Android ရဲ့ပူးတွဲ တည်ထောင်သူနဲ့ Essential Inc ရဲ့စီအီးအိုဖြစ်တဲ့ Andy Rubin ဟာ သူတို့အဖွဲ့အနေနဲ့ လုပ်ဆောင်လျက်ရှိနေတဲ့ မိုဘိုင်း device အသစ်တခုကို ထုတ်ပြခဲ့ပါတယ်။ လူမှုကွန်ရက် တွစ်တာမှာ ပြသခဲ့တာဖြစ်ပြီး ယခင်တွေဘူးတဲ့ hardware အစိတ်အပိုင်းတွေနဲ့ မတူညီပါဘူး။ ပြောရမယ်မယဆိုရင် ရူဘင်အနေနဲ့ ဒီလို hardware အစိတ်အပိုင်းကို နောက်ဆုံးထုတ်ပြခဲ့တဲ့ အချိန်က 2018 ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်နေ့က ဖြစ်ပါတယ်။
ယခုတော့ ၁နှစ်လောက် ကြာပြီးတဲ့ အချိန်မှာ hardware ဒီဇိုင်းအသစ်ကို ထပ်ထုတ်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ပထမဆုံး တွစ်မှာ မြင်လိုက်ရတဲ့ ပုံကတော့ ခပ်ရှည်ရှည်အရောင်စုံနဲ့ ဖုန်းတွေကို ထည့်ထားတာပဲ ဖြစ်ပါတယ်။ ဒီလိုဒီဇိုင်းပုံစံမျိုးတွေကို ကျွန်တေ်ာအနေနဲ့ ယခင်က မြင်တွေ့ခဲ့ဘူးခြင်း မရှိပါဘူး။ ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် fancy remotes တွေနဲ့တောင် အမြင်မှားနိုင်ပါတယ်။
ဓာတ်ပုံအရ device တခုခြင်းဆီရဲ့ အလည်တည့်တည့်မှာ ကြီးမားတဲ့ ကင်မရာတွေကို တပ်ဆင်ထားပြီး ကင်မရာ ၁လုံးတည်း ဖြစ်ပါတယ်။ ဘယ်ဘက်ထိပ်ထောင့်မှာတော့ LED flash ကိုတွေ့ရမှာပါ။ fingerprint scanner ကိုတော့ ကင်မရာရဲ့ အောက်ဘက်မှာ တပ်ဆင်ထားပါတယ်။
ဒုတိယ tweet မှာတော့ ဖုန်းတွေကိုသုံးနေတဲ့ ပုံတွေကိုရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ formfactor တွေနဲ့ကွဲပြားတဲ့ UI အသစ်ပါ။ ဒီလိုပုံစံတွေအရ Essential phone အသစ်ဟာ ခပ်ရှည်ရှည်ဒီဇိုင်းနဲ့ လာမယ့်လို့သတ်မှတ်ရပါတယ်။
zawgyi
ဆန်းသစ်တဲ့ဒီဇိုင်းနဲ့ Essential phone အသစ် ကိုထုတ်ပြလိုက်တဲ့ Andy Rubin