နည်းပညာလောကရဲ့ ထိပ်တန်းကုမ္ပဏီဖြစ်တဲ့ Microsoft အနေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက အောက်တိုဘာလရဲ့ အစောဆုံးနည်းပညာပြပွဲအဖြစ် Microsoft Surface Event ကို ကျင်းပခဲ့ပါတယ်။ ဒီပွဲမှာ Microsoft အနေနဲ့ အဓိကထုတ်ကုန်အများစုကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဓိကထုတ်ကုန်တွေလို့ ဆိုရမှာကတော့ Surface တွေပဲ ဖြစ်ပါတယ်။ Surface Laptop 3 ၊ Surface Pro 7 ၊ Surface Pro X ၊ Surface Neo ၊ Surface Duo  နဲ့ Surface Buds တို့ကို မိတ်ဆက်ပြသပေးခဲ့ပါတယ်။ မိုက်ကရိုဆောဖ့်ရဲ့ ထုတ်ကုန်တွေထဲမှာ Surface တွေကတော့ up to date အဖြစ်ဆုံးပါ။ နောက်ထပ် စိတ်ဝင်စားစရာကောင်းတာကတော့ dual တွေကို စျေးကွက်ထဲ တင်သွင်းလာတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ Microsoft Surface 2019 ပွဲမှာ ပြသသွားတဲ့ ထုတ်ကုန်တွေအကြောင်းကို မိတ်ဆက်ဖော်ပြပေးလိုက်ပါတယ်။

(1). Surface Duo

မိုက်ကရိုဆောဖ့်ကထုတ်တဲ့ Android ဖုန်း ဖြစ်ပါတယ်။ သူ့မှာ 5.6 လက်မ Display 2 ခု ပါပါတယ်။ Display 2 ခုကို ခေါက်ချိုးသုံးနိုင်ပါတယ်။ Display ရဲ့ အထက်နဲ့အောက်က ဘောင်တွေက ထူလွန်းနေတာကို တွေ့ရပါတယ်။ သူ့မှာ Samsung ရဲ့ foldable Galaxy Fold ဒီဇိုင်းနဲ့ လုံးဝကွဲပြားပါတယ်။  5.6-inch displays  2 ခုလို့ ဆိုရမှာဖြစ်ပြီး ဖြန့်ချလိုက်မယ်ဆိုရင် 8.3-inch device လို့ ထင်ရမှာပါ။ သူ့မှာ ဆက်ကြောင်းတွေကို မြင်နေရမှာ ဖြစ်ပါတယ်။ Surface Duo နဲ့ပတ်သတ်တဲ့ အခြားအချက်အလက်တွေကိုတော့ ပြောပြသွားခြင်း မရှိသေးပါဘူး။ ဘာကြောင့်လဲဆိုရင် Surface Duo ကို လာမယ့် 2020 ကျမှသာ အမှန်တကယ် ထုတ်ပေးမှာကြောင့် ဖြစ်ပါတယ်။ Google လက်တွဲလုပ်ဆောင်လိုက်တာကြောင့် သင့်အနေနဲ့ Surface Duo ပေါ်မှာ  Google Play Store ကို အသုံးပြုပြီး app တွေ ထည့်သွင်းနိုင်မှာပါ။ Display 2 ခုကြားက အဆက်ဟာ 360 ဒီဂရီ ခေါက်ချိုးနိုင်တယ်လို့ ပြောပါတယ်။ အဲဒီအတွက် အတွင်းဘက်ရော၊ အပြင်ဘက်ရော ခေါက်ချိုးနိုင်ပါတယ်။

(2). Surface Neo – Dual – Screen Tablets

နောက်ထပ်ပြသလိုက်တာကတော့ dual-screen tablets ပဲ ဖြစ်ပါတယ်။ displays 2 ခုပေါ်မှာ app တွေကို ထိန်းချုပ်သုံးစွဲနိုင်မှာဖြစ်ပြီး Windows 10X operating system နဲ့ သုံးနိုင်မှာ ဖြစ်ပါတယ်။ အလေးချိန် 1.4 pounds (655 grams) ရှိပြီး အထူကတော့  5.6mm ရှိပါတယ်။ Surface Neo မှာ ပါးလွှာတဲ့ LCDs ကို သုံးထားတယ်လို့ ဆိုပါတယ်။ dual 9-inch displays ဖြစ်တာကြောင့် လုံးဝမျက်နှာပြင်ကျယ်ဒီဇိုင်းကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီတက်ဘလက်ကိုလည်း လာမယ့် 2020 နွေရာသီလောက်မှာ စျေးကွက်ထဲကို ဖြန့်ချိပါလိမ့်မယ်။ Windows 10X ဟာ dual-screen devices တွေအတွက် optimized လုပ်ထားတာပါ။ ပြီးတော့ display 2 ခုကို 60 microcoaxial cables ရှိတဲ့ ပါးလွှာတဲ့အမျှင်လေးတွေနဲ့ ချိတ်ဆက်ထားတယ်လို့ သိရပါတယ်။

(3). Windows 10X

လာမယ့်နှစ်မှာ ကျွန်တော်တို့တွေ့မြင်ရမယ့် OS အသစ်တစ်ခု ရှိနေပါတယ်။ အဲ့ဒါကတော့ Windows 10X ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ uI ဒီဇိုင်းဟာ dual-screen devices တွေအတွက် ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။ Surface Neo ကလည်း  Windows 10X  ကိုသုံးပြီး ထွက်လာမှာပါ။ လာမယ့်နှစ်မှာတော့ ပိုမိုစိတ်လှုပ်ရှားစရာကောင်းတဲ့ မိုက်ကရိုဆောဖ့်ရဲ့ ထုတ်ကုန်တွေကို သုံးစွဲသူတွေက မြင်တွေ့ရမှာပါလို့ ဆောဖ့်ဝဲကုမ္ပဏီဘက်က ဆိုပါတယ်။ မျက်နှာပြင် 2 ခုပေါ်မှာ ဆောဖ့်ဝဲတွေကို အသုံးချနိုင်စေဖို့အတွက် မိုက်ကရိုဆောဖ့်ဘက်က ကြိုးစားနေပါတယ်။ အဲ့ဒါတွေကို Windows 10X မှာ မြင်ရမှာပါ။

(4). Surface Laptop 3

မိုက်ကရိုဆောဖ့်ရဲ့ အသစ်မိတ်ဆက်လိုက်တဲ့ Surface Laptop 3 ကတော့ ယခင်မျိုးဆက်နဲ့ အနည်းငယ်ကွာခြားတဲ့ အသွင်အပြင်နဲ့ ဖြစ်ပါတယ်။ Surface Laptop 3 ကို 13.5 လက်မနဲ့ 15 လက်မ မော်ဒယ် 2 မျိုးရှိပြီး ခွဲခြားထုတ်ပေးထားပါတယ်။ aspect ratio 3:2 ဖြစ်ကာ 13 လက်မ မော်ဒယ်မှာ Intel ရဲ့ နောက်ဆုံးပေါ်မျိုးဆက် 10 ခုမြောက် Ice Lake quad-core ပရိုဆက်ဆာကို အသုံးပြုထားပါတယ်။ 15 လက်မ မော်ဒယ်မှာ AMD ရဲ့ Ryzen chip အသစ်ကို အသုံးပြုထားပါတယ်။ CPU တွေက စိတ်ကြိုက်ဖန်တီးထားတဲ့ Ryzen Surface Edition silicon တွေ ဖြစ်ပါတယ်။ Surface Laptop 3 ရဲ့ keyboard က အရင်ကထက် ပါးလွှာသွားပေမယ့် အသံငြိမ်သလို သက်သောင့်သက်ရှိမယ်လို့ Microsoft က ပြောခဲ့ပါတယ်။ Surface Laptop 3 မှာ ထူးခြားတဲ့ Alcantara finish ကို အသုံးပြုထားပါတယ်။
အခြားမော်ဒယ်တွေမှာတော့ အလူမီနီယမ်ကိုပဲ အသုံးပြုထားတဲ့အတွက် သုံးစွဲသူက နှစ်သက်ရာမော်ဒယ်ကို ရွေးချယ်နိုင်ပါတယ်။ Surface Laptop 3 မှာ USB-C port ပါဝင်ပြီး အချက်အလက် လွှဲပြောင်းတာနဲ့ အခြားထုတ်ကုန်အသုံးပြုတာအပြင် အားသွင်းတာလည်း လုပ်နိုင်ပါတယ်။ Microsoft ရဲ့ အားသွင်းကြိုးမှာ fast charging ပါဝင်ပြီး တစ်နာရီမပြည့်ခင်မှာ 80 ရာခိုင်နှုန်းအထိ အားသွင်းနိုင်ပြီး 24 နာရီအထိ အသုံးပြုနိုင်ပါတယ်။ Surface Laptop 3 ရဲ့ 13 လက်မနဲ့ 15 လက်မ မော်ဒယ်အတွက် 999 ဒေါ်လာနဲ့ 1199 ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ ကြိုတင်မှာယူနိုင်ပြီး အောက်တိုဘာလ 22 ရက်မှာ တင်ပို့ရောင်းချမှာ ဖြစ်ပါတယ်။ 13 လက်မ မော်ဒယ်အတွက် ဈေးနှုန်းတွေကတော့ Core i5 8GB/256GB  ကို 1299 ဒေါ်လာ ၊ Core i7 16GB/256GB ကို  1599 ဒေါ်လာနဲ့ Core i7 16GB/512GB မော်ဒယ်ကိုတော့ 1999 ဒေါ်လာဆိုပြီး သတ်မှတ်ထားပါတယ်။

(5). Surface Pro X

Surface Pro X ဟာ ဘက်စုံသုံးနိုင်တဲ့ tablet ဖြစ်ပြီး ဖြုတ်နိုင်၊ တပ်နိုင်တဲ့ keyboard ပါဝင်ကာ Surface SQ1 လို့ အမည်ရတဲ့ Qualcomm chipset ကို အသုံးပြုထားပါတယ်။  Surface Slim stylus ကိုလည်း ထည့်သွင်းပေးထားပါတယ်။ 13-inch Surface Pro X ဖြစ်ပြီး ပါဝါစွမ်းအားပိုင်းအတွက် Qualcomm ARM chipset ကို သုံးထားပါတယ်။ Surface SQ1 အမည်ရ Custom Qualcomm Chipset မောင်းနှင်ထားပါတယ်။  Laptop / Tablet 2 မျိုးသုံးနိုင်ပြီး Tablet အတွက် ဖြုတ်၊ တပ်နိုင်တဲ့ ကီးဘုတ်ကို ထည့်ပေးထားပါတယ်။  ဒီ device မှာ display ပိုင်းအတွက် 13 လက်မဖြစ်ပြီး အလေးချိန်ကတော့ 762g ရှိမှာ ဖြစ်ပါတယ်။ 5.3mm အထူသာ ရှိပါတယ်။  2880 × 1920 resolution နဲ့ဖြစ်ပြီး 267ppi ဖော်ပြမှုနဲ့ပါ။ Microsoft နဲ့ Qualcomm တို့ ပူးပေါင်းဖန်တီးထားတဲ့  Surface SQ1 ဟာ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပေးပါလိမ့်မယ်။ Surface Pro X  ဟာ Surface Pro 6 ထက် ပါဝါသုံးစွဲမှုအပိုင်းမှာ 3 ဆလောက် ပိုသက်သာပါလိမ့်မယ်။ ကီးဘုတ်မှာ တပ်ထားချိန်မှာ Stylus ကို ကြိုးမဲ့အားသွင်းနိုင်တဲ့ စွမ်းရည်ကို ထည့်ပေးထားပါတယ်။ အားသွင်းရင် မြန်စေတဲ့ USB-C Port ပါပါတယ်။ စျေးနှုန်းကတော့ နိုဝင်ဘာလ 5 ရက်နေ့မှာ 999 ဒေါ်လာနဲ့ ရောင်းမှာပါ။

(6). Surface Pro 7

Surface Pro 7 ဟာ Surface Pro 6 ကို အဆင့်မြှင့်တင်ထားတဲ့ ထုတ်ကုန်ဖြစ်ပြီး မျက်နှာပြင် 12.3 လက်မ အရွယ်နဲ့ 3:2 aspect ratio ကို ဆက်လက်ထည့်သွင်းထားပါတယ်။ Core i3 4GB/128GB က ဒေါ်လာ 749 ကျသင့်မှာဖြစ်ပြီး အောက်တိုဘာ 22 ရက်မှာ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ စျေးနှုန်းတွေကတော့  Core i5 8GB/128GB – 899 ဒေါ်လာ / Core i5 8GB/256GB – 1199 ဒေါ်လာ / Core i5 16GB/256GB – 1399 ဒေါ်လာ / Core i7 16GB/256GB – 1499 ဒေါ်လာ/ Core i7 16GB/1TB – 2299 ဒေါ်လာဆိုပြီး ဖြစ်ပါတယ်။  Surface Pro 7 မှာ USB-C connector ပါဝင်သလို စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Surface Pen လည်း ပါဝင်လာပါတယ်။ Surface Pen ကို Word နဲ့ Excel မှာ တည်းဖြတ်တဲ့အခါ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် လက်ရေးနဲ့ရေးသားမှုကို သိနိုင်တဲ့ feature လည်း ပါဝင်လာပါတယ်။

(7). Surface Earbuds

Microsoft အနေနဲ့  ပြီးခဲ့တဲ့နှစ်ကစပြီး Surface Headphones တွေနဲ့ ကြိုးမဲ့နားကြပ်နယ်ပယ်ကို ၀င်ရောက်လာတာ ဖြစ်ပါတယ်။ ယခုနှစ်မှာတော့ ပိုမိုအဆင့်မြင့်တဲ့ Earbuds ကို မြင်တွေ့ရပြီ ဖြစ်ပါတယ်။ နားကြပ်မှာ Android Fast Pair နဲ့ Windows Swift Pair တွေပါတဲ့အတွက် စမတ်ဖုန်း၊ လက်ပ်တော့တွေနဲ့ လျှင်မြန်လွယ်ကူစွာ ချိတ်ဆက်နိုင်ပါတယ်။ ဒါ့အပြင် သူ့ကို Touch Gestures (သို့) Voice နဲ့ ထိန်းချုပ်နိုင်ပါတယ်။ Directional Dual Mic Array ပါတဲ့အတွက် ဖုန်းပြောရင် အသံကြည်လင်ပြတ်သားပါတယ်။ Microsoft Office 365 မှာ စာရိုက်ဖို့အတွက်လည်း Voice ကို အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် PowerPoint Slides တွေ ပြောင်းဖို့အတွက် Swipe လုပ်နိုင်ပါတယ်။ Surface Earbuds ရဲ့ ဘက်ထရီသက်တမ်းက 8 နာရီ ဖြစ်ပါတယ်။ Charging Case က 2 ကြိမ် အားအပြည့်သွင်းပေးနိုင်တဲ့အတွက် စုစုပေါင်း 24 နာရီ အသုံးခံပါတယ်။ နားကြပ်က ဘာသာစကား 60 ကျော်ကို ဘာသာပြန်နိုင်ပါတယ်။ စျေးနှုန်းကတော့ 249 ဒေါ်လာ သတ်မှတ်ထားပါတယ်။

(8). Microsoft Surface Pro X [VS] Samsung Galaxy Book S : Arms Race

13-inch Surface Pro X မှာ SQ1 Arm chip ကို သုံးထားပြီး  Galaxy Book S မှာလည်း  Qualcomm Snapdragon CPU ကို သုံးထားပါတယ်။  2 မျိုးလုံးဟာ hybrid ဖြစ်လွန်းတယ်လို့ ဆိုရမှာဖြစ်ပြီး Galaxy Book S ကိုတော့ 2-in-1 tablet လို့ သတ်မှတ်ရမှာပါ။ 2 မျိုးလုံးကို စတင်ရောင်းချနေတဲ့ စျေးတွေက $999 ဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေကို ပြန်ကောက်ယူရမယ်ဆိုရင် CPU အပိုင်းအတွက် Galaxy Book S မှာ 2.84GHz + 1.8GHz Qualcomm Snapdragon 8cx ကို သုံးထားမှာဖြစ်ပြီး Surface Pro X မှာတော့ 3GHz Microsoft SQ1 အသစ်ကို သုံးထားမှာပါ။ RAM ပိုင်းမှာတော့ Book S မှာ 8GB RAM DDR4 တစ်မျိုးတည်း ထုတ်ထားပြီး Surface Pro X မှာတော့ 8GB (သို့) 16GB LPDDR4x ကို ရွေးနိုင်ပါလိမ့်မယ်။ Display ပုံရိပ်ဖော်ပြမှုအပိုင်းမှာ Pro X က ပိုမြင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် 13-inch 1920 x 1080 touch display (Galaxy Book S) ဖြစ်ပြီး 13-inch 2880 x 1920 touch display (Surface Pro X) ဖြစ်နေတာကြောင့်ပါ။ သိုလှောင်မှုပိုင်းအတွက်ကတော့ Surface Pro X ကတော့ 3 မျိုးအထိ ရွေးချယ်နိုင်ပါတယ်။ 128GB ပါဝင်လာတာပါ။ ဘက်ထရီပိုင်းမှာတော့  Galaxy Book S က ပိုသာပါတယ်။  Galaxy Book S ရဲ့ ဘက်ထရီသက်တမ်းဟာ 23 နာရီ တာရှည်ခံနိုင်စွမ်းရှိပြီး Surface Pro X ကတော့ 13 နာရီကျော်သာ ခံမှာပါ။ ကွန်ရက်ချိတ်ဆက်မှုအပိုင်းမှာတော့ Wi-Fi အတွက် 802.11ac ၊ Bluetooth ကလည်း 5.0 ဆိုပြီး တူညီပါတယ်။ Book S (LTE Cat.18/Nano SIM) နဲ့ Pro X (Qualcomm Snapdragon X24 LTE Modem Nano SIM) ဆိုပြီးတော့သာ ကွဲပြားသွားမှာပါ။

(9). Microsoft Surface Pro X [VS] Apple iPad Pro : Is Best

ဒီဇိုင်းပိုင်းကနေ စကြည့်လိုက်မယ်ဆိုရင် Surface Pro X နဲ့ iPad Pro တို့ဟာ အကြမ်းအားဖြင့် တူညီတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် မူလပုံစံကနေ ကွဲထွက်မှုတွေ ရှိနေပါတယ်။ အဲ့ဒါကတော့ iPad Pro ဟာ ပုံမှန်တက်ဘလက်မျိုးဖြစ်ပြီး Surface Pro X ကတော့ လိုအပ်သလို ဖြုတ်တပ်လုပ်လို့ရတဲ့ ဒီဇိုင်းမျိုးပါ။ Surface Pro X မှာ built-in kickstand နဲ့ဖြစ်ပြီး  iPad Pro ကို သုံးမယ်ဆိုရင်တော့ သင့်အတွက် ကီးဘုတ်ကို သပ်သပ်ဝယ်ယူရမှာပါ။ Ports ပိုင်းမှာ ကြည့်လိုက်မယ်ဆိုရင်လည်း  iPad Pro မှာ USB Type-C port  နဲ့ nano SIM card slot သာ ထည့်ပေးထားပါတယ်။ Surface Pro X မှာတော့ USB Type-C ports 2 ခု ထည့်ပေးထားပါတယ်။ Performance ပိုင်းအတွက်ဆိုရင်တော့  2 မျိုးလုံးမှာ သုံးထားတဲ့ ပရိုဆက်ဆာတွေက အမြင့်စားတွေပါ။ Pro X မှာ Microsoft SQ1 CPU ဖြစ်ပြီး iPad Pro အတွက်ကတော့ A12X Bionic chip သုံးထားပါတယ်။
Microsoft အတွက် စွမ်းဆောင်ရည်ကို ကြည့်တဲ့အခါမှာ  Pro 6 နဲ့ နှိုင်းယှဉ်ရပါတယ်။ အခု Microsoft SQ1 CPU ဟာ Surface Pro 6 ပါတဲ့ CPU ထက် 3 ဆ ပိုမိုမြန်ဆန်ပါတယ်။ တစ်နည်းအားဖြင့် တွက်ကြည့်မယ်ဆိုရင် iPad Pro ရဲ့ A12X Bionic chip ဟာ Geekbench 4 စွမ်းဆောင်မှု စမ်းသပ်ချက်မှာ 17,995 ရထားပြီး Surface Pro 6 ရဲ့ 8th Gen Core i5 CPU  က 13,025 ရထားပါတယ်။ Adobe Rush video editing benchmark မှာလည်း iPad Pro က 4K video to 1080p ကို transcoding လုပ်တဲ့အချိန် 7 minutes နဲ့ 47 seconds သာ ကြာပါတယ်။ Surface Pro 6 ကတော့ 31 မိနစ်နဲ့ 54 စက္ကန့် ကြာပါတယ်။ ဒါကြောင့် စွမ်းဆောင်မှုအပိုင်းမှာတော့ iPad က သာနေပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Microsoft Surface October 2019 Event

နည္းပညာေလာကရဲ႕ ထိပ္တန္းကုမၸဏီျဖစ္တဲ့ Microsoft အေနနဲ႔ ၿပီးခဲ့တဲ့ရက္ပိုင္းက ေအာက္တိုဘာလရဲ႕ အေစာဆုံးနည္းပညာျပပြဲအျဖစ္ Microsoft Surface Event ကို က်င္းပခဲ့ပါတယ္။ ဒီပြဲမွာ Microsoft အေနနဲ႔ အဓိကထုတ္ကုန္အမ်ားစုကို မိတ္ဆက္ေပးခဲ့ပါတယ္။ အဓိကထုတ္ကုန္ေတြလို႔ ဆိုရမွာကေတာ့ Surface ေတြပဲ ျဖစ္ပါတယ္။ Surface Laptop 3 ၊ Surface Pro 7 ၊ Surface Pro X ၊ Surface Neo ၊ Surface Duo  နဲ႔ Surface Buds တို႔ကို မိတ္ဆက္ျပသေပးခဲ့ပါတယ္။ မိုက္ကရိုေဆာဖ့္ရဲ႕ ထုတ္ကုန္ေတြထဲမွာ Surface ေတြကေတာ့ up to date အျဖစ္ဆုံးပါ။ ေနာက္ထပ္ စိတ္ဝင္စားစရာေကာင္းတာကေတာ့ dual ေတြကို ေစ်းကြက္ထဲ တင္သြင္းလာတာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီတစ္ပတ္မွာေတာ့ Microsoft Surface 2019 ပြဲမွာ ျပသသြားတဲ့ ထုတ္ကုန္ေတြအေၾကာင္းကို မိတ္ဆက္ေဖာ္ျပေပးလိုက္ပါတယ္။

(1). Surface Duo

မိုက္ကရိုေဆာဖ့္ကထုတ္တဲ့ Android ဖုန္း ျဖစ္ပါတယ္။ သူ႔မွာ 5.6 လက္မ Display 2 ခု ပါပါတယ္။ Display 2 ခုကို ေခါက္ခ်ိဳးသံုးႏုိင္ပါတယ္။ Display ရဲ႕ အထက္နဲ႔ေအာက္က ေဘာင္ေတြက ထူလြန္းေနတာကို ေတြ႕ရပါတယ္။ သူ႔မွာ Samsung ရဲ႕ foldable Galaxy Fold ဒီဇိုင္းနဲ႔ လုံးဝကြဲျပားပါတယ္။  5.6-inch displays  2 ခုလို႔ ဆိုရမွာျဖစ္ၿပီး ျဖန္႔ခ်လိုက္မယ္ဆိုရင္ 8.3-inch device လို႔ ထင္ရမွာပါ။ သူ႔မွာ ဆက္ေၾကာင္းေတြကို ျမင္ေနရမွာ ျဖစ္ပါတယ္။ Surface Duo နဲ႔ပတ္သတ္တဲ့ အျခားအခ်က္အလက္ေတြကိုေတာ့ ေျပာျပသြားျခင္း မရွိေသးပါဘူး။ ဘာေၾကာင့္လဲဆိုရင္ Surface Duo ကို လာမယ့္ 2020 က်မွသာ အမွန္တကယ္ ထုတ္ေပးမွာေၾကာင့္ ျဖစ္ပါတယ္။ Google လက္တြဲလုပ္ေဆာင္လိုက္တာေၾကာင့္ သင့္အေနနဲ႔ Surface Duo ေပၚမွာ  Google Play Store ကို အသုံးျပဳၿပီး app ေတြ ထည့္သြင္းႏိုင္မွာပါ။ Display 2 ခုၾကားက အဆက္ဟာ 360 ဒီဂရီ ေခါက္ခ်ိဳးႏိုင္တယ္လို႔ ေျပာပါတယ္။ အဲဒီအတြက္ အတြင္းဘက္ေရာ၊ အျပင္ဘက္ေရာ ေခါက္ခ်ိဳးႏုိင္ပါတယ္။

(2). Surface Neo – Dual – Screen Tablets

ေနာက္ထပ္ျပသလုိက္တာကေတာ့ dual-screen tablets ပဲ ျဖစ္ပါတယ္။ displays 2 ခုေပၚမွာ app ေတြကို ထိန္းခ်ဳပ္သုံးစြဲႏိုင္မွာျဖစ္ၿပီး Windows 10X operating system နဲ႔ သုံးႏိုင္မွာ ျဖစ္ပါတယ္။ အေလးခ်ိန္ 1.4 pounds (655 grams) ရွိၿပီး အထူကေတာ့  5.6mm ရွိပါတယ္။ Surface Neo မွာ ပါးလႊာတဲ့ LCDs ကို သုံးထားတယ္လို႔ ဆိုပါတယ္။ dual 9-inch displays ျဖစ္တာေၾကာင့္ လုံးဝမ်က္ႏွာျပင္က်ယ္ဒီဇိုင္းကို ရရွိႏုိင္မွာ ျဖစ္ပါတယ္။ ဒီတက္ဘလက္ကိုလည္း လာမယ့္ 2020 ေႏြရာသီေလာက္မွာ ေစ်းကြက္ထဲကို ျဖန္႔ခ်ိပါလိမ့္မယ္။ Windows 10X ဟာ dual-screen devices ေတြအတြက္ optimized လုပ္ထားတာပါ။ ၿပီးေတာ့ display 2 ခုကို 60 microcoaxial cables ရွိတဲ့ ပါးလႊာတဲ့အမွ်င္ေလးေတြနဲ႔ ခ်ိတ္ဆက္ထားတယ္လို႔ သိရပါတယ္။

(3). Windows 10X

လာမယ့္ႏွစ္မွာ ကၽြန္ေတာ္တို႔ေတြ႕ျမင္ရမယ့္ OS အသစ္တစ္ခု ရွိေနပါတယ္။ အဲ့ဒါကေတာ့ Windows 10X ပဲ ျဖစ္ပါတယ္။ သူ႕ရဲ႕ uI ဒီဇိုင္းဟာ dual-screen devices ေတြအတြက္ ျပဳလုပ္ေပးထားတာ ျဖစ္ပါတယ္။ Surface Neo ကလည္း  Windows 10X  ကိုသုံးၿပီး ထြက္လာမွာပါ။ လာမယ့္ႏွစ္မွာေတာ့ ပိုမိုစိတ္လႈပ္ရွားစရာေကာင္းတဲ့ မိုက္ကရိုေဆာဖ့္ရဲ႕ ထုတ္ကုန္ေတြကို သုံးစြဲသူေတြက ျမင္ေတြ႕ရမွာပါလို႔ ေဆာဖ့္ဝဲကုမၸဏီဘက္က ဆိုပါတယ္။ မ်က္ႏွာျပင္ 2 ခုေပၚမွာ ေဆာဖ့္ဝဲေတြကို အသုံးခ်ႏိုင္ေစဖို႔အတြက္ မုိက္ကရိုေဆာဖ့္ဘက္က ႀကိဳးစားေနပါတယ္။ အဲ့ဒါေတြကို Windows 10X မွာ ျမင္ရမွာပါ။

(4). Surface Laptop 3

မိုက္ကရိုေဆာဖ့္ရဲ႕ အသစ္မိတ္ဆက္လိုက္တဲ့ Surface Laptop 3 ကေတာ့ ယခင္မ်ိဳးဆက္နဲ႔ အနည္းငယ္ကြာျခားတဲ့ အသြင္အျပင္နဲ႔ ျဖစ္ပါတယ္။ Surface Laptop 3 ကို 13.5 လက္မနဲ႔ 15 လက္မ ေမာ္ဒယ္ 2 မ်ိဳးရွိၿပီး ခြဲျခားထုတ္ေပးထားပါတယ္။ aspect ratio 3:2 ျဖစ္ကာ 13 လက္မ ေမာ္ဒယ္မွာ Intel ရဲ႕ ေနာက္ဆုံးေပၚမ်ိဳးဆက္ 10 ခုေျမာက္ Ice Lake quad-core ပ႐ိုဆက္ဆာကို အသုံးျပဳထားပါတယ္။ 15 လက္မ ေမာ္ဒယ္မွာ AMD ရဲ႕ Ryzen chip အသစ္ကို အသုံးျပဳထားပါတယ္။ CPU ေတြက စိတ္ႀကိဳက္ဖန္တီးထားတဲ့ Ryzen Surface Edition silicon ေတြ ျဖစ္ပါတယ္။ Surface Laptop 3 ရဲ႕ keyboard က အရင္ကထက္ ပါးလႊာသြားေပမယ့္ အသံၿငိမ္သလို သက္ေသာင့္သက္ရွိမယ္လို႔ Microsoft က ေျပာခဲ့ပါတယ္။ Surface Laptop 3 မွာ ထူးျခားတဲ့ Alcantara finish ကို အသုံးျပဳထားပါတယ္။
အျခားေမာ္ဒယ္ေတြမွာေတာ့ အလူမီနီယမ္ကိုပဲ အသုံးျပဳထားတဲ့အတြက္ သုံးစြဲသူက ႏွစ္သက္ရာေမာ္ဒယ္ကို ေရြးခ်ယ္ႏိုင္ပါတယ္။ Surface Laptop 3 မွာ USB-C port ပါဝင္ၿပီး အခ်က္အလက္ လႊဲေျပာင္းတာနဲ႔ အျခားထုတ္ကုန္အသုံးျပဳတာအျပင္ အားသြင္းတာလည္း လုပ္ႏိုင္ပါတယ္။ Microsoft ရဲ႕ အားသြင္းႀကိဳးမွာ fast charging ပါဝင္ၿပီး တစ္နာရီမျပည့္ခင္မွာ 80 ရာခိုင္ႏႈန္းအထိ အားသြင္းႏိုင္ၿပီး 24 နာရီအထိ အသုံးျပဳႏိုင္ပါတယ္။ Surface Laptop 3 ရဲ႕ 13 လက္မနဲ႔ 15 လက္မ ေမာ္ဒယ္အတြက္ 999 ေဒၚလာနဲ႔ 1199 ေဒၚလာ က်သင့္မွာ ျဖစ္ပါတယ္။ ႀကိဳတင္မွာယူႏိုင္ၿပီး ေအာက္တိုဘာလ 22 ရက္မွာ တင္ပို႔ေရာင္းခ်မွာ ျဖစ္ပါတယ္။ 13 လက္မ ေမာ္ဒယ္အတြက္ ေဈးႏႈန္းေတြကေတာ့ Core i5 8GB/256GB  ကို 1299 ေဒၚလာ ၊ Core i7 16GB/256GB ကို  1599 ေဒၚလာနဲ႔ Core i7 16GB/512GB ေမာ္ဒယ္ကိုေတာ့ 1999 ေဒၚလာဆိုၿပီး သတ္မွတ္ထားပါတယ္။

(5). Surface Pro X

Surface Pro X ဟာ ဘက္စုံသုံးႏိုင္တဲ့ tablet ျဖစ္ၿပီး ျဖဳတ္ႏိုင္၊ တပ္ႏိုင္တဲ့ keyboard ပါဝင္ကာ Surface SQ1 လို႔ အမည္ရတဲ့ Qualcomm chipset ကို အသုံးျပဳထားပါတယ္။  Surface Slim stylus ကိုလည္း ထည့္သြင္းေပးထားပါတယ္။ 13-inch Surface Pro X ျဖစ္ၿပီး ပါဝါစြမ္းအားပိုင္းအတြက္ Qualcomm ARM chipset ကို သုံးထားပါတယ္။ Surface SQ1 အမည္ရ Custom Qualcomm Chipset ေမာင္းႏွင္ထားပါတယ္။  Laptop / Tablet 2 မ်ိဳးသံုးႏုိင္ၿပီး Tablet အတြက္ ျဖဳတ္၊ တပ္ႏုိင္တဲ့ ကီးဘုတ္ကို ထည့္ေပးထားပါတယ္။  ဒီ device မွာ display ပိုင္းအတြက္ 13 လက္မျဖစ္ၿပီး အေလးခ်ိန္ကေတာ့ 762g ရွိမွာ ျဖစ္ပါတယ္။ 5.3mm အထူသာ ရွိပါတယ္။  2880 × 1920 resolution နဲ႔ျဖစ္ၿပီး 267ppi ေဖာ္ျပမႈနဲ႔ပါ။ Microsoft နဲ႔ Qualcomm တို႔ ပူးေပါင္းဖန္တီးထားတဲ့  Surface SQ1 ဟာ အေကာင္းဆုံးစြမ္းေဆာင္ရည္ကို ေပးပါလိမ့္မယ္။ Surface Pro X  ဟာ Surface Pro 6 ထက္ ပါဝါသုံးစြဲမႈအပိုင္းမွာ 3 ဆေလာက္ ပိုသက္သာပါလိမ့္မယ္။ ကီးဘုတ္မွာ တပ္ထားခ်ိန္မွာ Stylus ကို ႀကိဳးမဲ့အားသြင္းႏုိင္တဲ့ စြမ္းရည္ကို ထည့္ေပးထားပါတယ္။ အားသြင္းရင္ ျမန္ေစတဲ့ USB-C Port ပါပါတယ္။ ေစ်းႏႈန္းကေတာ့ ႏို၀င္ဘာလ 5 ရက္ေန႔မွာ 999 ေဒၚလာနဲ႔ ေရာင္းမွာပါ။

(6). Surface Pro 7

Surface Pro 7 ဟာ Surface Pro 6 ကို အဆင့္ျမႇင့္တင္ထားတဲ့ ထုတ္ကုန္ျဖစ္ၿပီး မ်က္ႏွာျပင္ 12.3 လက္မ အရြယ္နဲ႔ 3:2 aspect ratio ကို ဆက္လက္ထည့္သြင္းထားပါတယ္။ Core i3 4GB/128GB က ေဒၚလာ 749 က်သင့္မွာျဖစ္ၿပီး ေအာက္တိုဘာ 22 ရက္မွာ ေရာင္းခ်ေပးသြားမွာ ျဖစ္ပါတယ္။ ေစ်းႏႈန္းေတြကေတာ့  Core i5 8GB/128GB – 899 ေဒၚလာ / Core i5 8GB/256GB – 1199 ေဒၚလာ / Core i5 16GB/256GB – 1399 ေဒၚလာ / Core i7 16GB/256GB – 1499 ေဒၚလာ/ Core i7 16GB/1TB – 2299 ေဒၚလာဆိုၿပီး ျဖစ္ပါတယ္။  Surface Pro 7 မွာ USB-C connector ပါဝင္သလို စြမ္းေဆာင္ရည္ေကာင္းမြန္တဲ့ Surface Pen လည္း ပါဝင္လာပါတယ္။ Surface Pen ကို Word နဲ႔ Excel မွာ တည္းျဖတ္တဲ့အခါ အသုံးျပဳႏိုင္ပါတယ္။ ဒါ့အျပင္ လက္ေရးနဲ႔ေရးသားမႈကို သိႏိုင္တဲ့ feature လည္း ပါဝင္လာပါတယ္။

(7). Surface Earbuds

Microsoft အေနနဲ႔  ၿပီးခဲ့တဲ့ႏွစ္ကစၿပီး Surface Headphones ေတြနဲ႔ ႀကိဳးမဲ့နားၾကပ္နယ္ပယ္ကို ၀င္ေရာက္လာတာ ျဖစ္ပါတယ္။ ယခုႏွစ္မွာေတာ့ ပိုမိုအဆင့္ျမင့္တဲ့ Earbuds ကို ျမင္ေတြ႕ရၿပီ ျဖစ္ပါတယ္။ နားၾကပ္မွာ Android Fast Pair နဲ႔ Windows Swift Pair ေတြပါတဲ့အတြက္ စမတ္ဖုန္း၊ လက္ပ္ေတာ့ေတြနဲ႔ လွ်င္ျမန္လြယ္ကူစြာ ခ်ိတ္ဆက္ႏုိင္ပါတယ္။ ဒါ့အျပင္ သူ႕ကို Touch Gestures (သို႔) Voice နဲ႔ ထိန္းခ်ဳပ္ႏုိင္ပါတယ္။ Directional Dual Mic Array ပါတဲ့အတြက္ ဖုန္းေျပာရင္ အသံၾကည္လင္ျပတ္သားပါတယ္။ Microsoft Office 365 မွာ စာရိုက္ဖို႔အတြက္လည္း Voice ကို အသုံးျပဳႏုိင္ပါတယ္။ ဒါ့အျပင္ PowerPoint Slides ေတြ ေျပာင္းဖို႔အတြက္ Swipe လုပ္ႏိုင္ပါတယ္။ Surface Earbuds ရဲ႕ ဘက္ထရီသက္တမ္းက 8 နာရီ ျဖစ္ပါတယ္။ Charging Case က 2 ႀကိမ္ အားအျပည့္သြင္းေပးႏိုင္တဲ့အတြက္ စုစုေပါင္း 24 နာရီ အသံုးခံပါတယ္။ နားၾကပ္က ဘာသာစကား 60 ေက်ာ္ကို ဘာသာျပန္ႏုိင္ပါတယ္။ ေစ်းႏႈန္းကေတာ့ 249 ေဒၚလာ သတ္မွတ္ထားပါတယ္။

(8). Microsoft Surface Pro X [VS] Samsung Galaxy Book S : Arms Race

13-inch Surface Pro X မွာ SQ1 Arm chip ကို သုံးထားၿပီး  Galaxy Book S မွာလည္း  Qualcomm Snapdragon CPU ကို သုံးထားပါတယ္။  2 မ်ိဳးလုံးဟာ hybrid ျဖစ္လြန္းတယ္လို႔ ဆိုရမွာျဖစ္ၿပီး Galaxy Book S ကိုေတာ့ 2-in-1 tablet လို႔ သတ္မွတ္ရမွာပါ။ 2 မ်ိဳးလုံးကို စတင္ေရာင္းခ်ေနတဲ့ ေစ်းေတြက $999 ျဖစ္ပါတယ္။ အေသးစိတ္အခ်က္အလက္ေတြကို ျပန္ေကာက္ယူရမယ္ဆုိရင္ CPU အပိုင္းအတြက္ Galaxy Book S မွာ 2.84GHz + 1.8GHz Qualcomm Snapdragon 8cx ကို သုံးထားမွာျဖစ္ၿပီး Surface Pro X မွာေတာ့ 3GHz Microsoft SQ1 အသစ္ကို သုံးထားမွာပါ။ RAM ပိုင္းမွာေတာ့ Book S မွာ 8GB RAM DDR4 တစ္မ်ိဳးတည္း ထုတ္ထားၿပီး Surface Pro X မွာေတာ့ 8GB (သု႔ိ) 16GB LPDDR4x ကို ေရြးႏိုင္ပါလိမ့္မယ္။ Display ပုံရိပ္ေဖာ္ျပမႈအပိုင္းမွာ Pro X က ပိုျမင့္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ 13-inch 1920 x 1080 touch display (Galaxy Book S) ျဖစ္ၿပီး 13-inch 2880 x 1920 touch display (Surface Pro X) ျဖစ္ေနတာေၾကာင့္ပါ။ သိုေလွာင္မႈပိုင္းအတြက္ကေတာ့ Surface Pro X ကေတာ့ 3 မ်ိဳးအထိ ေရြးခ်ယ္ႏိုင္ပါတယ္။ 128GB ပါဝင္လာတာပါ။ ဘက္ထရီပိုင္းမွာေတာ့  Galaxy Book S က ပိုသာပါတယ္။  Galaxy Book S ရဲ႕ ဘက္ထရီသက္တမ္းဟာ 23 နာရီ တာရွည္ခံႏိုင္စြမ္းရွိၿပီး Surface Pro X ကေတာ့ 13 နာရီေက်ာ္သာ ခံမွာပါ။ ကြန္ရက္ခ်ိတ္ဆက္မႈအပိုင္းမွာေတာ့ Wi-Fi အတြက္ 802.11ac ၊ Bluetooth ကလည္း 5.0 ဆိုၿပီး တူညီပါတယ္။ Book S (LTE Cat.18/Nano SIM) နဲ႔ Pro X (Qualcomm Snapdragon X24 LTE Modem Nano SIM) ဆိုၿပီးေတာ့သာ ကြဲျပားသြားမွာပါ။

(9). Microsoft Surface Pro X [VS] Apple iPad Pro : Is Best

ဒီဇိုင္းပိုင္းကေန စၾကည့္လုိက္မယ္ဆိုရင္ Surface Pro X နဲ႔ iPad Pro တို႔ဟာ အၾကမ္းအားျဖင့္ တူညီတယ္လို႔ ထင္ရပါတယ္။ ဒါေပမယ့္ မူလပုံစံကေန ကြဲထြက္မႈေတြ ရွိေနပါတယ္။ အဲ့ဒါကေတာ့ iPad Pro ဟာ ပုံမွန္တက္ဘလက္မ်ိဳးျဖစ္ၿပီး Surface Pro X ကေတာ့ လိုအပ္သလို ျဖဳတ္တပ္လုပ္လို႔ရတဲ့ ဒီဇိုင္းမ်ိဳးပါ။ Surface Pro X မွာ built-in kickstand နဲ႔ျဖစ္ၿပီး  iPad Pro ကို သုံးမယ္ဆိုရင္ေတာ့ သင့္အတြက္ ကီးဘုတ္ကုိ သပ္သပ္ဝယ္ယူရမွာပါ။ Ports ပိုင္းမွာ ၾကည့္လိုက္မယ္ဆိုရင္လည္း  iPad Pro မွာ USB Type-C port  နဲ႔ nano SIM card slot သာ ထည့္ေပးထားပါတယ္။ Surface Pro X မွာေတာ့ USB Type-C ports 2 ခု ထည့္ေပးထားပါတယ္။ Performance ပိုင္းအတြက္ဆိုရင္ေတာ့  2 မ်ိဳးလုံးမွာ သုံးထားတဲ့ ပရိုဆက္ဆာေတြက အျမင့္စားေတြပါ။ Pro X မွာ Microsoft SQ1 CPU ျဖစ္ၿပီး iPad Pro အတြက္ကေတာ့ A12X Bionic chip သုံးထားပါတယ္။
Microsoft အတြက္ စြမ္းေဆာင္ရည္ကို ၾကည့္တဲ့အခါမွာ  Pro 6 နဲ႔ ႏိႈင္းယွဥ္ရပါတယ္။ အခု Microsoft SQ1 CPU ဟာ Surface Pro 6 ပါတဲ့ CPU ထက္ 3 ဆ ပိုမိုျမန္ဆန္ပါတယ္။ တစ္နည္းအားျဖင့္ တြက္ၾကည့္မယ္ဆိုရင္ iPad Pro ရဲ႕ A12X Bionic chip ဟာ Geekbench 4 စြမ္းေဆာင္မႈ စမ္းသပ္ခ်က္မွာ 17,995 ရထားၿပီး Surface Pro 6 ရဲ႕ 8th Gen Core i5 CPU  က 13,025 ရထားပါတယ္။ Adobe Rush video editing benchmark မွာလည္း iPad Pro က 4K video to 1080p ကို transcoding လုပ္တဲ့အခ်ိန္ 7 minutes နဲ႔ 47 seconds သာ ၾကာပါတယ္။ Surface Pro 6 ကေတာ့ 31 မိနစ္နဲ႔ 54 စကၠန္႔ ၾကာပါတယ္။ ဒါေၾကာင့္ စြမ္းေဆာင္မႈအပိုင္းမွာေတာ့ iPad က သာေနပါတယ္။

NetGuide Journal (Every Wednesday)