





စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ချဲလ်ဆီးအသင်းရောင်းချနေတဲ့ အစားအသောက်နဲ့
ပတ်သက်ပြီး အွန်လိုင်းပေါ်မှာပရိသတ်အများအပြားက ဝေဖန်မှုတွေ





လုပ်နေတယ်လို့ သိရပါတယ်။ မကြာသေးခင်က @FootyScran ဆိုတဲ့
အကောင့်ကနေ ဘောလုံးကွင်းအတော်များများမှာရှိတဲ့ အစားအသောက်တွေကို
ဖော်ပြပြီး ဘယ်ကွင်းကအစားအစာကိုဆိုးတယ်၊ ဘယ်ကွင်းကတော့ဖြင့်





ကောင်းတယ်ဆိုတဲ့ ခွဲခြားသတ်မှတ်မှုတွေဟာ အွန်လိုင်းအသုံးပြုသူတွေ
အကြိုက်တွေ့တဲ့အကြောင်းအရာတစ်ရပ်ဖြစ်လာပါတယ်။





ဒီပေ့ချ်မှာ followers ၃၅၈၀၀၀ အထိရှိနေပြီးအစားအသောက်တန်ကြေးတွေကိုလည်း
ဈေနှုန်းအတိအကျနဲ့ ဖော်ပြနေတာပါ။ ဒီပေ့ချ်မှာနောက်ဆုံးတင်လိုက်တာကတော့
ချဲလ်ဆီးအသင်းရဲ့စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းက အစားအစာဖြစ်ပါတယ်။





စတမ်းဖို့ဒ်ဘရစ်ချ်မှာရောင်းနေတဲ့အစားအစာကတော့ ပန်းဂေါ်ဖီကြော်နဲ့
တရုတ်နံနံရိုးတွဲလျက် ဖြစ်ပြီး ဒါကို ၇.၉၅ ပေါင်နဲ့ရောင်းချနေတာဖြစ်ပါတယ်။





ဒီလိုဈေးနှုန်းမြင့်မားပေမယ့် ပါဝင်တာကတော့ ပန်းဂေါ်ဖီကြော် ၅ ခုနဲ့
တရုတ်နံနံရိုး ၄ ခုသာဖြစ်ပါတယ်။ ဒါကြောင့်လည်းဈေးမြင့်သလောက်
အဆင်မပြေလှတဲ့ဒီအစားအသောက်အတွက် ပရိသတ်တွေက မကျေမနပ်ဖြစ်နေကြပြီး





ဒီလိုအမှိုက်နဲ့တူတဲ့အစားအစာအတွက် ချဲလ်ဆီးအသင်းကိုပိတ်ပင်မှုတွေ
ပိုပြီးချမှတ်သင့်တယ်လို့ ဆိုခဲ့ပါတယ်။ ထုံးစံအတိုင်းတွစ်တာပေါ်မှာဝေဖန်မှုတွေရှိနေပြီး





အဲဒီပုံကိုဖော်ပြကာ” ချဲလ်ဆီးက မိုဗစ်ချ်မရှိတော့လို့ ငွေသုံးဖို့
တကယ်ရုန်းကန်နေရတာဟ” လို့ဆိုခဲ့ပါတယ်။
နောက်ထပ်ပို့စ်တွေမှာ” ပေါင် ၇.၉၅ တန်တဲ့အစားအစာလား”၊ ” ၃ မျိုးဘဲရှိတယ်။





အရသာရှိမယ့်ပုံမပေါ်ဘူး၊ အရွယ်အစားက ယုန်တစ်ကောင်အတွက်တောင်
လောက်မှာမဟုတ်ဘူး၊ ဘယ်လောက်လဲဆိုတော့ ၇.၉၅ ပေါင်တဲ့”၊





” မိုဗစ်ချ်အရေးယူခံရတာလည်း အံ့အားသင့်စရာမရှိဘူး၊ အဓိပ္ပါယ်မရှိတဲ့ဈေးနှုန်းဘဲ”
အစရှိသဖြင့် ဝေဖန်ရေးသားခဲ့ကြပါတယ်။ နောက်ထပ်ပို့စ်တစ်ခုမှာဆိုရင်
”အိုင်ယာလန်ဘက်ကို ဟင်နရီရဲ့လက်ထိဘောကတစ်ဆင့် ပြင်သစ်ဂိုးသွင်းမှုနဲ့





အခုအစားအသောက်ဈေးနှုန်း မျိုးလိုဓားပြတိုက်မှုမျိုးလုံးဝမမြင်ဖူးဘူး” လို့တောင်ဆိုသွားတာပါ။
zawgyi





၈ ေပါင္နီးပါးနဲ႔ေရာင္းခ်ေနတဲ့ အစားအေသာက္ေၾကာင့္ ေဝဖန္ခံေနရတဲ့ ခ်ဲလ္ဆီး
စတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းမွာ ခ်ဲလ္ဆီးအသင္းေရာင္းခ်ေနတဲ့ အစားအေသာက္နဲ႔
ပတ္သက္ၿပီး အြန္လိုင္းေပၚမွာပရိသတ္အမ်ားအျပားက ေဝဖန္မႈေတြ





လုပ္ေနတယ္လို႔ သိရပါတယ္။ မၾကာေသးခင္က @FootyScran ဆိုတဲ့
အေကာင့္ကေန ေဘာလုံးကြင္းအေတာ္မ်ားမ်ားမွာရွိတဲ့ အစားအေသာက္ေတြကို





ေဖာ္ျပၿပီး ဘယ္ကြင္းကအစားအစာကိုဆိုးတယ္၊ ဘယ္ကြင္းကေတာ့ျဖင့္
ေကာင္းတယ္ဆိုတဲ့ ခြဲျခားသတ္မွတ္မႈေတြဟာ အြန္လိုင္းအသုံးျပဳသူေတြ
အႀကိဳက္ေတြ႕တဲ့အေၾကာင္းအရာတစ္ရပ္ျဖစ္လာပါတယ္။





ဒီေပ့ခ်္မွာ followers ၃၅၈၀၀၀ အထိရွိေနၿပီးအစားအေသာက္တန္ေၾကးေတြကိုလည္း
ေဈႏႈန္းအတိအက်နဲ႔ ေဖာ္ျပေနတာပါ။ ဒီေပ့ခ်္မွာေနာက္ဆုံးတင္လိုက္တာကေတာ့





ခ်ဲလ္ဆီးအသင္းရဲ႕စတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းက အစားအစာျဖစ္ပါတယ္။
စတမ္းဖို႔ဒ္ဘရစ္ခ်္မွာေရာင္းေနတဲ့အစားအစာကေတာ့ ပန္းေဂၚဖီေၾကာ္နဲ႔
တ႐ုတ္နံနံ႐ိုးတြဲလ်က္ ျဖစ္ၿပီး ဒါကို ၇.၉၅ ေပါင္နဲ႔ေရာင္းခ်ေနတာျဖစ္ပါတယ္။





ဒီလိုေဈးႏႈန္းျမင့္မားေပမယ့္ ပါဝင္တာကေတာ့ ပန္းေဂၚဖီေၾကာ္ ၅ ခုနဲ႔
တ႐ုတ္နံနံ႐ိုး ၄ ခုသာျဖစ္ပါတယ္။ ဒါေၾကာင့္လည္းေဈးျမင့္သေလာက္





အဆင္မေျပလွတဲ့ဒီအစားအေသာက္အတြက္ ပရိသတ္ေတြက မေက်မနပ္ျဖစ္ေနၾကၿပီး
ဒီလိုအမႈိက္နဲ႔တူတဲ့အစားအစာအတြက္ ခ်ဲလ္ဆီးအသင္းကိုပိတ္ပင္မႈေတြ
ပိုၿပီးခ်မွတ္သင့္တယ္လို႔ ဆိုခဲ့ပါတယ္။ ထုံးစံအတိုင္းတြစ္တာေပၚမွာေဝဖန္မႈေတြရွိေနၿပီး





အဲဒီပုံကိုေဖာ္ျပကာ” ခ်ဲလ္ဆီးက မိုဗစ္ခ်္မရွိေတာ့လို႔ ေငြသုံးဖို႔
တကယ္႐ုန္းကန္ေနရတာဟ” လို႔ဆိုခဲ့ပါတယ္။





ေနာက္ထပ္ပို႔စ္ေတြမွာ” ေပါင္ ၇.၉၅ တန္တဲ့အစားအစာလား”၊ ” ၃ မ်ိဳးဘဲရွိတယ္။
အရသာရွိမယ့္ပုံမေပၚဘူး၊ အ႐ြယ္အစားက ယုန္တစ္ေကာင္အတြက္ေတာင္
ေလာက္မွာမဟုတ္ဘူး၊ ဘယ္ေလာက္လဲဆိုေတာ့ ၇.၉၅ ေပါင္တဲ့”၊





” မိုဗစ္ခ်္အေရးယူခံရတာလည္း အံ့အားသင့္စရာမရွိဘူး၊ အဓိပၸါယ္မရွိတဲ့ေဈးႏႈန္းဘဲ”
အစရွိသျဖင့္ ေဝဖန္ေရးသားခဲ့ၾကပါတယ္။ ေနာက္ထပ္ပို႔စ္တစ္ခုမွာဆိုရင္





”အိုင္ယာလန္ဘက္ကို ဟင္နရီရဲ႕လက္ထိေဘာကတစ္ဆင့္ ျပင္သစ္ဂိုးသြင္းမႈနဲ႔
အခုအစားအေသာက္ေဈးႏႈန္း မ်ိဳးလိုဓားျပတိုက္မႈမ်ိဳးလုံးဝမျမင္ဖူးဘူး” လို႔ေတာင္ဆိုသြားတာပါ။
Leave a Reply