လွန်ခဲ့တဲ့ ရက်အနည်းငယ်ခန့်တုန်းက Xiaomi ဟာ 108MP ကင်မရာပါဝင်တဲ့ Xiaomi Mi CC9 Pro ကို ထုတ်လုပ်ရောင်းချဖို့ လုပ်နေတယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။ ယနေ့မှာ Xiaomi ရဲ့ စမတ်ဖုန်းသစ် မော်ဒယ်နံပါတ် M1910F4G ဟာ EEC မှာ ထုတ်လုပ်ရောင်းချခွင့် ရရှိလာခဲ့ပြီး ဖြစ်ပါတယ်။
Xiaomi M1910F4G က Xiaomi Mi CC9 Pro ဖြစ်လာမယ်လို့ တရုတ်မီဒီယာများက ရေးသားနေကြပါတယ်။ Xiaomi Mi CC9 Pro က Mi CC9 ရဲ့ စတုတ္ထဗားရှင်း ဖြစ်လာပါမယ်။ Xiaomi ဟာ Mi CC9 ၊ Mi CC9e နဲ့ Mi CC9 Meitu Edition တို့ကို ထုတ်လုပ်ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။

တရုတ်မီဒီယာများကတော့ Xiaomi Mi CC9 Pro က Xiaomi ရဲ့ ဒုတိယမြောက် 108MP ကင်မရာပါ စမတ်ဖုန်းဖြစ်လာမယ်လို့ ရေးသားနေကြပါတယ်။ ဒီဖုန်းကို လာမယ့်အောက်တိုဘာလ 24 ရက်နေ့မှာ မိတ်ဆက်မယ်လို့ သတင်းထွက်နေပြီး Qualcomm Snapdragon 730G နဲ့ ပါဝါထောက်ပံ့လာမယ်လို့ ရေးသားနေကြပါတယ်။ တကယ်လို့များ Xiaomi Mi CC9 Pro မှာ 108MP ပါဝင်လာမယ်ဆိုရင် Xiaomi Mi Mix Alpha ပြီးနောက် 108MP ကင်မရာပါဝင်တဲ့ ဒုတိယမြောက်စမတ်ဖုန်း ဖြစ်လာပါမယ်။

Xiaomi Mi Mix Alpha က ဈေးနှုန်းဒေါ်လာ 2800 သတ်မှတ်ထားတာကြောင့် Mi CC9 Pro က 108MP ကင်မရာပါဝင်လာတဲ့ ပထမဆုံး အကြီးအကျယ်ထုတ်လုပ်ရောင်းချတဲ့ စမတ်ဖုန်း ဖြစ်လာပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

ယခုလေႏွာင္းပိုင္းမွာ 108MP ကင္မရာသုံးထားတဲ့ Xiaomi Mi CC9 Pro ကို ေၾကညာလာမလား

လြန္ခဲ့တဲ့ ရက္အနည္းငယ္ခန႔္တုန္းက Xiaomi ဟာ 108MP ကင္မရာပါဝင္တဲ့ Xiaomi Mi CC9 Pro ကို ထုတ္လုပ္ေရာင္းခ်ဖို႔ လုပ္ေနတယ္လို႔ သတင္းထြက္ခဲ့ဖူးပါတယ္။ ယေန႔မွာ Xiaomi ရဲ႕ စမတ္ဖုန္းသစ္ ေမာ္ဒယ္နံပါတ္ M1910F4G ဟာ EEC မွာ ထုတ္လုပ္ေရာင္းခ်ခြင့္ ရရွိလာခဲ့ၿပီး ျဖစ္ပါတယ္။
Xiaomi M1910F4G က Xiaomi Mi CC9 Pro ျဖစ္လာမယ္လို႔ တ႐ုတ္မီဒီယာမ်ားက ေရးသားေနၾကပါတယ္။ Xiaomi Mi CC9 Pro က Mi CC9 ရဲ႕ စတုတၳဗားရွင္း ျဖစ္လာပါမယ္။ Xiaomi ဟာ Mi CC9 ၊ Mi CC9e နဲ႔ Mi CC9 Meitu Edition တို႔ကို ထုတ္လုပ္ေရာင္းခ်ခဲ့ၿပီး ျဖစ္ပါတယ္။

တ႐ုတ္မီဒီယာမ်ားကေတာ့ Xiaomi Mi CC9 Pro က Xiaomi ရဲ႕ ဒုတိယေျမာက္ 108MP ကင္မရာပါ စမတ္ဖုန္းျဖစ္လာမယ္လို႔ ေရးသားေနၾကပါတယ္။ ဒီဖုန္းကို လာမယ့္ေအာက္တိုဘာလ 24 ရက္ေန႔မွာ မိတ္ဆက္မယ္လို႔ သတင္းထြက္ေနၿပီး Qualcomm Snapdragon 730G နဲ႔ ပါဝါေထာက္ပံ့လာမယ္လို႔ ေရးသားေနၾကပါတယ္။ တကယ္လို႔မ်ား Xiaomi Mi CC9 Pro မွာ 108MP ပါဝင္လာမယ္ဆိုရင္ Xiaomi Mi Mix Alpha ၿပီးေနာက္ 108MP ကင္မရာပါဝင္တဲ့ ဒုတိယေျမာက္စမတ္ဖုန္း ျဖစ္လာပါမယ္။

Xiaomi Mi Mix Alpha က ေဈးႏႈန္းေဒၚလာ 2800 သတ္မွတ္ထားတာေၾကာင့္ Mi CC9 Pro က 108MP ကင္မရာပါဝင္လာတဲ့ ပထမဆုံး အႀကီးအက်ယ္ထုတ္လုပ္ေရာင္းခ်တဲ့ စမတ္ဖုန္း ျဖစ္လာပါမယ္။

NetGuide Journal (Every Wednesday)