(၈)မှတ်ဖြတ် ဦးဆောင်ထားပေမယ့် အာဆင်နယ် ပရီးမီးယားလိဂ်ချန်ပီယံ မဖြစ်နိုင်ဘူးလို့ ဂယ်ရီနဗီးလ် သုံးသပ်

မန်ချက်တာယူနိုက်တက် ဂန္ထဝင်နောက်ခံလူ ဂယ်ရီနဗီးလ်က

အာဆင်နယ်အသင်းဟာ အဆင့်(၂)နေရာက မန်စီးတီးကို
(၈)မှတ်ဖြတ်ပြီး ဦးဆောင်နေပေမယ့် ပရီးမီးယားလိဂ်ချန်ပီယံ
ဖြစ်မှာ မဟုတ်သလို ယူနိုက်တက်ရဲ့ အောက်မှာသာ
ရပ်တည်နိုင်မယ်လို့ အံ့အားသင့်စရာ ခန့်မှန်းခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မြောက်လန်ဒန်
ဒါဘီပွဲမှာ စပါးအသင်းကို (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့ပြီး ဒီရာသီ
ပရီးမီးယားလိဂ်(၁၈)ပွဲကစားအပြီးမှာ (၁၅)ပွဲအနိုင်ရခဲ့သလို

ယူနိုက်တက်နဲ့တစ်ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်းကတည်းက နှစ်ပေါင်း

(၂၀)နီးပါးဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြန်လည်
ပိုင်ဆိုင်ဖို့ မျှော်လင့်ချက်ရှိနေပေမယ့် ဂယ်ရီနဗီးလ်ကတော့ အာဆင်နယ်
ဗိုလ်စွဲမှာ မဟုတ်ဘူးလို့ အခိုင်အမာပြောခဲ့ပါတယ်။

ဂယ်ရီနဗီးလ်က “ဒီရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ်ဗိုလ်စွဲမှာ
မဟုတ်ပါဘူး။ မန်စီးတီးအသင်းပဲ ချန်ပီယံဖြစ်သွားဖို့ရှိပြီး ယူနိုက်တက်
အသင်းက အဆင့်(၂)နေရာမှာ ရပ်တည်နိုင်ပါလိမ့်မယ်။

ဒီလိုပြောလို့ အာဆင်နယ်ပရိသတ်တွေ မကျေမနပ်ဖြစ်နိုင်တယ်ဆိုတာ
ကျွန်တော် သိပြီးသားပါ။ ကျွန်တော်ကိုယ်တိုင်လည်း မန်စီးတီးထက်
အာဆင်နယ်ကိုပဲ ဗိုလ်စွဲစေချင်ပြီး ဒါမှ ပရီးမီးယားလိဂ်ပြိုင်ပွဲက

ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းမှာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္တာယူႏိုက္တက္ ဂႏၴဝင္ေနာက္ခံလူ ဂယ္ရီနဗီးလ္က

အာဆင္နယ္အသင္းဟာ အဆင့္(၂)ေနရာက မန္စီးတီးကို
(၈)မွတ္ျဖတ္ၿပီး ဦးေဆာင္ေနေပမယ့္ ပရီးမီးယားလိဂ္ခ်န္ပီယံ
ျဖစ္မွာ မဟုတ္သလို ယူႏိုက္တက္ရဲ႕ ေအာက္မွာသာ
ရပ္တည္ႏိုင္မယ္လို႔ အံ့အားသင့္စရာ ခန႔္မွန္းခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ေျမာက္လန္ဒန္
ဒါဘီပြဲမွာ စပါးအသင္းကို (၂-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး ဒီရာသီ
ပရီးမီးယားလိဂ္(၁၈)ပြဲကစားအၿပီးမွာ (၁၅)ပြဲအႏိုင္ရခဲ့သလို

ယူႏိုက္တက္နဲ႔တစ္ပြဲသာ ရႈံးနိမ့္ခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ၂၀၀၄ ခုႏွစ္ေနာက္ပိုင္းကတည္းက ႏွစ္ေပါင္း

(၂၀)နီးပါးေဝးကြာေနတဲ့ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ျပန္လည္
ပိုင္ဆိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိေနေပမယ့္ ဂယ္ရီနဗီးလ္ကေတာ့ အာဆင္နယ္
ဗိုလ္စြဲမွာ မဟုတ္ဘူးလို႔ အခိုင္အမာေျပာခဲ့ပါတယ္။

ဂယ္ရီနဗီးလ္က “ဒီရာသီ ပရီးမီးယားလိဂ္မွာ အာဆင္နယ္ဗိုလ္စြဲမွာ
မဟုတ္ပါဘူး။ မန္စီးတီးအသင္းပဲ ခ်န္ပီယံျဖစ္သြားဖို႔ရွိၿပီး ယူႏိုက္တက္
အသင္းက အဆင့္(၂)ေနရာမွာ ရပ္တည္ႏိုင္ပါလိမ့္မယ္။

ဒီလိုေျပာလို႔ အာဆင္နယ္ပရိသတ္ေတြ မေက်မနပ္ျဖစ္ႏိုင္တယ္ဆိုတာ
ကြၽန္ေတာ္ သိၿပီးသားပါ။ ကြၽန္ေတာ္ကိုယ္တိုင္လည္း မန္စီးတီးထက္
အာဆင္နယ္ကိုပဲ ဗိုလ္စြဲေစခ်င္ၿပီး ဒါမွ ပရီးမီးယားလိဂ္ၿပိဳင္ပြဲက

ရင္ခုန္စိတ္လႈပ္ရွားဖို႔ေကာင္းမွာျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။