Nikon Coolpix A300 ကတော့ ကုမ္ပဏီကနေ ထုတ်လုပ်လိုက်တဲ့ စျေးသင့်ပြီး ခိုင်ခ့ံကျစ်လျစ်တဲ့ ကင်မရာတွေထဲက တစ်ခုပါ။ ၎င်းမှာ 20.1MP CCD sensor ၊ 25-200mm နှင့် ညီမျှတဲ့ 8x optical zoom range of 4.5-36mm တို့ ပါရှိပါတယ်။ အရွယ်အစားသေးပြီး အလေးချိန်ပေါ့ခြင်း၊ စျေးနှုန်းသင့်တင့်ခြင်းတို့အပြင် Bluetooth နှင့် Wi-Fi wireless connections built-in ပါဝင်တာကြောင့် ပုံရိပ်တွေကို မျှဝေဖို့အတွက် အဆင်ပြေပြေ ရှိလှပါတယ်။ ကင်မရာရဲ့ထိပ်မှာတော့ အဖွင့်၊ အပိတ်ခလုတ်နှင့် lens zoom control တို့ဖြစ်ကာ Zoom ထဲမှာတော့ shutter button ရှိပါတယ်။ 8x optical zoom ကိုလည်း 16x အထိ extend လုပ်နိုင်ပြီး ကင်မရာနောက်ဘက်မှာတော့ 2.7in fixed LCD screen ၊ standard control pad ၊ selection button (OK) နှင့် နောက်ထပ် ခလုတ် 4 ခုအဖြစ် menu ၊ scene ၊ playback နှင့် image delete တို့ ပါဝင်တာကို တွေ့ရပါတယ်။ Video record button ကတော့ ညာဘက်အပေါ်ထိပ်မှာရှိကာ Menu button ကို နှိပ်လိုက်တာနဲ့ ရိုးရှင်းပြီး အခြေခံကျတဲ့ functionတွေကို မြင်တွေ့ရမှာဖြစ်ပြီး Shooting (photo) ၊ Movie (video) ၊ Network (wireless) နှင့် Set Up ဆိုပြီး 4 မျိုးကို တွေ့ရမှာပါ။ Bluetooth ကနေတစ်ဆင့် A300 ဟာ Nikon’s SnapBridge app ဖြင့် ချိတ်ဆက်ပြီး 2MP resolution နှင့် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို အလိုအလျောက် ဒေါင်းလုတ်လုပ်ပေးမှာလည်း ဖြစ်ပါတယ်။ သင့်ရဲ့စမတ်ဖုန်းကနေလည်း ကင်မရာအတွက် remote control အနေနဲ့ သုံးလို့ရမှာဖြစ်ပြီး အနီ၊ ပန်းရောင်၊ ငွေရောင်နှင့် အနက်ဆိုပြီး အရောင် 4 မျိုး ရရှိနိုင်မှာဖြစ်ပြီး ကင်မရာတန်ဖိုးကတော့ USD 130 သာ ကျသင့်မှာဖြစ်တဲ့ တန်ဖိုးသင့် ကင်မရာတစ်လုံး ဖြစ်ပါတယ်။ စိတ်ဝင်စားရင်တော့ Nikon Showroom, Ph : 01-200138 တွင် စုံစမ်းမေးမြန်း ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
NetGuide Journal (Every Wednesday)
——————————————————————————————————–
(Zawgyi Version)
Nikon Coolpix A300