• Website
https://www.mylasar.com/
www.mylasar.com ဟာ အလုပ်ရာထူးပေါင်း 600 ကျော်အတွက် လစာနှိုင်းယှဉ်ချက်တွေ ထုတ်ပေးနိုင်တဲ့ ဝက်ဘ်ဆိုက်ဖြစ်ပြီး၊ အလုပ်ရာထူးစာရင်းကတော့ မြန်မာနိုင်ငံရဲ့ အလုပ်စျေးကွက်ကရယူထားတာတွေ ဖြစ်ပါ တယ်။ ကိုယ့်ရဲ့လက်ရှိအလုပ်မှာရတဲ့ လစာကမျှတမှုရှိမရှိဆိုတာကို အဖြေရှာကြည့်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ အလုပ်ရာထူးနဲ့ လစာအချက်အလက်တို့နဲ့အတူ တောင်းထားတဲ့အချက်အလက်တွေကို ဖြည့်သွင်းခြင်းဖြင့် အခမဲ့နှိုင်းယှဉ်ချက်တွေကို ရယူနိုင်မှာဖြစ်ပါတယ်။
https://www.engvid.com/
www.engvid.com ဟာ အင်္ဂလိပ်စာလေ့လာနေသူတွေအတွက် အွန်လိုင်းကနေ အင်္ဂလိပ်စာ ဗီဒီယိုသင်ခန်းစာ တွေ အခမဲ့တင်ပေးနေတဲ့ ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ ဝါရင့် native-speaker 11 ဦးက သင်ကြားပေးထားတဲ့ ဗီဒီယိုသင်ခန်းစာတွေ ရာပေါင်းများစွာကိုလေ့လာနိုင်မှာပါ။ Grammar, vocabulary နဲ့ pronunciation သင်ခန်းစာတွေအပြင် IELTS နဲ့ TOEFL တို့လို နိုင်ငံတကာစာမေးပွဲတွေအတွက် exam preparation တွေကို လည်း လေ့လာနိုင်မှာဖြစ်ပါတယ်။
https://www.skillshare.com/
www.skillshare.com ဟာ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအမျိုးမျိုးကို ဗီဒီယိုသင်ခန်းစာတွေနဲ့အတူ လေ့လာနိုင်မယ့်ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ ဒီဇိုင်း၊ စီးပွားရေး၊ နည်းပညာ၊ ဓာတ်ပုံပညာ၊ ရုပ်ရှင်ပညာနဲ့ စာပေစတဲ့ ပညာရပ်တွေနဲ့ပတ်သက်လို့ သင်ခန်းစာထောင်ချီပြီးလေ့လာနိုင်ပါတယ်။ Skill အမျိုးမျိုးကို လေ့လာနိုင်သလို၊ အရည်အချင်းတူညီသူတွေနဲ့ ကွန်ရက်ဖွဲ့ပြီးလည်း အခွင့်အလမ်းသစ်တွေ လေ့လာရှာဖွေနိုင်မှာပါ။ သင်ခန်းစာ ပေါင်း 22000 ကျော်ကို အကန့်အသတ်မရှိအသုံးပြုနိုင်ပါတယ်။
  • Facebook
https://www.facebook.com/ArabelleYeeCoaching/
Arabelle Yee ဆိုတဲ့ဖေ့စ်ဘွတ်စာမျက်နှာဟာ စိတ်ပိုင်းဆိုင်ရာ အသိပညာတွေနဲ့ ဘဝအနိမ့်အမြင့်တွေကို ရင်ဆိုင်ဖြတ်သန်းဖို့ အတွေးအခေါ်တွေကို ဖြန့်ဝေပေးနေတဲ့ စာမျက်နှာဖြစ်ပါတယ်။ ဘဝမှာကောင်းသော ပြောင်းလဲမှုတွေ တဖြည်းဖြည်းလုပ်လာနိုင်ဖို့ ရည်ရွယ်ချက်နဲ့ဖြစ်တည်လာတဲ့တန်ဖိုးရှိတဲ့ page တစ်ခုအဖြစ် ဖော်ပြပေးလိုက်ပါတယ်။ Int’l Speaker, Life Strategist, Leadership Trainer & Social Influencer တစ်ယောက်ဖြစ်တဲ့ Arabelle ရဲ့ page ဖြစ်ပြီး၊ တန်ဖိုးရှိတဲ့ဗီဒီယိုလေးတွေကို မျှဝေနေတာဖြစ်လို့ like လုပ်ထား သင့်ပါတယ်။
https://www.facebook.com/Busybooks-1940158332945240/
Busybooks ဟာ စာအုပ်အနှစ်ချုပ်တွေကို ဖော်ပြပေးနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုဖြစ်ပါတယ်။ စာအုပ်တွေ အများကြီးဖတ်ချင်ပေမယ့် အချိန်မရလို့မဖတ်နိုင်သူတွေ၊ မြန်မာနဲ့နိုင်ငံတကာက အရောင်းရအသွက်ဆုံး စာအုပ် တွေကို မြည်းစမ်းလိုသူ စာပေဝါသနာရှင်များအတွက် ဘာသာရပ်ပေါင်းစုံနဲ့ဆိုင်တဲ့ စာအုပ်တွေရဲ့ အနှစ်ချုပ် ဆိုလိုရင်းတွေ၊ ကောက်နုတ်ချက်တွေ၊ အရေးကြီးမှတ်သားစရာတွေကိုအခမဲ့ဖော်ပြပေးနေတာဖြစ်လို့ ဝင်ရောက် မွှေနှောက်သင့်တဲ့ page တစ်ခုအဖြစ် ညွှန်းပေးလိုက်ပါတယ်။
https://www.facebook.com/BBM-TV-302625570464932/
BBM TV ဟာ ပညာဒါနအဖြစ်နည်းပညာနဲ့ ပတ်သက်တာတွေကို မျှဝေပေးနေတဲ့ အခမဲ့အွန်လိုင်းရုပ်သံ သင်တန်းကျောင်းလို့ပြောရမယ့် page ဖြစ်ပါတယ်။ ဗီဒိယိုရိုက်ကူးရေး၊ ဗီဒီယို editing နဲ့ပတ်သက်တဲ့ နည်း ပညာတွေ၊ ဗီဒီယို special effect ပြုလုပ်တဲ့ after effect  တို့လို နည်းပညာတွေ၊ Photoshop ဓာတ်ပုံ ပြုပြင်ရေးဆော့ဖ်ဝဲနဲ့ပတ်သက်တာတွေ၊ ရိုက်ကူးတည်းဖြတ်နည်းပညာတွေကို ကွန်ပျူတာဗားရှင်းအပြင် ဖုန်းဗား ရှင်းတွေကိုပါ မျှဝေပေးနေလို့ like လုပ်ထားနိုင်ပါတယ်။
NetGuide Journal (Every Wednesday)
—————————————————————————————
  • (Zawgyi Version)
Website & Facebook စာမျက်နှာများ
  • Website
https://www.mylasar.com/
https://www.engvid.com/
  • Facebook