Samsung Galaxy Note10 စီးရီးကယခုနှစ်မှာ Samsung က ထုတ်လုပ်ရောင်းချလာတဲ့ နောက်ဆုံးအဆင့်မြင့် စမတ်ဖုန်းဖြစ်ပါတယ်။ Samsung ဟာ Galaxy Note10 အပြီးမှာလာမယ့်နှစ်အစောပိုင်းမှာထွက်လာမယ့် Galaxy S11 အတွက် အာရုံစိုက်နေပြီဖြစ်ပါတယ်။ Samsung Galaxy S11 က ထွက်ဖို့ လအနည်းငယ်လိုနေသေးပေမယ့် ဒီဖုန်းနဲ့ပတ်သက်ပြီး သတင်းစာတင်ထွက်ပေါ်လို့ လာပြီဖြစ်ပါတယ်။

SamMobile ရဲ့ ဖော်ပြချက်အရ Samsung Galaxy S11 ကို 2020 ခုနှစ် ဖေဖော်ဝါရီလ တတိယအပတ်မှာ မိတ်ဆက်လာမယ်လို့ သိရပါတယ်။ အတိအကျ ပြောရရင် Samsung Galaxy S11 ကို 2020 ခုနှစ် ဖေဖော်ဝါရီလ 18 ရက်နေ့မှာ မိတ်ဆက်လာဖို့ ရှိနေပါတယ်။

Samsung ဟာ Galaxy S11 ကို MWC ပွဲမတိုင်မီမိတ်ဆက်လာမှာဖြစ်ပါတယ်။ MWC 2020 ပွဲကို 2020 ခုနှစ် ဖေဖော်ဝါရီလ 24 ရက်နေ့မှ ဖေဖော်ဝါရီလ 27 ရက်နေ့အထိကျင်းပမှာဖြစ်ပါတယ်။

Samsung Galaxy S11 က Android 10 အခြေခံ One UI 2.0 သုံးလာမယ့် ပထမဆုံးစမတ်ဖုန်းဖြစ်လာဖို့ ရှိပါတယ်။

Samsung Galaxy S11 မှာပိုမြန်တဲ့ Ultrasonic Fingerprint Scanner 108MP ကင်မရာ၊ 5x Optical Zoom တို့ ပါဝင်လာပါမယ်။ ဈေးကွက်အပေါ်မူတည်ပြီးExynos 9825/Snapdragon 865 သုံးလာမှာဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

2020 ခုနှစ် ဖေဖော်ဝါရီလတွင် Samsung Galaxy S11 ထွက်လာနိုင်




