၉၄ နှစ်ရှိတဲ့ အော်စကာဆုပေးပွဲသမိုင်းမှာ အရုပ်ဆိုးဆုံးဖြစ်စေခဲ့တဲ့ စမစ်ရဲ့ ပါးရိုက်ချက်

၂၀၂၂ အော်စကာဆုပေးပွဲအခမ်းအနားမှာ အစီအစဉ်တင်ဆက်သူဖြစ်တဲ့

ဟာသသရုပ်ဆောင်ခရစ္စရော့ခ် ကို နာမည်ကျော် သရုပ်ဆောင် ဝီလ်စမစ်က

စင်ပေါ်တက်ပါးရိုက်လိုက်တဲ့ ဖြစ်ရပ်အပေါ်ဘောလုံးလောကဘက်ကလည်း

တုန့်ပြန်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။ ဒီဆုပေးပွဲမှာ ဝီလ်စမစ်ဟာ King Richard

ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုရရှိခဲ့တာပါ။

ဒီဇာတ်ကားမှာ စမစ် ဟာ အမေရိကန်တင်းနစ်အကျော်အမော်ညီအစ်ဖြစ်တဲ့

ဗီးနက်စ်ဝီလျံနဲ့ ဆီရီနာဝီလျံတို့ရဲ့ဖခင်ဖြစ်တဲ့ ရစ်ချတ်ဝီလျံအဖြစ်သရုပ်ဆောင်ခဲ့ပြီး

ဒီညီအစ်မနှစ်ယောက်ကိုပြုစုပျိုးထောင်ပေးခဲ့ရတဲ့ ဖခင်တစ်ဦးအဖြစ်ကို

ပီပြင်စွာပုံဖော်နိုင်ခဲ့တာကြောင့် အော်စကာဆုကို ပထမဆုံးအကြိမ်

ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်အသက် ၅၃ နှစ်ရှိတဲ့ စမစ်ဟာ

ဆုပေးပွဲအခမ်းအနားအစောပိုင်းမှာ ရော့ခ်ကို စင်ပေါ်တက်ပါးရိုက်ခဲ့တာကြောင့်

၉၄ နှစ်ရှိတဲ့ အော်စကာဆုပေးပွဲသမိုင်းမှာ အရုပ်ဆိုးခဲ့ရတဲ့ဖြစ်ရပ်တစ်ခုအဖြစ်

မှတ်တမ်းဝင်ခဲ့ပါတယ်။ အစီအစဉ်တင်ဆက်သူ ရော့ခ်ဟာ စမစ်ရဲ့ဇနီးဖြစ်သူ

ဂျာဒါပင်ကက်စမစ် တစ်ယောက်ဆံပင်တွေကျွတ်ပြီးခေါင်းပြောင်နေတဲ့အပေါ်

လှောင်ပြောင်ခဲ့တာပါ။ အစောပိုင်းမှာ စမစ်ကရယ်မောနေခဲ့ပေမယ့်

စက္ကန့်အနည်းငယ်အကြာမှာတော့စင်ပေါ်တက်ပြီး ရော့ခ်ကို ပါးရိုက်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင်စင်အောက်ပြန်ရောက်ချိန်မှာ” မင်းသောက်ပါးစပ်က

ငါ့မိန်းမနာမည်ကိုမထွက်နဲ့တော့” လို့လည်းအော်ဟစ်ခဲ့ပါတယ်။

ဒါပေမယ့်နောက်မိနစ် ၄၀ အကြာမှာတော့ စမစ် ဟာအော်စကာဆုကို

ဆွတ်ခူးနိုင်ခဲ့ပြီး အမှတ်တရစကားပြောရာမှာ သူ့လုပ်ရပ်အတွက်

တောင်းပန်ခဲ့ပေမယ့် ရော့ခ်ကိုတော့တောင်းပန်ခဲ့ခြင်းမရှိပါဘူး။

ဒါကြောင့်လည်း အင်္ဂလန်လက်ရွေးစင်ဟောင်း ဂယ်ရီလိုင်နီကာနဲ့

နော်ဝေလက်ရွေးစင်ဟောင် ဂျန်အဂီ တို့ကသူတို့ရဲ့တွစ်တာကနေတစ်ဆင့်

စမစ်ရဲ့လုပ်ရပ်ကိုတုန့်ပြန်မှုတွေပြုလုပ်ခဲ့ကြတာပါ။

လိုင်နီကာက” ဝီလ်စမစ် အနေနဲ့ မိုဟာမက်အလီ လိုသရုပ်ဆောင်သင့်တာ” လို့ဆိုခဲ့သလို

ဂျန်အဂီကလည်း” စမစ်က အလီလိုသရုပ်ဆောင်ပြီး အော်စကာရသွားတာလား” လို့

မေးခွန်းထုတ်ခဲ့ပါတယ်။ မိုဟာမက်အလီဆိုတာ နာမည်ကျော်အမေရိကန်

ဟဲဗီးဝိတ်လက်ဝှေ့သမားဖြစ်ပြီး ၂၀၁၆ ကကွယ်လွန်သွားခဲ့သူဖြစ်ပါတယ်။

zawgyi

၉၄ ႏွစ္ရွိတဲ့ ေအာ္စကာဆုေပးပြဲသမိုင္းမွာ အ႐ုပ္ဆိုးဆုံးျဖစ္ေစခဲ့တဲ့ စမစ္ရဲ႕ ပါး႐ုိက္ခ်က္

၂၀၂၂ ေအာ္စကာဆုေပးပြဲအခမ္းအနားမွာ အစီအစဥ္တင္ဆက္သူျဖစ္တဲ့

ဟာသသ႐ုပ္ေဆာင္ခရစၥေရာ့ခ္ ကို နာမည္ေက်ာ္ သ႐ုပ္ေဆာင္ ဝီလ္စမစ္က

စင္ေပၚတက္ပါး႐ိုက္လိုက္တဲ့ ျဖစ္ရပ္အေပၚေဘာလုံးေလာကဘက္ကလည္း

တုန႔္ျပန္မႈေတြထြက္ေပၚလာခဲ့ပါတယ္။ ဒီဆုေပးပြဲမွာ ဝီလ္စမစ္ဟာ King Richard

ဇာတ္ကားနဲ႔ အေကာင္းဆုံးအမ်ိဳးသားသ႐ုပ္ေဆာင္ဆုရရွိခဲ့တာပါ။

ဒီဇာတ္ကားမွာ စမစ္ ဟာ အေမရိကန္တင္းနစ္အေက်ာ္အေမာ္ညီအစ္ျဖစ္တဲ့

ဗီးနက္စ္ဝီလ်ံနဲ႔ ဆီရီနာဝီလ်ံတို႔ရဲ႕ဖခင္ျဖစ္တဲ့ ရစ္ခ်တ္ဝီလ်ံအျဖစ္သ႐ုပ္ေဆာင္ခဲ့ၿပီး

ဒီညီအစ္မႏွစ္ေယာက္ကိုျပဳစုပ်ိဳးေထာင္ေပးခဲ့ရတဲ့ ဖခင္တစ္ဦးအျဖစ္ကို

ပီျပင္စြာပုံေဖာ္ႏိုင္ခဲ့တာေၾကာင့္ ေအာ္စကာဆုကို ပထမဆုံးအႀကိမ္

ရရွိခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္အသက္ ၅၃ ႏွစ္ရွိတဲ့ စမစ္ဟာ

ဆုေပးပြဲအခမ္းအနားအေစာပိုင္းမွာ ေရာ့ခ္ကို စင္ေပၚတက္ပါး႐ိုက္ခဲ့တာေၾကာင့္

၉၄ ႏွစ္ရွိတဲ့ ေအာ္စကာဆုေပးပြဲသမိုင္းမွာ အ႐ုပ္ဆိုးခဲ့ရတဲ့ျဖစ္ရပ္တစ္ခုအျဖစ္

မွတ္တမ္းဝင္ခဲ့ပါတယ္။ အစီအစဥ္တင္ဆက္သူ ေရာ့ခ္ဟာ စမစ္ရဲ႕ဇနီးျဖစ္သူ

ဂ်ာဒါပင္ကက္စမစ္ တစ္ေယာက္ဆံပင္ေတြကြၽတ္ၿပီးေခါင္းေျပာင္ေနတဲ့အေပၚ

ေလွာင္ေျပာင္ခဲ့တာပါ။ အေစာပိုင္းမွာ စမစ္ကရယ္ေမာေနခဲ့ေပမယ့္

စကၠန႔္အနည္းငယ္အၾကာမွာေတာ့စင္ေပၚတက္ၿပီး ေရာ့ခ္ကို ပါး႐ိုက္ခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္စင္ေအာက္ျပန္ေရာက္ခ်ိန္မွာ” မင္းေသာက္ပါးစပ္က

ငါ့မိန္းမနာမည္ကိုမထြက္နဲ႔ေတာ့” လို႔လည္းေအာ္ဟစ္ခဲ့ပါတယ္။

ဒါေပမယ့္ေနာက္မိနစ္ ၄၀ အၾကာမွာေတာ့ စမစ္ ဟာေအာ္စကာဆုကို

ဆြတ္ခူးႏိုင္ခဲ့ၿပီး အမွတ္တရစကားေျပာရာမွာ သူ႔လုပ္ရပ္အတြက္

ေတာင္းပန္ခဲ့ေပမယ့္ ေရာ့ခ္ကိုေတာ့ေတာင္းပန္ခဲ့ျခင္းမရွိပါဘူး။

ဒါေၾကာင့္လည္း အဂၤလန္လက္ေ႐ြးစင္ေဟာင္း ဂယ္ရီလိုင္နီကာနဲ႔

ေနာ္ေဝလက္ေ႐ြးစင္ေဟာင္ ဂ်န္အဂီ တို႔ကသူတို႔ရဲ႕တြစ္တာကေနတစ္ဆင့္

စမစ္ရဲ႕လုပ္ရပ္ကိုတုန႔္ျပန္မႈေတြျပဳလုပ္ခဲ့ၾကတာပါ။

လိုင္နီကာက” ဝီလ္စမစ္ အေနနဲ႔ မိုဟာမက္အလီ လိုသ႐ုပ္ေဆာင္သင့္တာ” လို႔ဆိုခဲ့သလို

ဂ်န္အဂီကလည္း” စမစ္က အလီလိုသ႐ုပ္ေဆာင္ၿပီး ေအာ္စကာရသြားတာလား” လို႔

ေမးခြန္းထုတ္ခဲ့ပါတယ္။ မိုဟာမက္အလီဆိုတာ နာမည္ေက်ာ္အေမရိကန္

ဟဲဗီးဝိတ္လက္ေဝွ႔သမားျဖစ္ၿပီး ၂၀၁၆ ကကြယ္လြန္သြားခဲ့သူျဖစ္ပါတယ္။