Sony ဟာ Xperia 8 လို့ အမည်ပေးထားတဲ့ စမတ်ဖုန်းသစ်တစ်လုံးကိုကြေညာလာပါတယ်။ Sony Xperia 8 က ယခုနှစ်အစောပိုင်းကကြေညာခဲ့တဲ့ Xperia 10 နဲ့ ဒီဇိုင်းပိုင်းတူပေမယ့် ကွဲပြားတာတွေလည်းရှိနေပါတယ်။

Sony Xperia 8 Specifications နဲ့ Features

Xperia 8 က IPX5/X8 ရရှိထားတာကြောင့် ရေစိမ်ခံနိုင်တဲ့အပြင် ဖုန်ဒဏ်လည်းခံနိုင်ပါတယ်။ ဖုန်းရဲ့ အတိုင်းအတာက 158x59x8.1mm ရှိကာအလေးချိန် 170g ရှိပါတယ်။ မျက်နှာပြင်နဲ့ ကျောဘက်တို့မှာ Gorilla Glass 6 အသုံးပြုထားပါတယ်။ မျက်နှာပြင် 6 လက်မရှိပြီး IPS LCD Triluminous FHD+ ရုပ်ထွက်သုံးထားပါတယ်။  21:9 Aspect Ratio သုံးထားကာရှည်ရှည်မျောမျောဖြစ်နေပြီးရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားခြင်းတို့ ပြုလုပ်တဲ့အခါ ကောင်းမွန်တဲ့ အတွေ့အကြုံရရှိပါမယ်။ Android 9 Pie OS အခြေခံ Xperia UI သုံးထားပါတယ်။ ရှည်လျားတဲ့ ရုပ်ထွက်သုံးထားတာနဲ့အညီ Split-Screen Mode ပါဝင်ကာ App နှစ်ခုကို တစ်ပြိုင်တည်းသုံးနိုင်ပါမယ်။

 

ကျောဘက်ကင်မရာနှစ်လုံးက 12MP f/1.8 နဲ့ 8MP f/2.4 Telephoto (2x Optical Zoom) ဖြစ်ပါတယ်။ ဗီဒီယိုရိုက်ကူးမှုကို 4K ဖြင့် ထောက်ပံ့ထားပြီး EIS ပါဝင်ပါတယ်။ 120fps Slow-Motion ဗီဒီယိုရိုက်ခြင်းတို့ ပြုလုပ်နိုင်ပါမယ်။  ရှေ့ကင်မရာက 8MP f/2.0 ဖြစ်ပါတယ်။

 

Snapdragon 630 SoC ၊ RAM4GB နဲ့ အထိုင်ချထားကာ Storage 64GB ပါဝင်ပါတယ်။ ဘက်ထရီ 2760 mAhပါဝင်ပါတယ်။ လက်ဗွေရာစနစ်ကိုဘောင်မှာထည့်သွင်းထားပြီး Google Asssistantပါဝင်ပါတယ်။ 4G VoLTE ၊ WiFi 802.11ac ၊ Bluetooth 5.0 ၊ NFC ၊ USB Type C ၊ LDAC ၊ Hi-Res Audio ၊ DSEE HX Digital Sound Enhancement Engine တို့လည်းထောက်ပံ့ထားပါတယ်။

 

Sony Xperia 8 ရဲ့ ဈေးနူန်းနဲ့ ရွေးချယ်နိုင်မယ့်အရောင်

Sony Xperia 8 ကိုဈေးနူန်းဒေါ်လာ 505 သတ်မှတ်ထားပါတယ်။ ဒီဖုန်းကိုအောက်တိုဘာလနှောင်းပိုင်းမှာ ဂျပန်မှာစတင်ရောင်းချသွားပါမယ်။ ဒီဖုန်းကိုအဖြူရောင်၊ အနက်ရောင်၊ လိမ္မော်ရောင်၊ အပြာရောင်တို့နဲ့ ရွေးချယ်နိုင်ပါမယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

21:9 Display ၊ SD630 နဲ႔ 12MP ေက်ာဘက္ကင္မရာႏွစ္လုံးပါဝင္တဲ့ Sony Xperia 8

Sony ဟာ Xperia 8 လို႔ အမည္ေပးထားတဲ့ စမတ္ဖုန္းသစ္တစ္လုံးကိုေၾကညာလာပါတယ္။ Sony Xperia 8 က ယခုႏွစ္အေစာပိုင္းကေၾကညာခဲ့တဲ့ Xperia 10 နဲ႔ ဒီဇိုင္းပိုင္းတူေပမယ့္ ကြဲျပားတာေတြလည္းရွိေနပါတယ္။

Sony Xperia 8 Specifications နဲ႔ Features

Xperia 8 က IPX5/X8 ရရွိထားတာေၾကာင့္ ေရစိမ္ခံနိုင္တဲ့အျပင္ ဖုန္ဒဏ္လည္းခံနိုင္ပါတယ္။ ဖုန္းရဲ့ အတိုင္းအတာက 158x59x8.1mm ရွိကာအေလးခ်ိန္ 170g ရွိပါတယ္။ မ်က္ႏွာျပင္နဲ႔ ေက်ာဘက္တို႔မွာ Gorilla Glass 6 အသုံးျပဳထားပါတယ္။ မ်က္ႏွာျပင္ 6 လက္မရွိၿပီး IPS LCD Triluminous FHD+ ႐ုပ္ထြက္သုံးထားပါတယ္။ 21:9 Aspect Ratio သုံးထားကာရွည္ရွည္ေမ်ာေမ်ာျဖစ္ေနၿပီး႐ုပ္ရွင္ၾကည့္ျခင္း၊ ဂိမ္းကစားျခင္းတို႔ ျပဳလုပ္တဲ့အခါ ေကာင္းမြန္တဲ့ အေတြ႕အၾကဳံရရွိပါမယ္။ Android 9 Pie OS အေျခခံ Xperia UI သုံးထားပါတယ္။ ရွည္လ်ားတဲ့ ႐ုပ္ထြက္သုံးထားတာနဲ႔အညီ Split-Screen Mode ပါဝင္ကာ App ႏွစ္ခုကို တစ္ၿပိဳင္တည္းသုံးနိုင္ပါမယ္။

ေက်ာဘက္ကင္မရာႏွစ္လုံးက 12MP f/1.8 နဲ႔ 8MP f/2.4 Telephoto (2x Optical Zoom) ျဖစ္ပါတယ္။ ဗီဒီယိုရိုက္ကူးမွုကို 4K ျဖင့္ ေထာက္ပံ့ထားၿပီး EIS ပါဝင္ပါတယ္။ 120fps Slow-Motion ဗီဒီယိုရိုက္ျခင္းတို႔ ျပဳလုပ္နိုင္ပါမယ္။ ေရွ႕ကင္မရာက 8MP f/2.0 ျဖစ္ပါတယ္။

Snapdragon 630 SoC ၊ RAM4GB နဲ႔ အထိုင္ခ်ထားကာ Storage 64GB ပါဝင္ပါတယ္။ ဘက္ထရီ 2760 mAhပါဝင္ပါတယ္။ လက္ေဗြရာစနစ္ကိုေဘာင္မွာထည့္သြင္းထားၿပီး Google Asssistantပါဝင္ပါတယ္။ 4G VoLTE ၊ WiFi 802.11ac ၊ Bluetooth 5.0 ၊ NFC ၊ USB Type C ၊ LDAC ၊ Hi-Res Audio ၊ DSEE HX Digital Sound Enhancement Engine တို႔လည္းေထာက္ပံ့ထားပါတယ္။

Sony Xperia 8 ရဲ့ ေဈးႏူန္းနဲ႔ ေရြးခ်ယ္နိုင္မယ့္အေရာင္

Sony Xperia 8 ကိုေဈးႏူန္းေဒၚလာ 505 သတ္မွတ္ထားပါတယ္။ ဒီဖုန္းကိုေအာက္တိုဘာလေႏွာင္းပိုင္းမွာ ဂ်ပန္မွာစတင္ေရာင္းခ်သြားပါမယ္။ ဒီဖုန္းကိုအျဖဴေရာင္၊ အနက္ေရာင္၊ လိေမၼာ္ေရာင္၊ အျပာေရာင္တို႔နဲ႔ ေရြးခ်ယ္နိုင္ပါမယ္။

NetGuide Journal (Every Wednesday)