OPPO ရဲ့ Reno Ace ဖုန်းတွေကို မနက်ဖြန် မိတ်ဆက်မှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အဲ့ဒီဖုန်းကို ရောင်းချမယ့် ဈေးနှုန်းတွေထွက်လာပါတယ်။ မနက်ဖြန်မှာတော့ OPPO K5 စမတ်ဖုန်းကိုပါ မိတ်ဆက်လာမယ်လို့လည်း သိရပါတယ်။ OPPO Reno Ace ဖုန်းတွေရဲ့ ဈေးနှုန်းတွေကတော့ မော်ဒယ် ၃ မျိုးဖြစ်ပြီး 8 GB RAM + 128 GB storage, 8 GB RAM + 256 GB storage နဲ့ 12 GB RAM + 256 GB storage တွေပဲ ဖြစ်ပါတယ်။ ဈေးနှုန်းတွေက 3,699 ယွမ် ($517), 3,999 ယွမ် ($559) နဲ့ 4,499 ယွမ် ($629) အသီးသီးရှိမယ်လို့ သိရပါတယ်။

OPPO ကုမ္ပဏီရဲ့ Vice President ဖြစ်တဲ့ Shen Yiren အနေနဲ့ Reno Ace ဖုန်းမှာပါဝင်လာမယ့် အချက်အလက်တွေကို မနေ့က တရားဝင်ထုတ်ပြထားပါတယ်။ သူရဲ့ တရားဝင် ထုတ်ပြန်ချက်အရ Oppo Reno Ace ဖုန်းမှာ 135Hz sampling rate နဲ့အတူ 90Hz display သုံးလာမှာ ဖြစ်ပါတယ်။ Snapdragon 855 Plus ပရိုဆက်ဆာ သုံးလာဖို့ကတော့ လုံးဝသေချာ သလောက်ရှိသွားပါပြီ။

Dual-WiFi support လုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ တရုတ် TENAA မှာတင်ထားတဲ့ အချက်အလက်တွေအရ 6.5-inch display နဲ့အတူ နောက်ကျောဘက် ကင်မရာတွေဟာ Sony IMX586 48-megapixel + 13-megapixel + 8-megapixel + 2-megapixel တို့ တပ်ဆင်ထားတဲ့ကင်မရာ ၄ လုံးစနစ်လို့ ဆိုပါတယ်။

UFS 3.0 သုံးလာမှာ ဖြစ်ပြီး 12GB RAM ၊ 256GB storage ဖြစ်မယ်လို့ ဆိုပါတယ်။ ဒီဖုန်းမှာ stereo စပီကာ ၂ခုပါဝင်မယ်လို့ ဆိုပြီး 18W PD တော့ ထောက်ပံ့မှာ မဟုတ်ပါဘူး။ အဲ့ဒီအစား 20W VOOC Flash Charge နည်းပညာကို သုံးနိုင်မှာပါ။ Oppo Reno Ace GUNDAM Edition အတွက်ကတော့ quad-camera setup ကိုနောက်ဘက်မှာတပ်ဆင်ထားမှာဖြစ်ပြီး 48-megapixel ကအဓိက ဖြစ်မှာပါ။

zawgyi

OPPO ရဲ႕ Reno Ace ဖုန္းေတြကို မနက္ျဖန္ မိတ္ဆက္မွာ ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ အဲ့ဒီဖုန္းကို ေရာင္းခ်မယ့္ ေဈးႏႈန္းေတြထြက္လာပါတယ္။ မနက္ျဖန္မွာေတာ့ OPPO K5 စမတ္ဖုန္းကိုပါ မိတ္ဆက္လာမယ္လို႔လည္း သိရပါတယ္။ OPPO Reno Ace ဖုန္းေတြရဲ႕ ေဈးႏႈန္းေတြကေတာ့ ေမာ္ဒယ္ ၃ မ်ိဳးျဖစ္ၿပီး 8 GB RAM + 128 GB storage, 8 GB RAM + 256 GB storage နဲ႔ 12 GB RAM + 256 GB storage ေတြပဲ ျဖစ္ပါတယ္။ ေဈးႏႈန္းေတြက 3,699 ယြမ္ ($517), 3,999 ယြမ္ ($559) နဲ႔ 4,499 ယြမ္ ($629) အသီးသီးရွိမယ္လို႔ သိရပါတယ္။

OPPO ကုမၸဏီရဲ႕ Vice President ျဖစ္တဲ့ Shen Yiren အေနနဲ႔ Reno Ace ဖုန္းမွာပါဝင္လာမယ့္ အခ်က္အလက္ေတြကို မေန႔က တရားဝင္ထုတ္ျပထားပါတယ္။ သူရဲ႕ တရားဝင္ ထုတ္ျပန္ခ်က္အရ Oppo Reno Ace ဖုန္းမွာ 135Hz sampling rate နဲ႔အတူ 90Hz display သုံးလာမွာ ျဖစ္ပါတယ္။ Snapdragon 855 Plus ပ႐ိုဆက္ဆာ သုံးလာဖို႔ကေတာ့ လုံးဝေသခ်ာ သေလာက္ရွိသြားပါၿပီ။

Dual-WiFi support လုပ္မွာျဖစ္တယ္လို႔ သိရပါတယ္။ တ႐ုတ္ TENAA မွာတင္ထားတဲ့ အခ်က္အလက္ေတြအရ 6.5-inch display နဲ႔အတူ ေနာက္ေက်ာဘက္ ကင္မရာေတြဟာ Sony IMX586 48-megapixel + 13-megapixel + 8-megapixel + 2-megapixel တို႔ တပ္ဆင္ထားတဲ့ကင္မရာ ၄ လုံးစနစ္လို႔ ဆိုပါတယ္။

UFS 3.0 သုံးလာမွာ ျဖစ္ၿပီး 12GB RAM ၊ 256GB storage ျဖစ္မယ္လို႔ ဆိုပါတယ္။ ဒီဖုန္းမွာ stereo စပီကာ ၂ခုပါဝင္မယ္လို႔ ဆိုၿပီး 18W PD ေတာ့ ေထာက္ပံ့မွာ မဟုတ္ပါဘူး။ အဲ့ဒီအစား 20W VOOC Flash Charge နည္းပညာကို သုံးႏိုင္မွာပါ။ Oppo Reno Ace GUNDAM Edition အတြက္ကေတာ့ quad-camera setup ကိုေနာက္ဘက္မွာတပ္ဆင္ထားမွာျဖစ္ၿပီး 48-megapixel ကအဓိက ျဖစ္မွာပါ။