OPPO ဟာ လာမယ့်အောက်တိုဘာလ 10 ရက်နေ့မှာ တရုတ်မှာစမတ်ဖုန်းသစ်များကို မိတ်ဆက်သွားပါမယ်။ ယင်းပွဲမှာ OPPO Reno Ace နဲ့ OPPO K5 တို့ကို မိတ်ဆက်သွားပါမယ်။ ယနေ့ထွက်ပေါ်လာတဲ့သတင်းအရ OPPO ဟာ ယင်းစမတ်ဖုန်းသစ်နှစ်လုံးအပြင် နောက်ထပ် စမတ်ဖုန်းသစ်တစ်လုံးကိုလည်း ကြေညာလာဦးမှာ ဖြစ်ကြောင်းသိရပါတယ်။ OPPO Reno Ace GUNDAM Edition ကိုလည်း ကြေညာလာမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ OPPO Reno Ace GUNDAM Edition မှာ ဘာတွေပါဝင်လာမလဲဆိုတာမသိရသေးပါဘူး။

OPPO ဟာ လွန်ခဲ့တဲ့လအနည်းငယ်ခန့်တုန်းက GUNDAM နဲ့ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။ GUNDAM က စက်ရုပ်ဇာတ်ကောင်တစ်ကောင်ဖြစ်ပါတယ်။

လတ်တလောမှာ OPPO Reno Ace မှာ အသုံးပြုလာမယ့်စနစ်အပြည့်အစုံပေါက်ကြားထားပြီးဖြစ်ပါတယ်။ ဒီဖုန်းမှာမျက်နှာပြင် 6.5 လက်မ AMOLED FHD+ ရုပ်ထွက်သုံးလာမှာဖြစ်ပြီး In-Display Fingerprint Scanner သုံးလာပါမယ်။ 90Hz Refresh Rate ပါဝင်လာပါမယ်။

2.9GHz Snapdragon 855 နဲ့ပါဝါထောက်ပံ့လာမှာဖြစ်ပြီး RAM12GB ဗားရှင်းနဲ့အထိ ရွေးချယ်နိုင်ပါမယ်။ Storage 128GB ပါဝင်လာပါမယ်။

ဒီဖုန်းမှာ ကျောဘက်ကင်မရာ 48MP+13MP+8MP+2MP တို့သုံးလာမှာဖြစ်ပြီး ရှေ့ကင်မရာ 16MP သုံးလာမှာ ဖြစ်ပါတယ်။ ဘက်ထရီ 4000 mAh ပါဝင်လာမှာဖြစ်ပြီး 65W  SuperVOOC ဖြင့် အားသွင်းနိုင်ပါမယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

အောက်တိုဘာလ 10 ရက်နေ့တွင် Reno Ace GUNDAM Edition ကိုလည်း ကြေညာလာမည်






