မျက်နှာပြင်ကြီးကြီး၊ ဘက်ထရီစွမ်းအားကောင်းတဲ့ ဖုန်းကိုင်ချင်သူများအတွက် Xiaomi ရဲ့ စျေးနှုန်းသင့်တင့်ပြီး သုံးစွဲလို့ကောင်းတဲ့ Mi Max Series ထဲက Xiaomi Mi Max 2 အပြင် နောက်ထပ်မော်ဒယ်တစ်ခုအနေနဲ့ Xiaomi Mi Max 3 တို့ပဲ ဖြစ်ပါတယ်။ Mi Max 3 ဟာ သူ့အရင်မော်ဒယ်ဖြစ်တဲ့ Mi Max 2 ထက် ဖုန်းအတွင်းပါ၀င်ဖွဲ့စည်းထားတဲ့ Specs တွေရော၊ Feature တွေက တော်တော်များများ ပိုမိုကောင်းမွန်လာတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဒီဇိုင်းပိုင်းအရလည်း ပိုမိုခေတ်မီဆန်းသစ်လာတာကို တွေ့ရပါတယ်။ Mi Max 2 မှာက Storage အနေနဲ့ 4GB RAM, 32/64/128GB ပါ၀င်ပြီး Mi Max 3 မှာကတော့ Storage အနေနဲ့ 128GB, 6GB RAM ရယ် 64GB, 4GB RAM ဆိုပြီးတော့ Version နှစ်မျိုး ထုတ်လုပ်ပေးထားပါတယ်။ ဘက်ထရီအနေနဲ့ကလည်း Mi Max 2 မှာ Non-removable Li-Ion 5300 mAh ပါ၀င်ပြီး Mi Max 3 မှာလည်း Non-removable Li-Ion 5500 mAh ဆိုပြီး အပြည့်အဝ ထောက်ပံ့ပေးထားပါတယ်။
(1). Design
Xiaomi Mi Max 3
Xiaomi Mi Max 3 ဟာ 176.2 x 87.4 x 8 mm အရွယ်အစားရှိကာ 221g အလေးချိန် ရှိပါတယ်။ ရှေ့ဘက်ဖန်သားနဲ့ အလူမီနီယံကိုယ်ထည် ဖြစ်ပါတယ်။ Fingerprint Sensor ကို နောက်ကျောဘက်မှာ  ပါ၀င်ပြီး Black, Champagne Gold, Blue ဆိုတဲ့အရောင် ရနိုင်ပါတယ်။
Xiaomi Mi Max 2
Xiaomi Mi Max 2 မှာ 174.1 x 88.7 x 7. mm အရွယ်အစားရှိကာ 211g အလေးချိန် ရှိပါတယ်။ သူ့ကိုလည်း Fingerprint Sensor ကို နောက်ကျောဘက်မှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အရောင်အနေနဲ့ကတော့ Gold, Matte Black ဆိုပြီး အရောင် 2 မျိုး ရရှိနိုင်ပါတယ်။
(2). Processor
Xiaomi Mi Max 3
Mi Max 3 မှာ Processor ပိုင်းအနေနဲ့က Qualcomm SDM636 Snapdragon 636 ကို သုံးထားပြီး 1.8GHz မြန်နှုန်းရှိ Kryo 260 အမျိုးအစား Octa-core ကို သုံးပေးထားပါတယ်။ ဂရပ်ဖစ်ကတော့ Adreno 509 ဖြစ်ပါတယ်။
Xiaomi Mi Max 2
Qualcomm MSM8953 Snapdragon 625 Octa-core Processor ကို Xiaomi Mi Max 2 မှာ သုံးထားပြီး 2.0GHz မြန်နှုန်းရှိ Cortex-A53 အမျိုးအစားကို သုံးပေးထားပါတယ်။ ဂရပ်ဖစ်ကတော့ Adreno 506 ဖြစ်ပါတယ်။
(3). Display
Xiaomi Mi Max 3
Xiaomi Mi Max 3 ရဲ့ 6.9 လက်မ Display ဟာ 1080 x 2160 pixels resolution ရှိပြီး 18:9 ratio ရှိတဲ့ IPS LCD အမျိုးအစား ဖြစ်ပါတယ်။ Screen-to-body အချိုးဟာ 79.8% ရှိပါတယ်။ Pixel Density 350 ppi ရှိပါတယ်။
Xiaomi Mi Max 2
Xiaomi Mi Max 2 ရဲ့ 6.44 လက်မ Display ဟာ 1080 x 1920 pixels resolution ရှိပြီး 16:9 ratio ရှိတဲ့ IPS LCD အမျိုးအစား ဖြစ်ပါတယ်။ Screen-to-body အချိုးဟာ 74.0% ရှိပါတယ်။ Pixel Density 342 ppi ရှိပါတယ်။
(4). Verdict
Xiaomi Mi Max 3
စွမ်းဆောင်ရည်အတွက် RAM 4GB, Storage 64GB နဲ့ RAM 6GB, Storage 128GB ဆိုပြီး Version 2 မျိုးနဲ့ Xiaomi Mi Max 3 မှာ တွေ့မြင်ရမှာပါ။ အဓိကကင်မရာက Dual 12MP + 5MP ဖြစ်ပြီး Selfie အတွက် 8MP ကင်မရာ အရှေ့မှာ ပါ၀င်ပါတယ်။ Android 8.1 (Oreo) ကိုသုံးထားပြီး Li-Ion 5500 mAh ဘက်ထရီ ပါ၀င်ပါတယ်။
Xiaomi Mi Max 2
Xiaomi Mi Max 2 မှာ စွမ်းဆောင်ရည်အတွက် RAM 4GB ပါ၀င်ပြီး Storage အနေနဲ့ကတော့ 32GB/64GB/128GB ဆိုပြီး ရွေးချယ်နိုင်ပါတယ်။ အဓိကကင်မရာဟာ 12MP ဖြစ်ပြီး Selfie အတွက် 5MP ကင်မရာ အရှေ့မှာ ပါ၀င်ပါတယ်။ Android 7.1.1 (Nougat) နဲ့ Li-Ion 5300 mAh ဘက်ထရီ သုံးပေးထားပါတယ်။
NetGuide Journal (Every Wednesday)
——————————————————————————————————–
(Zawgyi Version)
Xiaomi Mi Max 3 VS Xiaomi Mi Max 2
(1). Design
Xiaomi Mi Max 3
Xiaomi Mi Max 2
(2). Processor
Xiaomi Mi Max 3
Xiaomi Mi Max 2
(3). Display
Xiaomi Mi Max 3
Xiaomi Mi Max 2
(4). Verdict
Xiaomi Mi Max 3
Xiaomi Mi Max 2