Honor အနေနဲ့ စမတ်ဖုန်းသစ်တွေဖြစ်တဲ့ Honor 9X, Honor 9X Pro, Honor 20S နဲ့ Honor Play 3 ဖုန်းတွေကို တရုတ်နိုင်ငံမှာ မကြာသေးခင်က ဖြန့်ချိခဲ့ပါတယ်။ အခုနောက်ထပ် ဖုန်းမော်ဒယ် အသစ်တစ်မျိုး တရုတ်ရဲ့TENAA ဆီရောက်လာ ပြန်ပါပြီ။ စမတ်ဖုန်းမော်ဒယ်နာမည်က LRA-AL00 နဲ့ဖြစ်ပြီး Honor 20 Lite ဖုန်းဖြစ်မယ်လို့ သိရပါတယ်။ မနေ့ကတော့ honor ရဲ့ President ဖြစ်တဲ့ George Zhao က Huawei fan တွေကိုအသစ်ထွက်လာမယ့် ဖုန်းဖြစ်တဲ့ Honor 20 Youth Edition (Honor 20 Lite) ဟာ စွဲဆောင်မှုရှိတဲ့ ဖုန်းဖြစ်ပြီး ကင်မရာပိုင်းမှာလည်း ဓာတ်ပုံတွေကို ကောင်းကောင်းရိုက်နိုင်မှာ ဖြစ်တယ်လို့ သတင်းစကားပါးခဲ့ပါတယ်။

ဒါကြောင့် LRA-AL00 ဆိုတဲ့ မော်ဒယ်နံပတ်ဟာ Honor 20 Lite စမတ်ဖုန်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းလိုက်တာ ဖြစ်ပါတယ်။ အဲ့ဒီဖုန်းနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကတော့ အရွယ်အစားအားဖြင့် 157.2 x 73.2 x 7.65mm ရှိမှာဖြစ်ပြီး 172.5 ဂရမ်လေးမှာပါ။ ဒီဖုန်းရဲ့ display ပိုင်းအနေနဲ့ high screen space ဖြစ်ပြီးwaterdrop notch သုံးပေးထားပါတယ်။ မျက်နှာပြင်ဟာ 6.3-inch OLED screen ဖြစ်ပြီး fingerprint sensor ကိုသုံးနိုင်မှာပါ။

octa-core processor နဲ့ဖြစ်ပြီး အမြန်နှုန်း 2.2GHz ရှိမှာဖြစ်ပါတယ်။ RAM အတွက် 4 GB, 6 GB , 8 GB ဆိုပြီး ခွဲခြားလာမှာ ဖြစ်သလို၊ သိုလှောင်မှုပိုင်းမှာလည်း 64 GB, 128 GB နဲ့ 256 GB ဆိုပြီး ရှိပါလိမ့်မယ်။ Android 9 Pie OS ကိုသာ ထည့်ပေးထားမှာဖြစ်ပြီး Honor 20 Lite ရဲ့ အနောက်ဘက်မှာ ကင်မရာ ၃ လုံးတပ်ဆင်ပေးမယ်လို့ သိရပါတယ်။ 48-megapixel ၊ 8-megapixel ၊ 2-megapixel sensor တွေပဲ ဖြစ်ပါတယ်။ ဘက်ထရီကတော့ 4,000mAh သုံးဖို့များပါတယ်။

zawgyi

Honor အေနနဲ႔ စမတ္ဖုန္းသစ္ေတြျဖစ္တဲ့ Honor 9X, Honor 9X Pro, Honor 20S နဲ႔ Honor Play 3 ဖုန္းေတြကို တ႐ုတ္ႏိုင္ငံမွာ မၾကာေသးခင္က ျဖန႔္ခ်ိခဲ့ပါတယ္။ အခုေနာက္ထပ္ ဖုန္းေမာ္ဒယ္ အသစ္တစ္မ်ိဳး တ႐ုတ္ရဲ႕TENAA ဆီေရာက္လာ ျပန္ပါၿပီ။ စမတ္ဖုန္းေမာ္ဒယ္နာမည္က LRA-AL00 နဲ႔ျဖစ္ၿပီး Honor 20 Lite ဖုန္းျဖစ္မယ္လို႔ သိရပါတယ္။ မေန႔ကေတာ့ honor ရဲ႕ President ျဖစ္တဲ့ George Zhao က Huawei fan ေတြကိုအသစ္ထြက္လာမယ့္ ဖုန္းျဖစ္တဲ့ Honor 20 Youth Edition (Honor 20 Lite) ဟာ စြဲေဆာင္မႈရွိတဲ့ ဖုန္းျဖစ္ၿပီး ကင္မရာပိုင္းမွာလည္း ဓာတ္ပုံေတြကို ေကာင္းေကာင္း႐ိုက္ႏိုင္မွာ ျဖစ္တယ္လို႔ သတင္းစကားပါးခဲ့ပါတယ္။

ဒါေၾကာင့္ LRA-AL00 ဆိုတဲ့ ေမာ္ဒယ္နံပတ္ဟာ Honor 20 Lite စမတ္ဖုန္း ျဖစ္ႏိုင္တယ္လို႔ ခန႔္မွန္းလိုက္တာ ျဖစ္ပါတယ္။ အဲ့ဒီဖုန္းနဲ႔ ပတ္သတ္တဲ့ အခ်က္အလက္ေတြကေတာ့ အ႐ြယ္အစားအားျဖင့္ 157.2 x 73.2 x 7.65mm ရွိမွာျဖစ္ၿပီး 172.5 ဂရမ္ေလးမွာပါ။ ဒီဖုန္းရဲ႕ display ပိုင္းအေနနဲ႔ high screen space ျဖစ္ၿပီးwaterdrop notch သုံးေပးထားပါတယ္။ မ်က္ႏွာျပင္ဟာ 6.3-inch OLED screen ျဖစ္ၿပီး fingerprint sensor ကိုသုံးႏိုင္မွာပါ။

octa-core processor နဲ႔ျဖစ္ၿပီး အျမန္ႏႈန္း 2.2GHz ရွိမွာျဖစ္ပါတယ္။ RAM အတြက္ 4 GB, 6 GB , 8 GB ဆိုၿပီး ခြဲျခားလာမွာ ျဖစ္သလို၊ သိုေလွာင္မႈပိုင္းမွာလည္း 64 GB, 128 GB နဲ႔ 256 GB ဆိုၿပီး ရွိပါလိမ့္မယ္။ Android 9 Pie OS ကိုသာ ထည့္ေပးထားမွာျဖစ္ၿပီး Honor 20 Lite ရဲ႕ အေနာက္ဘက္မွာ ကင္မရာ ၃ လုံးတပ္ဆင္ေပးမယ္လို႔ သိရပါတယ္။ 48-megapixel ၊ 8-megapixel ၊ 2-megapixel sensor ေတြပဲ ျဖစ္ပါတယ္။ ဘက္ထရီကေတာ့ 4,000mAh သုံးဖို႔မ်ားပါတယ္။