Xiaomi ဟာ သူတို့ရဲ့ထုတ်ကုန်သစ် 416 ခုမြောက်အဖြစ် Product သစ်တစ်ခုကို ကြေညာလာပါတယ်။ Xiaomi ဟာ ReaClean လို့ အမည်ပေးထားတဲ့ Ultrasonics Cleaning Machine ကို ကြေညာလာတာလည်း ဖြစ်ပါတယ်။ ဈေးနူန်း 14 ဒေါ်လာ သတ်မှတ်ထားပါတယ်။ Xiaomi EraCleanUlrasonic Cleaning Machine က လက်ဗွေရာ၊ ဆီ၊ အနံ့အသက်တို့ကို ရှင်းလင်းပေးနိုင်ပါတယ်။ အထူးသဖြင့် ရတနာပစ္စည်းများ၊ မှန်များကို သန့်ရှင်းရေးပြုလုပ်ပေးနိုင်ပါတယ်။

EraCleanUltraonic Cleaning Machine က High-Frequency Vibration အဖြစ် 45000Hz အထိရှိပြီး ဖုန်၊ ဘက်တီးရီးယား၊ ဆီတို့ကို အသေးစိတ်ဖယ်ရှားပေးနိုင်စွမ်း ရှိပါတယ်။

Xiaomi EraClean ရဲ့ ကိုယ်ထည်ကို စတိန်းလက်စ်စတီးဖြင့် ဖန်တီးထားတာဖြစ်ပြီး အတိုင်းအတာက 211 x 100.8 x 60.2 mm ရှိကာ အတွင်းမှ သန့်ရှင်းရေးလုပ်ဆောင်တဲ့စက်က 158 x 68.5 x 38.5 mm ရှိပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Ultrasonic Cleaning Machine အဖြစ် EraClean ကို Xiaomi ကြေညာ



