US Food and Drage Administration (FDA) က စားသုံးသူများအနေဖြင့် THC ပါဝင်တဲ့ Vapes များကို လုံးဝအသုံးပြုခြင်းမပြုလုပ်ကြရန် အပြင်းအထန် တားမြစ်လိုက်ပါတယ်။

US Centers For Disease Control And Prevention ဟာ Vape နဲ့ ဆက်စပ်နေတဲ့ အဆုတ်ပျက်စီးမှု အမှုပေါင်း တစ်ထောင်ကျော် တွေ့ရှိထားပြီးဖြစ်ကာ 18 ဦးအထိ သေဆုံးထားပြီးလည်း ဖြစ်ပါတယ်။ ရောဂါဝေဒနာခံစားရသူ လေးပုံသုံးပုံက အမျိုးသားများဖြစ်ကြပြီး 80 ရာခိုင်နူန်းက အသက် 35 နှစ်အောက် အမျိုးသားများ ဖြစ်ကြပါတယ်။ သေဆုံးသူတွေက အသက် 20 မှ အသက် 70 အတွင်း ဖြစ်ကြပါတယ်။

လက်ရှိအချိန်မှာ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများဟာ Vape ကို အန္တရာယ်ရှိတဲ့ပစ္စည်းအဖြစ် သတ်မှတ်ထားပေမယ့် ဘာအကြောင်းကြောင့် လူတွေထိခိုက်နေတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ဒါပေမယ့် Vape ကြောင့် အဆုတ်ရောဂါဝေဒနာရရှိခြင်း၊ သေဆုံးခြင်းများကတော့ ဆေးခြောက်ပါဝင်တဲ့ Vape ကို အသုံးပြုခြင်းကြောင့် ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန်းက Vape အားလုံးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပိတ်ပင်ရန် FDA တိုက်တွန်းထားပါတယ်။ အခြားတစ်ဖက်မှာ အမေရိကန်နိုင်ငံမှ ရုပ်သံဌာနအများစုတို့ဟာလည်း Vape ကြော်ငြာများကို လက်ခံမှုရပ်ဆိုင်းထားကြပြီး ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

ေရာဂါရသူ၊ ေသဆုံးသူျမင့္မားလာမွုေၾကာင့္ THC Vape ကို အသုံးမျပဳၾကရန္ FDA သတိေပး

US Food and Drage Administration (FDA) က စားသုံးသူမ်ားအေနျဖင့္ THC ပါဝင္တဲ့ Vapes မ်ားကို လုံးဝအသုံးျပဳျခင္းမျပဳလုပ္ၾကရန္ အျပင္းအထန္ တားျမစ္လိုက္ပါတယ္။

US Centers For Disease Control And Prevention ဟာ Vape နဲ႔ ဆက္စပ္ေနတဲ့ အဆုတ္ပ်က္စီးမႈ အမႈေပါင္း တစ္ေထာင္ေက်ာ္ ေတြ႕ရွိထားၿပီးျဖစ္ကာ 18 ဦးအထိ ေသဆုံးထားၿပီးလည္း ျဖစ္ပါတယ္။ ေရာဂါေဝဒနာခံစားရသူ ေလးပုံသုံးပုံက အမ်ိဳးသားမ်ားျဖစ္ၾကၿပီး 80 ရာခိုင္ႏူန္းက အသက္ 35 ႏွစ္ေအာက္ အမ်ိဳးသားမ်ား ျဖစ္ၾကပါတယ္။ ေသဆုံးသူေတြက အသက္ 20 မွ အသက္ 70 အတြင္း ျဖစ္ၾကပါတယ္။

လက္ရွိအခ်ိန္မွာ ေဆးဘက္ဆိုင္ရာအဖြဲ႕အစည္းမ်ားဟာ Vape ကို အႏၲရာယ္ရွိတဲ့ပစၥည္းအျဖစ္ သတ္မွတ္ထားေပမယ့္ ဘာအေၾကာင္းေၾကာင့္ လူေတြထိခိုက္ေနတယ္ဆိုတာကိုေတာ့ မသိရေသးပါဘူး။

ဒါေပမယ့္ Vape ေၾကာင့္ အဆုတ္ေရာဂါေဝဒနာရရွိျခင္း၊ ေသဆုံးျခင္းမ်ားကေတာ့ ေဆးေျခာက္ပါဝင္တဲ့ Vape ကို အသုံးျပဳျခင္းေၾကာင့္ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ အေမရိကန္သမၼတ ေဒၚနယ္ထရန္းက Vape အားလုံးကို တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ပိတ္ပင္ရန္ FDA တိုက္တြန္းထားပါတယ္။ အျခားတစ္ဖက္မွာ အေမရိကန္ႏိုင္ငံမွ ႐ုပ္သံဌာနအမ်ားစုတို႔ဟာလည္း Vape ေၾကာ္ျငာမ်ားကို လက္ခံမႈရပ္ဆိုင္းထားၾကၿပီး ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)