလုပ္ထားေပမယ့္လည္း ထုတ္လုပ္မွုကိုေတာ့ တ႐ုတ္ျပင္ပမွာဘဲျပဳလုပ္သြားမွာျဖစ္ပါတယ္။ Google ရဲ့ 5G စမတ္ဖုန္းကိုလက္ရွိအခ်ိန္မွာ ဗီယက္နမ္နိုင္ငံမွာ တည္ေဆာက္ေနဆဲျဖစ္ၿပီး ယခုႏွစ္အကုန္မွာ စတင္ထုတ္လုပ္သြားပါမယ္။

Google ဟာ Pixel 4 5G စမတ္ဖုန္းကိုေအာက္တိုဘာလ 15 ရက္ေန႔ပြဲမွာ မိတ္ဆက္မယ္ဆိုေပမယ့္ လာမယ့္ႏွစ္ ပထမသုံးလအတြင္းမွာမွ စတင္ေရာင္းခ်သြားမွာျဖစ္ပါတယ္။ မတ္လ 1 ရက္မွ ေမလ 31 ရက္အတြင္းမွာ ေရာင္းခ် လာနိုင္တယ္လို႔ သတင္းထြက္ေနပါတယ္။

Google ဟာ Pixel 4 5G စမတ္ဖုန္းမွာ Snapdragon X50 Modem ဘဲသုံးလာပါမယ္။

NetGuide Journal (Every Wednesday)