iPhone ရဲ့နောက်ဆုံးထွက်မော်ဒယ်တွေထဲကမှ Pro version ဖြစ်တဲ့ iPhone 11 Pro ဟာ iPhone ရဲ့ 13th generation ဖြစ်တဲ့ Flagship စမတ်ဖုန်းတစ်လုံးဖြစ်ပြီး Pro version ဖြစ်တဲ့အတွက် စွမ်းဆောင်ရည်တွေ ကတော့ အံ့မခန်းပဲဖြစ်ပြီး အရှေ့ကင်မရာရော အနောက်ကင်မရာပါ တော်တော်လေးသိသိသာသာ ပိုမို ကောင်းမွန်လာပါတယ်။ ၎င်းဟာ ပြီးခဲ့တဲ့စက်တင်လာလလောက်က iPhone 11, iPhone 11 Pro Max နဲ့ အတူတူ ထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ ထွက်ရှိလာတဲ့ iPhones တွေအကုန်လုံးရဲ့ နောက်ကျောဘက်ဒီဇိုင်းပုံစံ တွေက အတူတူပဲဖြစ်ပြီး အရင် iPhone တွေနဲ့ ကင်မရာအထားအသိုရော Logo နေရာတွေပါ ပြောင်းလဲသွား တာ တွေ့ရပေမယ့် အရှေ့ဘက်မျက်နှာပြင်ဒီဇိုင်းပုံစံကတော့ iPhone X နဲ့ဘာမှမကွာဘဲ Notch ကြီးကတော့ ပါရှိနေပါသေးတယ်။ Network တွေက ပိုမိုကျယ်ပြန့်လာပြီး GSM, CDMA, HSPA, EVDO နဲ့ LTE network  တွေ အကုန်လုံးမှာ အသုံးပြုနိုင်ပါတယ်။ ၎င်းဟာ IP68 Certified ရရှိထားတဲ့အတွက် ဖုန်ဒဏ်နဲ့ ရေဒဏ်တွေကို ခံနိုင်ရည်ရှိပြီး ရေအနက် 4 မီတာမှာ မိနစ် 30 ကြာမျှ ဖုန်းသုံးစွဲနိုင်ပါတယ်။
Design & Build
ဒီဇိုင်းပုံစံက နောက်ဆုံးပေါ် iPhone တစ်လုံးမှန်း သိသိသာသာပဲခေတ်မီဆန်းသစ်မှုရှိပြီး အရှေ့နဲ့အနောက်ကို တူညီတဲ့ Glass တွေနဲ့တည်ဆောက်ထားပြီး ဘေးဘောင်တွေက Stainless Steel Frame တွေပဲဖြစ်ပါတယ်။ မျက်နှာပြင်ကျယ်တဲ့ Notch Design ဖြစ်ပြီး တည်ဆောက်တဲ့ပုံစံနဲ့အနားသတ်လေးတွေက အရင် iPhone  တွေအတိုင်းပဲ သေသေသပ်သပ်ရှိလှပါတယ်။ နောက်ကျောဘက် ဒီဇိုင်းပုံစံရဲ့ လေးထောင့်ကွက်လေးထဲမှာ ကင်မရာ 3 လုံးနဲ့ LED Flash မီးလုံးကိုထည့်ထားပြီး Logo က အလယ်ဘက်ကို ရောက်သွားခြင်းပါပဲ။ ဖုန်းအရွယ်အစားက 144 x 71.4 x 8.1 mm ရှိပြီး အလေးချိန်က 188g လေးပါတယ်။ ဖုန်းရဲ့အရှေ့နဲ့ အနောက်ကို တပ်ဆင်ပေးထားတဲ့ Glass တွေက အလွန်အကြမ်းခံနိုင်ပြီး ပြုတ်ကျမှုဒဏ်တွေကို ခံနိုင်ရည်ရှိ သလို အဆင်းရာအခြစ်ရာတွေကို အလွယ်တကူမဖြစ်စေတဲ့ fingerprint sensor ကို အသုံးပြုပေးထားပါတယ်။ ဖုန်းလုံခြုံရေးပိုင်းအတွက်ကတော့ iPhone X အတိုင်းပဲ အဆင့်မြင့် FACE ID စနစ်ကိုပဲ ထည့်သွင်းပေးထား ပါတယ်။ ၎င်းကို ထုတ်လုပ်ပေးတဲ့အရောင်တွေကတော့ Space Gray, Silver, Gold, Midnight Green (matte colors) ဆိုတဲ့ အရောင် 3 ရောင်ပဲဖြစ်ပါတယ်။
Display
မျက်နှာပြင်က 5.8-Inch ကျယ်ပြီး Super Retina XDR OLED capacitive touchscreen, 16M colors display နဲ့ပြုလုပ်ထားပါတယ်။ ၎င်းမျက်နှာပြင်က 1125 x 2436 pixels စွမ်းအားရှိတဲ့မြင်ကွင်းတွေကို ပြသနိုင် ပါတယ်။ အပေါ်ကနေအကြမ်းခံအောင် Scratch-resistant glass, oleophobic coating နဲ့ပြုလုပ် ပေးထားလို့ ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်ကိုပြသနိုင်သလို ပြုတ်ကျမှုဒဏ်တွေကိုလည်း တော်တော်လေးခံနိုင်ရည်ရှိ ပါတယ်။
Operating System and Camera
အထဲမှာ iOS 13 ကို run ထားပြီး iOS 13.1.2 ကို ထပ်မံအဆင့်မြှင့်တင်နိုင်ပါတယ်။ 12 MP, f/1.8, 26mm (wide), 1/2.55″, 1.4µm, dual pixel PDAF, OIS + 12 MP, f/2.0, 52mm (telephoto), 1/3.4″, 1.0µm, PDAF, OIS, 2x optical zoom + 12 MP, f/2.4, 13mm (ultrawide) ရှိတဲ့အနောက်ကင်မရာနဲ့ 12 MP, f/2.2, 23mm (wide) + SL 3D camera ရှိတဲ့အရည်အသွေးမြင့် အရှေ့ selfie ကင်မရာတို့ကို တပ်ဆင် ထားပြီး အဆင့်မြင့် features တွေလည်းအများကြီးပါရှိပါတယ်။
Performance
၎င်းမှာ RAM 4GB ပါရှိတဲ့ HHexa-core (2×2.65 GHz Lightning + 4×1.8 GHz Thunder) processor ?Apple A13 Bionic (7 nm+) Chipset နဲ့  Apple GPU 4-core Graphics တို့ကြောင့် အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပေးစွမ်းနိုင်လို့ နောက်ဆုံးပေါ် Apps တွေနဲ့ ဂိမ်းတွေကို အကောင်းဆုံး အသုံးပြုနိုင်ပြီး ရုပ်ထွက်တွေကလည်း အထူးအကောင်းမွန်ပါတယ်။
Battery
၎င်းမှာထည့်သွင်းပေးထားတဲ့ ဘက်ထရီစွမ်းအားကတော့ Non-removable Li-Ion 3046 mAh battery (11.67 Wh) ဖြစ်ပြီး ၎င်းရဲ့ Fast battery charging 18W စနစ်ကြောင့် မိနစ် 30 အတွင်းမှာ ဘက်ထရီ စွမ်းအား 50 ရာခိုင်နှုန်းကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။
Specification 
Display : 5.8″, Super Retina XDR OLED capacitive touchscreen
Memory : 64GB, 4GB RAM, (No Card Slot)
Camera : Triple : 12+12+12 MP / 12 MP + TOF 3D Camera (Front)
OS : iOS 13, upgradable to iOS 13.1.2
Battery : Non-removable Li-Ion 3046 mAh battery
Phone : 09-785222888 (Win Mobile World)
Price : 2,xxx,xxx/-

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

iPhone 11 Pro

iPhone ရဲ႕ေနာက္ဆံုးထြက္ေမာ္ဒယ္ေတြထဲကမွ Pro version ျဖစ္တဲ့ iPhone 11 Pro ဟာ iPhone ရဲ႕ 13th generation ျဖစ္တဲ့ Flagship စမတ္ဖုန္းတစ္လံုးျဖစ္ၿပီး Pro version ျဖစ္တဲ့အတြက္ စြမ္းေဆာင္ရည္ေတြ ကေတာ့ အံ့မခန္းပဲျဖစ္ၿပီး အေရွ႕ကင္မရာေရာ အေနာက္ကင္မရာပါ ေတာ္ေတာ္ေလးသိသိသာသာ ပိုမို ေကာင္းမြန္လာပါတယ္။ ၎ဟာ ၿပီးခဲ့တဲ့စက္တင္လာလေလာက္က iPhone 11, iPhone 11 Pro Max နဲ႔ အတူတူ ထြက္ရွိလာခဲ့တာပဲျဖစ္ပါတယ္။ ထြက္ရွိလာတဲ့ iPhones ေတြအကုန္လံုးရဲ႕ ေနာက္ေက်ာဘက္ဒီဇိုင္းပံုစံ ေတြက အတူတူပဲျဖစ္ၿပီး အရင္ iPhone ေတြနဲ႔ ကင္မရာအထားအသိုေရာ Logo ေနရာေတြပါ ေျပာင္းလဲသြား တာ ေတြ႕ရေပမယ့္ အေရွ႕ဘက္မ်က္ႏွာျပင္ဒီဇုိင္းပံုစံကေတာ့ iPhone X နဲ႔ဘာမွမကြာဘဲ Notch ႀကီးကေတာ့ ပါရွိေနပါေသးတယ္။ Network ေတြက ပိုမိုက်ယ္ျပန္႔လာၿပီး GSM, CDMA, HSPA, EVDO နဲ႔ LTE network  ေတြ အကုန္လံုးမွာ အသံုးျပဳႏုိင္ပါတယ္။ ၎ဟာ IP68 Certified ရရွိထားတဲ့အတြက္ ဖုန္ဒဏ္နဲ႔ ေရဒဏ္ေတြကို ခံႏုိင္ရည္ရွိၿပီး ေရအနက္ 4 မီတာမွာ မိနစ္ 30 ၾကာမွ် ဖုန္းသံုးစြဲႏုိင္ပါတယ္။
Design & Build
ဒီဇုိင္းပံုစံက ေနာက္ဆံုးေပၚ iPhone တစ္လံုးမွန္း သိသိသာသာပဲေခတ္မီဆန္းသစ္မႈရွိၿပီး အေရွ႕နဲ႔အေနာက္ကို တူညီတဲ့ Glass ေတြနဲ႔တည္ေဆာက္ထားၿပီး ေဘးေဘာင္ေတြက Stainless Steel Frame ေတြပဲျဖစ္ပါတယ္။ မ်က္ႏွာျပင္က်ယ္တဲ့ Notch Design ျဖစ္ၿပီး တည္ေဆာက္တဲ့ပံုစံနဲ႔အနားသတ္ေလးေတြက အရင္ iPhone  ေတြအတိုင္းပဲ ေသေသသပ္သပ္ရွိလွပါတယ္။ ေနာက္ေက်ာဘက္ ဒီဇုိင္းပံုစံရဲ႕ ေလးေထာင့္ကြက္ေလးထဲမွာ ကင္မရာ 3 လံုးနဲ႔ LED Flash မီးလံုးကိုထည့္ထားၿပီး Logo က အလယ္ဘက္ကို ေရာက္သြားျခင္းပါပဲ။ ဖုန္းအရြယ္အစားက 144 x 71.4 x 8.1 mm ရွိၿပီး အေလးခ်ိန္က 188g ေလးပါတယ္။ ဖုန္းရဲ႕အေရွ႕နဲ႔ အေနာက္ကို တပ္ဆင္ေပးထားတဲ့ Glass ေတြက အလြန္အၾကမ္းခံႏိုင္ၿပီး ျပဳတ္က်မႈဒဏ္ေတြကို ခံႏုိင္ရည္ရွိ သလုိ အဆင္းရာအျခစ္ရာေတြကို အလြယ္တကူမျဖစ္ေစတဲ့ fingerprint sensor ကို အသံုးျပဳေပးထားပါတယ္။ ဖုန္းလံုၿခံဳေရးပိုင္းအတြက္ကေတာ့ iPhone X အတိုင္းပဲ အဆင့္ျမင့္ FACE ID စနစ္ကိုပဲ ထည့္သြင္းေပးထား ပါတယ္။ ၎ကို ထုတ္လုပ္ေပးတဲ့အေရာင္ေတြကေတာ့ Space Gray, Silver, Gold, Midnight Green (matte colors) ဆိုတဲ့ အေရာင္ 3 ေရာင္ပဲျဖစ္ပါတယ္။
Display
မ်က္ႏွာျပင္က 5.8-Inch က်ယ္ၿပီး Super Retina XDR OLED capacitive touchscreen, 16M colors display နဲ႔ျပဳလုပ္ထားပါတယ္။ ၎မ်က္ႏွာျပင္က 1125 x 2436 pixels စြမ္းအားရွိတဲ့ျမင္ကြင္းေတြကို ျပသႏုိင္ ပါတယ္။ အေပၚကေနအၾကမ္းခံေအာင္ Scratch-resistant glass, oleophobic coating နဲ႔ျပဳလုပ္ ေပးထားလုိ႔ ၾကည္လင္ျပတ္သားတဲ့ ႐ုပ္ထြက္ကိုျပသႏိုင္သလို ျပဳတ္က်မႈဒဏ္ေတြကိုလည္း ေတာ္ေတာ္ေလးခံႏိုင္ရည္ရွိ ပါတယ္။
Operating System and Camera
အထဲမွာ iOS 13 ကို run ထားၿပီး iOS 13.1.2 ကို ထပ္မံအဆင့္ျမႇင့္တင္ႏိုင္ပါတယ္။ 12 MP, f/1.8, 26mm (wide), 1/2.55″, 1.4µm, dual pixel PDAF, OIS + 12 MP, f/2.0, 52mm (telephoto), 1/3.4″, 1.0µm, PDAF, OIS, 2x optical zoom + 12 MP, f/2.4, 13mm (ultrawide) ရွိတဲ့အေနာက္ကင္မရာနဲ႔ 12 MP, f/2.2, 23mm (wide) + SL 3D camera ရွိတဲ့အရည္အေသြးျမင့္ အေရွ႕ selfie ကင္မရာတုိ႔ကို တပ္ဆင္ ထားၿပီး အဆင့္ျမင့္ features ေတြလည္းအမ်ားႀကီးပါရွိပါတယ္။
Performance
၎မွာ RAM 4GB ပါရွိတဲ့ HHexa-core (2×2.65 GHz Lightning + 4×1.8 GHz Thunder) processor ?Apple A13 Bionic (7 nm+) Chipset နဲ႔  Apple GPU 4-core Graphics တို႔ေၾကာင့္ အေကာင္းဆံုး စြမ္းေဆာင္ရည္ေတြကို ေပးစြမ္းႏိုင္လုိ႔ ေနာက္ဆံုးေပၚ Apps ေတြနဲ႔ ဂိမ္းေတြကို အေကာင္းဆံုး အသံုးျပဳႏုိင္ၿပီး ႐ုပ္ထြက္ေတြကလည္း အထူးအေကာင္းမြန္ပါတယ္။
Battery
၎မွာထည့္သြင္းေပးထားတဲ့ ဘက္ထရီစြမ္းအားကေတာ့ Non-removable Li-Ion 3046 mAh battery (11.67 Wh) ျဖစ္ၿပီး ၎ရဲ႕ Fast battery charging 18W စနစ္ေၾကာင့္ မိနစ္ 30 အတြင္းမွာ ဘက္ထရီ စြမ္းအား 50 ရာခိုင္ႏႈန္းကို လ်င္ျမန္စြာ ျပန္လည္ျဖည့္တင္းေပးႏိုင္ပါတယ္။
Specification 
Display : 5.8″, Super Retina XDR OLED capacitive touchscreen
Memory : 64GB, 4GB RAM, (No Card Slot)
Camera : Triple : 12+12+12 MP / 12 MP + TOF 3D Camera (Front)
OS : iOS 13, upgradable to iOS 13.1.2
Battery : Non-removable Li-Ion 3046 mAh battery
Phone : 09-785222888 (Win Mobile World)
Price : 2,xxx,xxx/-
NetGuide Journal (Every Wednesday)