(၈၂)မိနစ်ကြာတိုင်း သွင်းဂိုး ဒါမှမဟုတ် ဂိုးဖန်တီးမှုလုပ်နိုင်တဲ့ ရပ်ရှ်ဖို့ဒ်

မန်ချက်စတာယူနိုက်တက်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ ချာလ်တန်ကို

(၃-ဝ)ဂိုးနဲ့အနိုင်ရတဲ့ လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲမှာ (၂)ဂိုးသွင်းခဲ့ပြီး
သွင်းဂိုးမှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့ပါတယ်။

ချာလ်တန်နဲ့ပွဲမှာ ရပ်ရှ်ဖို့ဒ်က ပွဲထွက်ကစားခွင့်မရဘဲ ပွဲချိန်(၆၀)မိနစ်မှ
အန်တိုနီအစား လူစားဝင်ကစားခဲ့ရပေမယ့် ပွဲပြီးခါနီး (၉၀)နဲ့
(၉၄)မိနစ်တွေမှာ အသင်းအတွက် ဂိုးတွေ ဆက်တိုက်သွင်းယူခဲ့ပါတယ်။

ဒီရာသီ နည်းပြအဲရစ်တန်ဟက်လက်အောက်မှာ ပုံစံကောင်းပြသနေတဲ့
ရပ်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲက ပြန်လာပြီးနောက်ပိုင်း ခြေစွမ်း
ပိုကောင်းလာရုံသာမကပဲ ဂိုးပါမြူးနေပြီး ပြိုင်ပွဲစုံနောက်ဆုံး(၆)ပွဲမှာ
(၇)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ရပ်ရှ်ဖို့ဒ်ရဲ့ ယူနိုက်တက်ကစားသမားဘဝတစ်လျှောက် ပထမဆုံး
အကြိမ် ပြိုင်ပွဲစုံ(၆)ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တဲ့အပြင် ဂန္ထဝင်တိုက်စစ်မှူး

ရွန်နီ(၂၀၁၀၊ မတ်လ)နောက်ပိုင်း အိုးလ်ထရက်ဖို့ဒ်မှာ (၈)ပွဲဆက်တိုက်
ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာပါတယ်။

အခုဆိုရင် ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ရပ်ရှ်ဖို့ဒ် ပွဲပေါင်း (၂၅)ပွဲ
ကစား၊ (၁၅)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၆)ကြိမ်ပြုလုပ်ခဲ့တာကြောင့် ပျမ်းမျှ
(၈၂)မိနစ်ကြာတိုင်း ရပ်ရှ်ဖို့ဒ်က သွင်းဂိုး ဒါမှမဟုတ် ဂိုးဖန်တီးမှု
ပြုလုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္ကစားသမား ရပ္ရွ္ဖို႔ဒ္ဟာ ခ်ာလ္တန္ကို
(၃-ဝ)ဂိုးနဲ႔အႏိုင္ရတဲ့ လိဂ္ဖလား ကြာတားဖိုင္နယ္ပြဲမွာ (၂)ဂိုးသြင္းခဲ့ၿပီး
သြင္းဂိုးမွတ္တမ္းေကာင္းေတြ ပိုင္ဆိုင္ခဲ့ပါတယ္။

ခ်ာလ္တန္နဲ႔ပြဲမွာ ရပ္ရွ္ဖို႔ဒ္က ပြဲထြက္ကစားခြင့္မရဘဲ ပြဲခ်ိန္(၆၀)မိနစ္မွ
အန္တိုနီအစား လူစားဝင္ကစားခဲ့ရေပမယ့္ ပြဲၿပီးခါနီး (၉၀)နဲ႔

(၉၄)မိနစ္ေတြမွာ အသင္းအတြက္ ဂိုးေတြ ဆက္တိုက္သြင္းယူခဲ့ပါတယ္။

ဒီရာသီ နည္းျပအဲရစ္တန္ဟက္လက္ေအာက္မွာ ပုံစံေကာင္းျပသေနတဲ့

ရပ္ရွ္ဖို႔ဒ္ဟာ ကမာၻ႔ဖလားၿပိဳင္ပြဲက ျပန္လာၿပီးေနာက္ပိုင္း ေျခစြမ္း
ပိုေကာင္းလာ႐ုံသာမကပဲ ဂိုးပါျမဴးေနၿပီး ၿပိဳင္ပြဲစုံေနာက္ဆုံး(၆)ပြဲမွာ
(၇)ဂိုးအထိ သြင္းယူႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ ရပ္ရွ္ဖို႔ဒ္ရဲ႕ ယူႏိုက္တက္ကစားသမားဘဝတစ္ေလွ်ာက္ ပထမဆုံး
အႀကိမ္ ၿပိဳင္ပြဲစုံ(၆)ပြဲဆက္တိုက္ ဂိုးသြင္းႏိုင္ခဲ့တဲ့အျပင္ ဂႏၴဝင္တိုက္စစ္မႉး
႐ြန္နီ(၂၀၁၀၊ မတ္လ)ေနာက္ပိုင္း အိုးလ္ထရက္ဖို႔ဒ္မွာ (၈)ပြဲဆက္တိုက္
ဂိုးသြင္းႏိုင္တဲ့ ပထမဆုံးကစားသမားျဖစ္လာပါတယ္။

အခုဆိုရင္ ဒီရာသီမွာ ယူႏိုက္တက္အသင္းအတြက္ ရပ္ရွ္ဖို႔ဒ္ ပြဲေပါင္း (၂၅)ပြဲ
ကစား၊ (၁၅)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ (၆)ႀကိမ္ျပဳလုပ္ခဲ့တာေၾကာင့္ ပ်မ္းမွ်

(၈၂)မိနစ္ၾကာတိုင္း ရပ္ရွ္ဖို႔ဒ္က သြင္းဂိုး ဒါမွမဟုတ္ ဂိုးဖန္တီးမႈ
ျပဳလုပ္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။