OPPO အနေနဲ့ စမတ်ဖုန်းသစ်တွေဖြစ်တဲ့ Reno Ace ဖုန်းတွေကို မကြာခင်မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ ဒီလိုမိတ်ဆက်မှု မပြုလုပ်ခင်စပ်ကြားမှာ ဖုန်းနဲ့ပတ်သတ်တဲ့ အချက်အလက်တွေဟာ ဆက်တိုက်ဆိုသလို ထွက်နေပါတယ်။ Oppo Reno Ace ဖုန်းတွေကိုတော့ လာမယ့် ၁၀ ရက်နေ့မှာ မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ Ace ဖုန်းကို GUNDAM edition ပါထုတ်လာမယ်လို့ သိရပါတယ်။

OPPO ကုမ္ပဏီရဲ့ Vice President ဖြစ်တဲ့ Shen Yiren အနေနဲ့ Reno Ace ဖုန်းမှာပါဝင်လာမယ့် အချက်အလက်တွေကို တရားဝင်ထုတ်ပြလိုက်ပါတယ်။ သူရဲ့ တရားဝင် ထုတ်ပြန်ချက်အရ Oppo Reno Ace ဖုန်းမှာ 135Hz sampling rate နဲ့အတူ 90Hz display သုံးလာမှာ ဖြစ်ပါတယ်။ Snapdragon 855 Plus ပရိုဆက်ဆာ သုံးလာဖို့ကတော့ လုံးဝသေချာ သလောက်ရှိသွားပါပြီ။ UFS 3.0 သုံးလာမှာ ဖြစ်ပြီး 12GB RAM ၊ 256GB storage ဖြစ်မယ်လို့ ဆိုပါတယ်။

OPPO Reno Ace Electroacoustic Violet

ဒီဖုန်းမှာ stereo စပီကာ ၂ခုပါဝင်မယ်လို့ ဆိုပြီး 18W PD တော့ ထောက်ပံ့မှာ မဟုတ်ပါဘူး။ အဲ့ဒီအစား 20W VOOC Flash Charge နည်းပညာကို သုံးနိုင်မှာပါ။ Oppo Reno Ace GUNDAM Edition အတွက်ကတော့ quad-camera setup ကိုနောက်ဘက်မှာတပ်ဆင်ထားမှာဖြစ်ပြီး 48-megapixel ကအဓိက ဖြစ်မှာပါ။ Dual-WiFi support လုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ တရုတ် TENAA မှာတင်ထားတဲ့ အချက်အလက်တွေအရ 6.5-inch display နဲ့အတူ နောက်ကျောဘက် ကင်မရာတွေဟာ Sony IMX586 48-megapixel + 13-megapixel + 8-megapixel + 2-megapixel တို့ တပ်ဆင်ထားတဲ့ကင်မရာ ၄ လုံးစနစ်လို့ ဆိုပါတယ်။

zawgyi

၁၀ ရက္ေန႔မိတ္ဆက္မယ့္ Oppo Reno Ace ဖုန္းရဲ႕ အခ်က္အလက္အျပည့္အစုံနီးပါး ထြက္ရွိလာ

OPPO အေနနဲ႔ စမတ္ဖုန္းသစ္ေတြျဖစ္တဲ့ Reno Ace ဖုန္းေတြကို မၾကာခင္မိတ္ဆက္ေပးေတာ့မွာ ျဖစ္ပါတယ္။ ဒီလိုမိတ္ဆက္မႈ မျပဳလုပ္ခင္စပ္ၾကားမွာ ဖုန္းနဲ႔ပတ္သတ္တဲ့ အခ်က္အလက္ေတြဟာ ဆက္တိုက္ဆိုသလို ထြက္ေနပါတယ္။ Oppo Reno Ace ဖုန္းေတြကိုေတာ့ လာမယ့္ ၁၀ ရက္ေန႔မွာ မိတ္ဆက္ေပးေတာ့မွာ ျဖစ္ပါတယ္။ ကုမၸဏီအေနနဲ႔ Ace ဖုန္းကို GUNDAM edition ပါထုတ္လာမယ္လို႔ သိရပါတယ္။

OPPO ကုမၸဏီရဲ႕ Vice President ျဖစ္တဲ့ Shen Yiren အေနနဲ႔ Reno Ace ဖုန္းမွာပါဝင္လာမယ့္ အခ်က္အလက္ေတြကို တရားဝင္ထုတ္ျပလုိက္ပါတယ္။ သူရဲ႕ တရားဝင္ ထုတ္ျပန္ခ်က္အရ Oppo Reno Ace ဖုန္းမွာ 135Hz sampling rate နဲ႔အတူ 90Hz display သံုးလာမွာ ျဖစ္ပါတယ္။ Snapdragon 855 Plus ပရုိဆက္ဆာ သုံးလာဖို႔ကေတာ့ လုံးဝေသခ်ာ သေလာက္ရွိသြားပါၿပီ။ UFS 3.0 သုံးလာမွာ ျဖစ္ၿပီး 12GB RAM ၊ 256GB storage ျဖစ္မယ္လို႔ ဆိုပါတယ္။

ဒီဖုန္းမွာ stereo စပီကာ ၂ခုပါဝင္မယ္လို႔ ဆိုၿပီး 18W PD ေတာ့ ေထာက္ပံ့မွာ မဟုတ္ပါဘူး။ အဲ့ဒီအစား 20W VOOC Flash Charge နည္းပညာကို သုံးႏိုင္မွာပါ။ Oppo Reno Ace GUNDAM Edition အတြက္ကေတာ့ quad-camera setup ကိုေနာက္ဘက္မွာတပ္ဆင္ထားမွာျဖစ္ၿပီး 48-megapixel ကအဓိက ျဖစ္မွာပါ။ Dual-WiFi support လုပ္မွာျဖစ္တယ္လို႔ သိရပါတယ္။ တရုတ္ TENAA မွာတင္ထားတဲ့ အခ်က္အလက္ေတြအရ 6.5-inch display နဲ႔အတူ ေနာက္ေက်ာဘက္ ကင္မရာေတြဟာ Sony IMX586 48-megapixel + 13-megapixel + 8-megapixel + 2-megapixel တို႔ တပ္ဆင္ထားတဲ့ကင္မရာ ၄ လုံးစနစ္လို႔ ဆိုပါတယ္။