Garena Free Fire ကတော့ တိုက်ခိုက်ရေးဂိမ်းတွေကို နှစ်သက်သူတွေအတွက် နောက်ဆုံးထွက် multiplayer shooter ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဂိမ်းရဲ့ အဓိကဦးတည်ချက်က ပြိုင်ဘက်ကစားသမားအားလုံးကိုရှင်းပြီး ကျွန်းပေါ်မှာ တစ်ယောက်တည်း အသက်ရှင်ကျန်တဲ့အထိ ပစ်ခတ်တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ ကစားသူအနေနဲ့ ကိုယ့်ရဲ့စမှတ်ကို လေထီးနဲ့ခုန်ဆင်းကာ လွတ်လပ်စွာ ရွေးချယ်နိုင်ပြီး ဘေးကင်းဇုန်မှာ တတ်နိုင်သမျှ ကြာကြာနေနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ကျွန်းကြီးအနှံ့ကို ယာဉ်တစ်စင်းနဲ့ပတ်သွားပြီး ကိုယ့်ကိုရန်သူတွေမမြင်အောင် ကတုတ်ကျင်းတွေမှာ ပုန်းခိုတာ၊ မြက်ပင်တွေအောက်တွားသွားတာ၊ ရန်သူတွေကို ချုံခိုတိုက်ခိုက်တာ၊ ချောင်းပစ်တာတို့ ပြုလုပ်ပြီးတော့ အသက်ရှင်ကျန်ရေး ကြိုးစားရမှာပါ။ အခြားကစားသမား 49 ဦးနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ပြီး 10 မိနစ်စာ ဂိမ်းတစ်ခုစီအတွင်း ကျန်လူတွေကို အကုန်ရှင်းနိုင်ဖို့ လိုပါတယ်။ ကစားသမား 4 ယောက်အထိ ပူးပေါင်းအဖွဲ့ဖွဲ့ပြီး အဖွဲ့ဝင်အချင်းချင်း text (သို့မဟုတ်) voice chat နဲ့ဆက်သွယ်ကာ နည်းဗျူဟာကျကျနဲ့ တိုက်ခိုက်နိုင်ပါတယ်။ Android 4.0.3 နဲ့အထက်မှာ ကစားနိုင်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Garena Free Fire

Garena Free Fire ကေတာ့ တုိက္ခုိက္ေရးဂိမ္းေတြကို ႏွစ္သက္သူေတြအတြက္ ေနာက္ဆံုးထြက္ multiplayer shooter ဂိမ္းတစ္ခု ျဖစ္ပါတယ္။ ဂိမ္းရဲ႕ အဓိကဦးတည္ခ်က္က ၿပိဳင္ဘက္ကစားသမားအားလံုးကိုရွင္းၿပီး ကြၽန္းေပၚမွာ တစ္ေယာက္တည္း အသက္ရွင္က်န္တဲ့အထိ ပစ္ခတ္တိုက္ခုိက္ရမွာ ျဖစ္ပါတယ္။ ကစားသူအေနနဲ႔ ကိုယ့္ရဲ႕စမွတ္ကို ေလထီးနဲ႔ခုန္ဆင္းကာ လြတ္လပ္စြာ ေရြးခ်ယ္ႏိုင္ၿပီး ေဘးကင္းဇုန္မွာ တတ္ႏိုင္သမွ် ၾကာၾကာေနႏိုင္ဖုိ႔ ႀကိဳးစားရမွာ ျဖစ္ပါတယ္။ ကြၽန္းႀကီးအႏွံ႔ကို ယာဥ္တစ္စင္းနဲ႔ပတ္သြားၿပီး ကိုယ့္ကိုရန္သူေတြမျမင္ေအာင္ ကတုတ္က်င္းေတြမွာ ပုန္းခိုတာ၊ ျမက္ပင္ေတြေအာက္တြားသြားတာ၊ ရန္သူေတြကို ခ်ံဳခိုတုိက္ခိုက္တာ၊ ေခ်ာင္းပစ္တာတို႔ ျပဳလုပ္ၿပီးေတာ့ အသက္ရွင္က်န္ေရး ႀကိဳးစားရမွာပါ။ အျခားကစားသမား 49 ဦးနဲ႔ ယွဥ္ၿပိဳင္တိုက္ခိုက္ၿပီး 10 မိနစ္စာ ဂိမ္းတစ္ခုစီအတြင္း က်န္လူေတြကို အကုန္ရွင္းႏိုင္ဖုိ႔ လိုပါတယ္။ ကစားသမား 4 ေယာက္အထိ ပူးေပါင္းအဖြဲ႕ဖြဲ႕ၿပီး အဖြဲ႕ဝင္အခ်င္းခ်င္း text (သို႔မဟုတ္) voice chat နဲ႔ဆက္သြယ္ကာ နည္းဗ်ဴဟာက်က်နဲ႔ တုိက္ခိုက္ႏိုင္ပါတယ္။ Android 4.0.3 နဲ႔အထက္မွာ ကစားႏိုင္ပါတယ္။

NetGuide Journal (Every Wednesday)