Huawei က နောက်ဆုံးဖန်တီးလာတဲ့ အကြီးကျယ်ဆုံးနဲ့ စိတ်ဝင်စားဖို့အကောင်းဆုံးစနစ်ကတော့ Huawei HiCar ဖြစ်ပါတယ်။  Huawei HiCar ကြောင့် အသုံးပြုသူများအနေဖြင့် စမတ်ဖုန်းကို အသုံးပြုကာ ကားကို ထိန်းချုပ်အသုံး ပြုနိုင်ပါမယ်။

Huawei HiCar မှာအသုံးပြုသူများအနေဖြင့် ကားကို များစွာထိန်းချုပ်သုံးနိုင်အောင် လုပ်ဆောင်ထားတာတွေ့ရပါ တယ်။ ဦးစွာပြောရမယ်ဆိုရင် အသုံးပြုသူများအနေဖြင့် ကားရဲ့အော်တိုမစ်တစ်စနစ်များကိုထိန်းချုပ် အသုံးပြုနိုင် ပါမယ်။ ပြောရမယ်ဆိုရင် အဲယားကွန်းအတိုးအမြှင့်လုပ်ခြင်း၊ မှန်အတင်အချလုပ်ခြင်း၊ ကားတံခါးဖွင့်ခြင်း ပိတ်ခြင်း၊ ကားကင်မရာဖြင့် ဓာတ်ပုံရိုက်ခြင်းဗီဒီယိုရိုက်ခြင်းတို့ ပြုလုပ်နိုင်ပါမယ်။

စမတ်ဖုန်းကိုကားနဲ့ ချိတ်ဆက်လိုက်ချိန်မှာကားရုပ်ထွက်မှာ အသုံးပြုနိုင်မယ့်စနစ်များပြသလာပါမယ်။ ယင်း အထဲမှာဖုန်းခေါ်ခြင်း၊ သီချင်းဖွင့်ခြင်း။ ဦးတည်ရာကြည့်ခြင်းအပြင် Voice Assistant လည်းသုံးနိုင်ပါမယ်။

အထက်ပါစနစ်များကို ပထမဆုံးသုံးနိုင်မယ့် စမတ်ဖုန်းကတော့ Huawei Mate 30 နဲ့ Mate 30 Pro ဖြစ်ပါတယ်။ အထက်ပါစနစ်များကို Huawei အဆင့်မြင့်စမတ်ဖုန်းများမှာသာ အသုံးပြုနိုင်တာဖြစ်လို့ P စီးရီးလည်းသုံးလာနိုင်ဖို့ ရှိပါတယ်။

https://youtu.be/vMoPvk_3CFE

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Huawei HiCar ေၾကာင့္ စမတ္ဖုန္းျဖင့္ ကားကိုထိန္းခ်ဳပ္သုံးနိုင္မည္

Huawei က ေနာက္ဆုံးဖန္တီးလာတဲ့ အႀကီးက်ယ္ဆုံးနဲ႔ စိတ္ဝင္စားဖို႔အေကာင္းဆုံးစနစ္ကေတာ့ Huawei HiCar ျဖစ္ပါတယ္။ Huawei HiCar ေၾကာင့္ အသုံးျပဳသူမ်ားအေနျဖင့္ စမတ္ဖုန္းကို အသုံးျပဳကာ ကားကို ထိန္းခ်ဳပ္အသုံးျပဳနိုင္ပါမယ္။

Huawei HiCar မွာအသုံးျပဳသူမ်ားအေနျဖင့္ ကားကို မ်ားစြာထိန္းခ်ဳပ္သုံးနိုင္ေအာင္ လုပ္ေဆာင္ထားတာေတြ႕ရပါ တယ္။ ဦးစြာေျပာရမယ္ဆိုရင္ အသုံးျပဳသူမ်ားအေနျဖင့္ ကားရဲ့ေအာ္တိုမစ္တစ္စနစ္မ်ားကိုထိန္းခ်ဳပ္ အသုံးျပဳနိုင္ ပါမယ္။ ေျပာရမယ္ဆိုရင္ အဲယားကြန္းအတိုးအျမႇင့္လုပ္ျခင္း၊ မွန္အတင္အခ်လုပ္ျခင္း၊ ကားတံခါးဖြင့္ျခင္း ပိတ္ျခင္း၊ ကားကင္မရာျဖင့္ ဓာတ္ပုံရိုက္ျခင္းဗီဒီယိုရိုက္ျခင္းတို႔ ျပဳလုပ္နိုင္ပါမယ္။

စမတ္ဖုန္းကိုကားနဲ႔ ခ်ိတ္ဆက္လိုက္ခ်ိန္မွာကား႐ုပ္ထြက္မွာ အသုံးျပဳနိုင္မယ့္စနစ္မ်ားျပသလာပါမယ္။ ယင္း အထဲမွာဖုန္းေခၚျခင္း၊ သီခ်င္းဖြင့္ျခင္း။ ဦးတည္ရာၾကည့္ျခင္းအျပင္ Voice Assistant လည္းသုံးနိုင္ပါမယ္။

အထက္ပါစနစ္မ်ားကို ပထမဆုံးသုံးနိုင္မယ့္ စမတ္ဖုန္းကေတာ့ Huawei Mate 30 နဲ႔ Mate 30 Pro ျဖစ္ပါတယ္။ အထက္ပါစနစ္မ်ားကို Huawei အဆင့္ျမင့္စမတ္ဖုန္းမ်ားမွာသာ အသုံးျပဳနိုင္တာျဖစ္လို႔ P စီးရီးလည္းသုံးလာနိုင္ဖို႔ ရွိပါတယ္။

NetGuide Journal (Every Wednesday)