Google Pixel 4 နဲ့ 4 XL ဖုန်းတွေကို မိတ်ဆက်ဖို့ရက်ဟာ သိပ်မလိုတော့ပါဘူး။ ဒါကြောင့် အဲ့ဒီဖုန်းတွေနဲ့ ပတ်သတ်တဲ့ အချက်အလက် အကြောင်းအရာတွေလည်း ပေါက်ကြားထွက်ရှိနေပါတယ်။ ဒီနေ့ထပ်ထွက်လာတဲ့သတင်းဆိုးလား သတင်းကောင်းလားတောင် ခွဲခြားဖို့ခက်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ Google Pixel 4 ၊ 4 XL ဖုန်းတွေရဲ့ ဈေးနှုန်းတွေ ထွက်လာတာပါ။

ကနေဒါမှာ ရောင်းချလာ့မယ့် ဈေးနှုန်းတွေလို့ သိရပြီးအခြေခံဈေးနှုန်းဖြစ်တဲ့ 64GB storage ကတောင် ကနေဒါငွေ ဒေါ်လာ ၁ ထောင်ကျော်နေပါတယ်။ Evan Blass ဆီကနေ ထွက်လာတဲ့ သတင်းဖြစ်ပြီး Pixel 4 duo (Canadian dollars) တွေနဲ့ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ဒါဟာ Pixel 3 နဲ့ Pixel 3 XL ဖုန်းတွေထက်ပိုများတဲ့ ဈေးနှုန်းပါ။ Pixel 4 64GB – CA$ 1050 ၊ Pixel 4 128GB – CA$ 1200 ၊ Pixel 4 XL 64GB ကတော့ CA$ 1200 ၊ Google Pixel 4 XL 128GB ကို CA$ 1360 ဈေးနှုန်းတွေ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

Google အနေနဲ့ စမတ်ဖုန်းသစ်တွေဖြစ်တဲ့ Pixel 4 နဲ့ Pixel 4 XL ဖုန်းတွေကို အောက်တိုဘာ ၁၅ ရက်နေ့ နယူးယောက်မှာ မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ သတင်းတွေအရ Pixel 4 မှာ ၅.၇ လက်မ FHD+ Display နဲ့ အရွယ်ကြီး ဖုန်းလို့ ဆိုရမယ့် Pixel 4 XL မှာ ၆.၃ လက်မ QHD+ Display ပါလာမှာပါ။ ကင်မရာပိုင်းအတွက် Motion Mode နာမည်ရ ကင်မရာ လုပ်ဆောင်ချက် အသစ်ကိုလည်း ထည့်သွင်းလာမယ်လို့ သိရပါတယ်။ ဘက်ထရီကတော့ Pixel 4 မှာ 2800mAh နဲ့ Pixel 4 XL မှာ 3700mAh ဖြစ်ဖို့များပါတယ်။

zawgyi

Google Pixel 4 ကိုေရာင္းခ်မယ့္ေဈးႏႈန္းေတြ ေပါက္ၾကားလာ

Google Pixel 4 နဲ႔ 4 XL ဖုန္းေတြကို မိတ္ဆက္ဖို႔ရက္ဟာ သိပ္မလိုေတာ့ပါဘူး။ ဒါေၾကာင့္ အဲ့ဒီဖုန္းေတြနဲ႔ ပတ္သတ္တဲ့ အခ်က္အလက္ အေၾကာင္းအရာေတြလည္း ေပါက္ၾကားထြက္ရွိေနပါတယ္။ ဒီေန႔ထပ္ထြက္လာတဲ့သတင္းဆိုးလား သတင္းေကာင္းလားေတာင္ ခြဲျခားဖို႔ခက္ေနပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ Google Pixel 4 ၊ 4 XL ဖုန္းေတြရဲ႕ ေဈးႏႈန္းေတြ ထြက္လာတာပါ။

ကေနဒါမွာ ေရာင္းခ်လာ့မယ့္ ေဈးႏႈန္းေတြလို႔ သိရၿပီးအေျခခံေဈးႏႈန္းျဖစ္တဲ့ 64GB storage ကေတာင္ ကေနဒါေငြ ေဒၚလာ ၁ ေထာင္ေက်ာ္ေနပါတယ္။ Evan Blass ဆီကေန ထြက္လာတဲ့ သတင္းျဖစ္ၿပီး Pixel 4 duo (Canadian dollars) ေတြနဲ႔ျဖစ္ပါတယ္။ ေျပာရမယ္ဆိုရင္ ဒါဟာ Pixel 3 နဲ႔ Pixel 3 XL ဖုန္းေတြထက္ပိုမ်ားတဲ့ ေဈးႏႈန္းပါ။ Pixel 4 64GB – CA$ 1050 ၊ Pixel 4 128GB – CA$ 1200 ၊ Pixel 4 XL 64GB ကေတာ့ CA$ 1200 ၊ Google Pixel 4 XL 128GB ကို CA$ 1360 ေဈးႏႈန္းေတြ သတ္မွတ္ထားတယ္လို႔ သိရပါတယ္။

Google အေနနဲ႔ စမတ္ဖုန္းသစ္ေတြျဖစ္တဲ့ Pixel 4 နဲ႔ Pixel 4 XL ဖုန္းေတြကို ေအာက္တိုဘာ ၁၅ ရက္ေန႔ နယူးေယာက္မွာ မိတ္ဆက္ေပးေတာ့မွာ ျဖစ္ပါတယ္။ သတင္းေတြအရ Pixel 4 မွာ ၅.၇ လက္မ FHD+ Display နဲ႔ အ႐ြယ္ႀကီး ဖုန္းလို႔ ဆိုရမယ့္ Pixel 4 XL မွာ ၆.၃ လက္မ QHD+ Display ပါလာမွာပါ။ ကင္မရာပိုင္းအတြက္ Motion Mode နာမည္ရ ကင္မရာ လုပ္ေဆာင္ခ်က္ အသစ္ကိုလည္း ထည့္သြင္းလာမယ္လို႔ သိရပါတယ္။ ဘက္ထရီကေတာ့ Pixel 4 မွာ 2800mAh နဲ႔ Pixel 4 XL မွာ 3700mAh ျဖစ္ဖို႔မ်ားပါတယ္။