Sharp အနေနဲ့ ဂျပန်မှာ စမတ်ဖုန်းသစ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။ အဲ့ဒီစမတ်ဖုန်းကတော့ Sharp S7 ဖြစ်ပြီး mid-range Android One ဖုန်းဖြစ်ပါတယ်။ ဖုန်းရဲ့ အဓိကအချက်လို့ ဆိုရမှာကတော့ ဘက်ထရီ သက်တမ်းပဲ ဖြစ်ပါတယ်။ ဒီဖုန်းမှာ ထည့်ပေးထားတဲ့ ဘက်ထရီရဲ့ သက်တမ်းဟာ ၁ပတ်သက်တမ်း ခံနိုင်စွမ်းရှိမယ်လု့ိ ဆိုပါတယ်။ Sharp 7 ဖုန်းဟာ Aquos Sense 3 Lite ဖုန်းကို rebranded လုပ်ထားတဲ့ ဖုန်းဖြစ်ပါတယ်။

Sharp S7 Android One rear camera

ဒီဖုန်းမှာ Pure Android (Android 10 ) ကိုတပါတည်း ထည့်သွင်းပေးထားပါတယ်။ Sense 3 Lite ဖုန်းတုံးကတော့ Android 9 Pie နဲ့ Sharp ရဲ့ Emopa 10.1 pre-installed ထည့်ပေးထားပါတယ်။ Sharp S7 ဖုန်းမှာ 5.5-inch IGZO LCD screen နဲ့ဖြစ်ပြီး 2160 x 1080 resolution ဖော်ပြမှုနဲ့ပါ။ Sharp ရဲ့ပြောကြားချက်အရ IGZO energy-saving display technology ကိုသုံးထားတာကြောင့် ဘက်ထရီ သက်တမ်းပိုမိုတာရှည်ခံတာ ဖြစ်တယ်လို့ ဆိုပါတယ်။ Snapdragon 630 processor နဲ့ဖြစ်ပြီး 3GB RAM မှာ 32GB သိုလှောင်မှုနဲ့ဖြစ်ပါတယ်။

Sharp S7 Android One design

ကင်မရာကတော့ 12MP f/2.0 ကိုနောက်ကျောဘက်မှာ တပ်ဆင်ပေးထားပြီး၊ အရှေ့ဘက်မှာတော့ 8MP f/2.2 selfie ကင်မရာဖြစ်ပါတယ်။ ပိုကောင်းတဲ့ ဓာတ်ပုံတွေရဖို့ electronic image stabilization (EIS) နဲ့AI လုပ်ဆောင်ချက်တွေ ထည့်သွင်းပေးထားပါတယ်။ Sharp S7 ရဲ့ဘက်ထရီစွမ်းအားကတော့ 4000mAh ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဖုန်းမှာ ရေစိုဒဏ်ခံနိုင်စွမ်းအတွက် IPX5/8 ၊ ဖုန်ဒဏ်အတွက် IPX6 တွေ ထည့်ပေးထားပါသေးတယ်။ ဈေးနှုန်းကိုတော့ ကြေညာထားခြင်း မရှိသေးပါဘူး။

zawgyi

Sharp အေနနဲ႔ ဂ်ပန္မွာ စမတ္ဖုန္းသစ္ကို မိတ္ဆက္ေပးလိုက္ပါတယ္။ အဲ့ဒီစမတ္ဖုန္းကေတာ့ Sharp S7 ျဖစ္ၿပီး mid-range Android One ဖုန္းျဖစ္ပါတယ္။ ဖုန္းရဲ႕ အဓိကအခ်က္လို႔ ဆိုရမွာကေတာ့ ဘက္ထရီ သက္တမ္းပဲ ျဖစ္ပါတယ္။ ဒီဖုန္းမွာ ထည့္ေပးထားတဲ့ ဘက္ထရီရဲ႕ သက္တမ္းဟာ ၁ပတ္သက္တမ္း ခံႏိုင္စြမ္းရွိမယ္လု႔ိ ဆိုပါတယ္။ Sharp 7 ဖုန္းဟာ Aquos Sense 3 Lite ဖုန္းကို rebranded လုပ္ထားတဲ့ ဖုန္းျဖစ္ပါတယ္။

ဒီဖုန္းမွာ Pure Android (Android 10 ) ကိုတပါတည္း ထည့္သြင္းေပးထားပါတယ္။ Sense 3 Lite ဖုန္းတုံးကေတာ့ Android 9 Pie နဲ႔ Sharp ရဲ႕ Emopa 10.1 pre-installed ထည့္ေပးထားပါတယ္။ Sharp S7 ဖုန္းမွာ 5.5-inch IGZO LCD screen နဲ႔ျဖစ္ၿပီး 2160 x 1080 resolution ေဖာ္ျပမႈနဲ႔ပါ။ Sharp ရဲ႕ေျပာၾကားခ်က္အရ IGZO energy-saving display technology ကိုသုံးထားတာေၾကာင့္ ဘက္ထရီ သက္တမ္းပိုမိုတာရွည္ခံတာ ျဖစ္တယ္လို႔ ဆိုပါတယ္။ Snapdragon 630 processor နဲ႔ျဖစ္ၿပီး 3GB RAM မွာ 32GB သိုေလွာင္မႈနဲ႔ျဖစ္ပါတယ္။

ကင္မရာကေတာ့ 12MP f/2.0 ကိုေနာက္ေက်ာဘက္မွာ တပ္ဆင္ေပးထားၿပီး၊ အေရွ႕ဘက္မွာေတာ့ 8MP f/2.2 selfie ကင္မရာျဖစ္ပါတယ္။ ပိုေကာင္းတဲ့ ဓာတ္ပုံေတြရဖို႔ electronic image stabilization (EIS) နဲ႔AI လုပ္ေဆာင္ခ်က္ေတြ ထည့္သြင္းေပးထားပါတယ္။ Sharp S7 ရဲ႕ဘက္ထရီစြမ္းအားကေတာ့ 4000mAh ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဖုန္းမွာ ေရစိုဒဏ္ခံႏိုင္စြမ္းအတြက္ IPX5/8 ၊ ဖုန္ဒဏ္အတြက္ IPX6 ေတြ ထည့္ေပးထားပါေသးတယ္။ ေဈးႏႈန္းကိုေတာ့ ေၾကညာထားျခင္း မရွိေသးပါဘူး။