Live Football TV ဟာ ဘယ်နေရာရောက်ရောက် ဘောလုံးပွဲတွေကို မလွတ်တမ်းကြည့်ရမှဆိုတဲ့ ဘောလုံးချစ်ပရိသတ်တွေ အသုံးပြုနိုင်မယ့် app တစ်ခု ဖြစ်ပါတယ်။ သင့်ရဲ့စမတ်ဖုန်းထဲမှာ ဒီ app ကို install လုပ်ထားလိုက်ရုံနဲ့ ကမ္ဘာတစ်ဝန်းက ဘောလုံးပွဲအားလုံးကို ဘယ်နေရာကို ရောက်နေသည်ဖြစ်စေ တိုက်ရိုက် live ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဘောလုံးပွဲတွေကို HD quality နဲ့ ကြည့်ရမှာဖြစ်လို့ တီဗီမှာ ကြည့်ရသလို မြင်ကွင်းတွေကို ကြည်လင်ပြတ်သားစွာ ကြည့်ရမှာ ဖြစ်ပါတယ်။ ချန်ပီယံစ်လိဂ်၊ ယူရိုပါလိဂ်၊ အင်္ဂလိပ်ပရီးမီးယားလိဂ်၊ FA ဖလား၊ လာလီဂါ၊ ဘွန်ဒက်စလီဂါ၊ ဆီးရီးအေ၊ ကမ္ဘာ့ဖလား၊ 2018 ဖီဖာကမ္ဘာ့ဖလား၊ Copa de Rey၊ Coppa Italia ၊ MLS ၊ Ligue1 ၊ UEFA Euro အပါအဝင် ကမ္ဘာတစ်ဝန်းကျင်းပနေတဲ့ ဘောလုံးပွဲတွေထဲကနေ သင်နှစ်သက်ရာပွဲကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့စမတ်ဖုန်းပေါ်မှာ အထစ်အငေါ့မရှိ အနှောင့်အယှက်မရှိ ကြည့်ရှုနိုင်မှာဖြစ်လို့ ဘောလုံးဝါသနာရှင်တွေအတွက် အလွန်အဆင်ပြေမယ့် app တစ်ခုလို့ ပြောရမှာ ဖြစ်ပါတယ်။ အသုံးပြုဖို့အတွက် Android 4.4 နဲ့အထက် လိုအပ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Live Football TV

