HTC ဟာ တစ်ခေတ်တစ်ခါတုန်းကစမတ်ဖုန်းဈေးကွက်ရဲ့ ဦးဆောင်သူဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ HTC ဟာ တရုတ်စမတ်ဖုန်းကုမ္ပဏီတို့ရဲ့ ပြင်းထန်တဲ့ယှဉ်ပြိုင်မှုနဲ့ ရင်ဆိုင်ရပြီးနောက် ကျဆုံးမှုများနဲ့ ရင်ဆိုင်ရ ကာ အခုဆိုရင် စမတ်ဖုန်းဈေးကွက်မှာဘယ်လောက်အထိ ရှင်သန်နိုင်ဦးမလဲလို့ မေးခွန်းထုတ်ခြင်းခံနေရပြီဖြစ်ပါတယ်။

ယနေ့မှာ HTC ရဲ့ CEO သစ် ယက်စ်မိုင်ထရက်စ်က HTC ဟာ စမတ်ဖုန်းတွင် တီထွင်ဖန်တီးမှုရပ်ဆိုင်းလိုက်မှုနဲ့ အတူကျရှုံးမှုနဲ့ ရင်ဆိုင်ရခြင်းဖြစ်ကြောင်း ဝန်ခံပြောကြားလာပါတယ်။

HTC ဟာ စမတ်ဖုန်းဈေးကွက်မှာ တဖြည်းဖြည်းနေရာရရှိမှုနည်းပါးလာခြင်းနဲ့အတူသူတို့ ကြီးစိုးထားတဲ့ VR မှာ ပိုပြီးအာရုံစိုက် လုပ်ဆောင်လာပါတယ်။

ဒါပေမဲ့ HTC ဟာ စမတ်ဖုန်းဈေးကွက်မှာလည်းလက်လျှော့ဦးမှာမဟုတ်သေးပါဘူး။ မိုင်ထရက်စ်ကလာမယ့် 2020 ခုနှစ်မှာ 5G ကွန်ယက်ကျယ်ပြန့်လာမှာဖြစ်၍ 5G စမတ်ဖုန်းကောင်းများ ထုတ်လုပ်ကာစမတ်ဖုန်းဈေးကွက်မှာ နေရာတစ်နေရာပြန်လည် ရရှိအောင် ကြိုးစားသွားမယ်လို့ ဆိုသွားပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

ဆန္းသစ္တီထြင္မွုနည္းပါး၍ က်ရွုံးရျခင္းဟု HTC ဝန္ခံ

HTC ဟာ တစ္ေခတ္တစ္ခါတုန္းကစမတ္ဖုန္းေဈးကြက္ရဲ့ ဦးေဆာင္သူျဖစ္ခဲ့ဖူးပါတယ္။ ဒါေပမဲ့ ေနာက္ပိုင္းမွာ HTC ဟာ တ႐ုတ္စမတ္ဖုန္းကုမၸဏီတို႔ရဲ့ ျပင္းထန္တဲ့ယွဥ္ၿပိဳင္မွုနဲ႔ ရင္ဆိုင္ရၿပီးေနာက္ က်ဆုံးမွုမ်ားနဲ႔ ရင္ဆိုင္ရ ကာ အခုဆိုရင္ စမတ္ဖုန္းေဈးကြက္မွာဘယ္ေလာက္အထိ ရွင္သန္နိုင္ဦးမလဲလို႔ ေမးခြန္းထုတ္ျခင္းခံေနရၿပီျဖစ္ပါတယ္။

ယေန႔မွာ HTC ရဲ့ CEO သစ္ ယက္စ္မိုင္ထရက္စ္က HTC ဟာ စမတ္ဖုန္းတြင္ တီထြင္ဖန္တီးမွုရပ္ဆိုင္းလိုက္မွုနဲ႔ အတူက်ရွုံးမွုနဲ႔ ရင္ဆိုင္ရျခင္းျဖစ္ေၾကာင္း ဝန္ခံေျပာၾကားလာပါတယ္။

HTC ဟာ စမတ္ဖုန္းေဈးကြက္မွာ တျဖည္းျဖည္းေနရာရရွိမွုနည္းပါးလာျခင္းနဲ႔အတူသူတို႔ ႀကီးစိုးထားတဲ့ VR မွာ ပိုၿပီးအာ႐ုံစိုက္ လုပ္ေဆာင္လာပါတယ္။

ဒါေပမဲ့ HTC ဟာ စမတ္ဖုန္းေဈးကြက္မွာလည္းလက္ေလၽွာ့ဦးမွာမဟုတ္ေသးပါဘူး။ မိုင္ထရက္စ္ကလာမယ့္ 2020 ခုႏွစ္မွာ 5G ကြန္ယက္က်ယ္ျပန႔္လာမွာျဖစ္၍ 5G စမတ္ဖုန္းေကာင္းမ်ား ထုတ္လုပ္ကာစမတ္ဖုန္းေဈးကြက္မွာ ေနရာတစ္ေနရာျပန္လည္ ရရွိေအာင္ ႀကိဳးစားသြားမယ္လို႔ ဆိုသြားပါတယ္။

NetGuide Journal (Every Wednesday)