Hide it Pro ဟာ သင့်ဖုန်းထဲက ပုံတွေ၊ ဗီဒီယိုတွေနဲ့ အရေးကြီး file တွေကို လျှို့ဝှက်သိမ်းဆည်းထားဖို့အတွက် အသုံးပြုနိုင်တဲ့ app တစ်ခု ဖြစ်ပါတယ်။ ပုံတွေ၊ ဗီဒီယိုတွေ ပြန်သုံးမယ့်အခါကျရင် pin password ၊ pattern တို့ကိုရိုက်ပြီး  အလွယ်တကူ ပြန်ဖွင့်နိုင်သလို fingerprint  နဲ့လည်း ဖွင့်နိုင်ပါတယ်။ တစ်ခြားတစ်ယောက်ယောက်ဆီ ကိုယ့်ရဲ့ဖုန်းရောက်သွားလို့ privacy ကျိုးပေါက်မှာ စိုးရိမ်စရာမလိုရအောင် ဒီ app ကို အသုံးပြုနိုင်မှာပါ။ app  ကိုုယ်တိုင်က Audio Manager အဖြစ်နဲ့ ပုံစံပြောင်းမြင်ရမှာဖြစ်လို့ file တွေ လျှို့ဝှက်သိမ်းဆည်းထားရာနေရာဆိုတာကို တစ်ခြားသူတွေ မရိပ်မိနိုင်ပါဘူး။ အဲဒီကနေ အသံအတိုးအကျယ်လည်း လုပ်နိုင်မှာပါ။ Icon ပေါ်မှာ ခပ်ကြာကြာဖိထားလိုက်မယ်ဆိုရင်တော့ Hide it Pro ဆိုတဲ့နာမည်နဲ့ ပေါ်လာမှာပါ။ App icon ကိုလည်း ဖုန်းရဲ့ app drawer ကနေ ဖျောက်ထားနိုင်ပါသေးတယ်။ Photo hiding app တစ်ခုမျှမကဘဲ သင့်ရဲ့ data တွေကိုပါ အပြည့်အဝကာကွယ်ပေးနိုင်တဲ့ app တစ်ခု ဖြစ်ပါတယ်။ Android 4.1 နဲ့အထက်မှာ သုံးနိုင်ပါတယ်။
NetGuide Journal (Every Wednesday)
——————————————————————————————————–
(Zawgyi Version)
Hide Photo, Video And App Lock- Hide It Pro