မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းက Laptop နဲ့ ချိတ်ဆက်တာ ချိတ်ဆက်လို့မရ ဖြစ်နေလို့ပါ။ ဘာလိုအပ်နေသေးလို့ပါလဲခင်ဗျာ။
ဖြေ – Laptop နဲ့ ချိတ်ဆက်တဲ့နေရာမှာ စဉ်းစားရမှာ နှစ်ချက်ရှိတယ်။ music & video စတဲ့ file transfer အတွက်လောက်သာဆိုရင် ဘာမှလုပ်ဖို့ မလိုပါဘူးခင်ဗျာ။ ဖုန်းရဲ့ USB ခေါင်းကောင်းမကောင်း သေချာစစ်ပါ။ တချို့ဖုန်းတွေက အားသွင်းရင်တော့ဝင်တယ်။ Data အသွင်းအထုတ်လုပ်ရင် မရတာမျိုးရှိတယ်။ အဲ့ဒါဆိုရင် ဆိုင်သွားပြဖို့ လိုပါလိမ့်မယ်။ USB ခေါင်းကောင်းတယ်ဆိုရင်တော့ ဖုန်းကို Laptop နဲ့ ချိတ်ဆက်ပြီး Status bar ကိုဆွဲချပြီး Charging mode ကနေ File Transfer mode ကို ပြောင်းပေးလိုက်ပါ။ ဒါဆို Laptop ရဲ့ D Drive အောက်မှာ Memory Disk လေး ပေါ်လာပါလိမ့်မယ်။ ဒါဆိုရင် သီချင်းတွေ ဇာတ်ကားတွေ Copy ကူးလို့ ရပြီပေါ့ဗျာ။ တကယ်လို့ Contact တွေ App တွေ တိုက်ရိုက် Sync လုပ်ချင်တာမျိုးဆိုရင်တော့ ဖုန်းနည်းပညာ အကြောင်းကို နည်းနည်းပါးပါးတီးမိခေါက်မိဖို့ လိုအပ်လာပါပြီ။ ဖုန်းရဲ့ Setting ထဲက Developer Options မှာ USB Debugging ကို Enable လုပ်ထားဖို့ လိုအပ်သလို Laptop မှာလည်း ဖုန်းအမျိုးအစားနဲ့ ကိုက်ညီတဲ့ Driver တွေ သွင်းထားပေးဖို့ လိုအပ်ပါတယ်။ ပြီးရင်တော့ Hi Suite တို့လို PC Suite တွေ အသုံးပြုပြီး Data တွေ အသွင်းအထုတ်လုပ်လို့ရပါပြီ။ iPhone, iPad တွေအတွက်ကတော့ iTunes ကို Laptop ထဲမှာ Install လုပ်ထားပေးရမယ်။ Data အသွင်းအထုတ်အတွက်က Synios Software ကိုသုံးဖို့ Recommend ပေးလိုပါတယ်။

မေး – ကျွန်တော့်ဖုန်းက OPPO F11 ပါ။ version update မြင့်လိုက်တာမှာ မြန်မာစာတွေမပေါ်တော့လို့ အကြံလေးပေးပါဦးအစ်ကိုရေ။
ဖြေ – ဒီ October လ 1 ရက်နေ့ကစပြီး Unicode ဖောင့်ကို Operator တွေ စသုံးနေပါပြီ။ တစ်နိုင်ငံလုံးလည်း Zawgyi ဖောင့်ကနေ Unicode ပြောင်းလဲဖို့ ကြိုးစားနေကြပါပြီ။ Social Giant ဖြစ်တဲ့ Facebook ကလည်း Unicode ပြောင်းကြဖို့ ဆော်သြနေပြီမို့ ညီလေးရေ ဘာမှခေါင်းစားမနေပါနဲ့။ အဲ့အတိုင်းသာ ဆက်သုံးပါ။ Keyboard ကိုတော့ Unicode ပြောင်းထားပေးဖို့ လိုပါတယ်။ ညီလေးဖုန်းက အရင်က Zawgyi ဖောင့်ကို အသုံးပြုနေတာပါ။ Update လုပ်လိုက်မှ Unicode ပြန်ပြောင်းသွားလို့ မြန်မာစာမမှန် ဖြစ်သွားတာပါ။ ဘာမှမပူပါနဲ့။ အစ်ကိုပြောခဲ့သလို Keyboard သာ Setting ပြန်ညှိပေးလိုက်ပါ။ Unicode ပဲ ဆက်သုံးပါလို့ Recommend ပေးလိုပါတယ်။

မေး – Samsung A50 ပြုတ်ကျပြီး ဘာမှမပေါ်တော့လို့ အစ်ကိုရေ။ ဖုန်းလာတာတို့ဆိုရင်တော့ ကိုင်လို့ရပါတယ်။ ကူညီပါဦးခင်ဗျာ။
ဖြေ – ညီလေးဖုန်းက LCD ထိသွားတာပါ။ Touch ကောင်းနေဆဲပဲမို့ ဖုန်းဝင်လာရင် ကိုင်လို့ရနေတာပါ။ အနီးဆုံးဆိုင်ကိုသာသွားပြီး မှန်လဲဖို့ အကြံပြုလိုက်ပါတယ်။

မေး – ကျွန်တော် အခုလက်ရှိသုံးနေတဲ့ဖုန်းက iPhone 6 Plus ပါ။ ဓာတ်ပုံရိုက်ပြီး 3/4 ရက်လောက်နေတော့ ပုံတွေက ဝါးသွားပါတယ်ခင်ဗျာ။ အဲ့ဒါက ဘာဖြစ်တာပါလဲ။
ဖြေ – 2014 ၊ 2015 ထုတ် iPhone 6 Plus တချို့မှာ ပုံဝါးတဲ့ပြဿနာ ရှိပါတယ်။ Apple ကိုယ်တိုင်က Free of Charge အနေနဲ့ iSight Camera တွေ ပြန်လဲလည်ပေးမယ်လို့ ကြေငြာထားပါတယ်။ အလုံးတိုင်း ပြဿနာဖြစ်တာတော့ မဟုတ်ပါဘူး။ သတ္တုကာဗာတပ်ထားရင် ရိုက်တဲ့အခါ ပိုဝါးစေတတ်ပါတယ်။ ဓာတ်ပုံရိုက်ပြီး သုံးလေးရက်နေမှ ဝါးသွားတာမျိုးကတော့ ဆော့ဖ်ဝဲကြောင့်လည်း ဖြစ်နိုင်သလို ဟက်ဝဲကြောင့်လည်း ဖြစ်နိုင်ပါတယ်။ iOS Update ဖြစ်နေအောင် ဂရုစိုက်ပေးပါ။ ဖြစ်နိုင်ရင် Reset All Setting ချကြည့်သင့်ပါတယ်။ Data တွေ Backup ယူထားဖို့တော့ မမေ့ပါနဲ့။

မေး – ဖုန်းသုံးနေရင်း Application တစ်ခုခုကိုဖွင့်တဲ့အခါ Unfortunately has stopped ဆိုပြီး ပေါ်ပေါ်လာလို့ ဘယ်လိုလုပ်ရမလဲခင်ဗျာ။
ဖြေ – ဒါမျိုးက ဖုန်းကို Virus ဝင်ရင် ဖြစ်တတ်ပါတယ်။ App တစ်ခုလောက်ပဲဖြစ်နေတာဆိုရင် Reinstall လုပ်လိုက်ရုံနဲ့ ရပါတယ်။ Virus ဝင်သွားလို့ဖြစ်တာဆိုရင်တော့ ဖန်းဝဲပြန်တင်ဖို့ လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်။ နီးစပ်ရာဖုန်းဆိုင်သာ အမြန်ပြေးပါ။

မေး – မင်္ဂလာပါအစ်ကိုရေ။ Facebook ကနေ Saved ထားတဲ့ Video တွေကို ဒေါင်းချင်လို့ ဘယ်ကနေ ဒေါင်းရမလဲခင်ဗျာ။
ဖြေ – ဖုန်းနဲ့ ဒေါင်းချင်တာဆိုရင်တော့ Tubemate ကို ကျွန်တော် Recommend ပေးလိုပါတယ်။ Computer နဲ့ ဒေါင်းချင်တာဆိုရင်တော့ Browser Plug-in ထည့်ပေးရပါမယ်။ Firefox မှာဆို Video & Flash ဆိုတဲ့ Extension က အတော်လေးသုံးလို့ အဆင်ပြေပါတယ်။

MC Tech Mobile Services & Training (သာကေတ) ဖုန်း – 09-967157066 မှ ကူညီပံ့ပိုးပါသည်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

အေမးမ်ားေသာ မိုဘိုင္းဖုန္းဆိုင္ရာျပႆနာမ်ား

ေမး – အစ္ကိုေရ ကြၽန္ေတာ့္ဖုန္းက Laptop နဲ႔ ခ်ိတ္ဆက္တာ ခ်ိတ္ဆက္လို႔မရ ျဖစ္ေနလို႔ပါ။ ဘာလိုအပ္ေနေသးလို႔ပါလဲခင္ဗ်ာ။
ေျဖ – Laptop နဲ႔ ခ်ိတ္ဆက္တဲ့ေနရာမွာ စဥ္းစားရမွာ ႏွစ္ခ်က္ရွိတယ္။ music & video စတဲ့ file transfer အတြက္ေလာက္သာဆိုရင္ ဘာမွလုပ္ဖို႔ မလိုပါဘူးခင္ဗ်ာ။ ဖုန္းရဲ႕ USB ေခါင္းေကာင္းမေကာင္း ေသခ်ာစစ္ပါ။ တခ်ဳိ႕ဖုန္းေတြက အားသြင္းရင္ေတာ့ဝင္တယ္။ Data အသြင္းအထုတ္လုပ္ရင္ မရတာမ်ိဳးရွိတယ္။ အဲ့ဒါဆိုရင္ ဆိုင္သြားျပဖို႔ လိုပါလိမ့္မယ္။ USB ေခါင္းေကာင္းတယ္ဆိုရင္ေတာ့ ဖုန္းကို Laptop နဲ႔ ခ်ိတ္ဆက္ၿပီး Status bar ကိုဆြဲခ်ၿပီး Charging mode ကေန File Transfer mode ကို ေျပာင္းေပးလိုက္ပါ။ ဒါဆို Laptop ရဲ႕ D Drive ေအာက္မွာ Memory Disk ေလး ေပၚလာပါလိမ့္မယ္။ ဒါဆိုရင္ သီခ်င္းေတြ ဇာတ္ကားေတြ Copy ကူးလို႔ ရၿပီေပါ့ဗ်ာ။ တကယ္လို႔ Contact ေတြ App ေတြ တိုက္႐ိုက္ Sync လုပ္ခ်င္တာမ်ိဳးဆိုရင္ေတာ့ ဖုန္းနည္းပညာ အေၾကာင္းကို နည္းနည္းပါးပါးတီးမိေခါက္မိဖို႔ လိုအပ္လာပါၿပီ။ ဖုန္းရဲ႕ Setting ထဲက Developer Options မွာ USB Debugging ကို Enable လုပ္ထားဖို႔ လိုအပ္သလို Laptop မွာလည္း ဖုန္းအမ်ိဳးအစားနဲ႔ ကိုက္ညီတဲ့ Driver ေတြ သြင္းထားေပးဖို႔ လိုအပ္ပါတယ္။ ၿပီးရင္ေတာ့ Hi Suite တို႔လို PC Suite ေတြ အသုံးျပဳၿပီး Data ေတြ အသြင္းအထုတ္လုပ္လို႔ရပါၿပီ။ iPhone, iPad ေတြအတြက္ကေတာ့ iTunes ကို Laptop ထဲမွာ Install လုပ္ထားေပးရမယ္။ Data အသြင္းအထုတ္အတြက္က Synios Software ကိုသုံးဖို႔ Recommend ေပးလိုပါတယ္။

ေမး – ကြၽန္ေတာ့္ဖုန္းက OPPO F11 ပါ။ version update ျမင့္လိုက္တာမွာ ျမန္မာစာေတြမေပၚေတာ့လို႔ အႀကံေလးေပးပါဦးအစ္ကိုေရ။
ေျဖ – ဒီ October လ 1 ရက္ေန႔ကစၿပီး Unicode ေဖာင့္ကို Operator ေတြ စသုံးေနပါၿပီ။ တစ္ႏိုင္ငံလုံးလည္း Zawgyi ေဖာင့္ကေန Unicode ေျပာင္းလဲဖို႔ ႀကိဳးစားေနၾကပါၿပီ။ Social Giant ျဖစ္တဲ့ Facebook ကလည္း Unicode ေျပာင္းၾကဖို႔ ေဆာ္ၾသေနၿပီမို႔ ညီေလးေရ ဘာမွေခါင္းစားမေနပါနဲ႔။ အဲ့အတိုင္းသာ ဆက္သုံးပါ။ Keyboard ကိုေတာ့ Unicode ေျပာင္းထားေပးဖို႔ လိုပါတယ္။ ညီေလးဖုန္းက အရင္က Zawgyi ေဖာင့္ကို အသုံးျပဳေနတာပါ။ Update လုပ္လိုက္မွ Unicode ျပန္ေျပာင္းသြားလို႔ ျမန္မာစာမမွန္ ျဖစ္သြားတာပါ။ ဘာမွမပူပါနဲ႔။ အစ္ကိုေျပာခဲ့သလို Keyboard သာ Setting ျပန္ညႇိေပးလိုက္ပါ။ Unicode ပဲ ဆက္သုံးပါလို႔ Recommend ေပးလိုပါတယ္။

ေမး – Samsung A50 ျပဳတ္က်ၿပီး ဘာမွမေပၚေတာ့လို႔ အစ္ကိုေရ။ ဖုန္းလာတာတို႔ဆိုရင္ေတာ့ ကိုင္လို႔ရပါတယ္။ ကူညီပါဦးခင္ဗ်ာ။
ေျဖ – ညီေလးဖုန္းက LCD ထိသြားတာပါ။ Touch ေကာင္းေနဆဲပဲမို႔ ဖုန္းဝင္လာရင္ ကိုင္လို႔ရေနတာပါ။ အနီးဆုံးဆိုင္ကိုသာသြားၿပီး မွန္လဲဖို႔ အႀကံျပဳလိုက္ပါတယ္။

ေမး – ကြၽန္ေတာ္ အခုလက္ရွိသုံးေနတဲ့ဖုန္းက iPhone 6 Plus ပါ။ ဓာတ္ပုံ႐ိုက္ၿပီး 3/4 ရက္ေလာက္ေနေတာ့ ပုံေတြက ဝါးသြားပါတယ္ခင္ဗ်ာ။ အဲ့ဒါက ဘာျဖစ္တာပါလဲ။
ေျဖ – 2014 ၊ 2015 ထုတ္ iPhone 6 Plus တခ်ိဳ႕မွာ ပုံဝါးတဲ့ျပႆနာ ရွိပါတယ္။ Apple ကိုယ္တိုင္က Free of Charge အေနနဲ႔ iSight Camera ေတြ ျပန္လဲလည္ေပးမယ္လို႔ ေၾကျငာထားပါတယ္။ အလုံးတိုင္း ျပႆနာျဖစ္တာေတာ့ မဟုတ္ပါဘူး။ သတၱဳကာဗာတပ္ထားရင္ ႐ိုက္တဲ့အခါ ပိုဝါးေစတတ္ပါတယ္။ ဓာတ္ပုံ႐ိုက္ၿပီး သုံးေလးရက္ေနမွ ဝါးသြားတာမ်ိဳးကေတာ့ ေဆာ့ဖ္ဝဲေၾကာင့္လည္း ျဖစ္ႏိုင္သလို ဟက္ဝဲေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ iOS Update ျဖစ္ေနေအာင္ ဂ႐ုစိုက္ေပးပါ။ ျဖစ္ႏိုင္ရင္ Reset All Setting ခ်ၾကည့္သင့္ပါတယ္။ Data ေတြ Backup ယူထားဖို႔ေတာ့ မေမ့ပါနဲ႔။

ေမး – ဖုန္းသုံးေနရင္း Application တစ္ခုခုကိုဖြင့္တဲ့အခါ Unfortunately has stopped ဆိုၿပီး ေပၚေပၚလာလို႔ ဘယ္လိုလုပ္ရမလဲခင္ဗ်ာ။
ေျဖ – ဒါမ်ိဳးက ဖုန္းကို Virus ဝင္ရင္ ျဖစ္တတ္ပါတယ္။ App တစ္ခုေလာက္ပဲျဖစ္ေနတာဆိုရင္ Reinstall လုပ္လိုက္႐ုံနဲ႔ ရပါတယ္။ Virus ဝင္သြားလို႔ျဖစ္တာဆိုရင္ေတာ့ ဖန္းဝဲျပန္တင္ဖို႔ လိုအပ္ေကာင္း လိုအပ္ႏိုင္ပါတယ္။ နီးစပ္ရာဖုန္းဆိုင္သာ အျမန္ေျပးပါ။

ေမး – မဂၤလာပါအစ္ကိုေရ။ Facebook ကေန Saved ထားတဲ့ Video ေတြကို ေဒါင္းခ်င္လို႔ ဘယ္ကေန ေဒါင္းရမလဲခင္ဗ်ာ။
ေျဖ – ဖုန္းနဲ႔ ေဒါင္းခ်င္တာဆိုရင္ေတာ့ Tubemate ကို ကြၽန္ေတာ္ Recommend ေပးလိုပါတယ္။ Computer နဲ႔ ေဒါင္းခ်င္တာဆိုရင္ေတာ့ Browser Plug-in ထည့္ေပးရပါမယ္။ Firefox မွာဆို Video & Flash ဆိုတဲ့ Extension က အေတာ္ေလးသုံးလို႔ အဆင္ေျပပါတယ္။

MC Tech Mobile Services & Training (သာေကတ) ဖုန္း – 09-967157066 မွ ကူညီပံ့ပိုးပါသည္။

NetGuide Journal (Every Wednesday)