(၆၂)ကြိမ်မြောက် ဟက်ထရစ်နဲ့အတူ ဆော်ဒီလိဂ်မှာ စံချိန်ကောင်းတွေ ပိုင်ဆိုင်ခဲ့တဲ့ စီရော်နယ်လ်ဒို

အသက်(၃၈)နှစ်အရွယ်ရှိပြီဖြစ်သူ ပေါ်တူဂီနာမည်ကျော်ကစားသမား

စီရော်နယ်လ်ဒိုဟာ ဒါမက်ခ်အသင်းကို (၃-ဝ)ဂိုးနဲ့အနိုင်ရတဲ့ ဆော်ဒီ
လိဂ်ပွဲမှာ ပယ်နယ်တီကနေ အဖွင့်ဂိုးသွင်းယူခဲ့ပြီး (၂၃)မိနစ်မှာ
ဒုတိယဂိုးကို နောက်ခံလူ အယ်လ်ဂန်နမ်ပေးတာကနေ ဘယ်ခြေနဲ့
အပိုင်ကန်သွင်းခဲ့ပါတယ်။

ဟက်ထရစ်ဖြစ်စေမယ့် ဂိုးကိုတော့ ပထမပိုင်း(၄၄)မိနစ်မှာ ညာတောင်ပံ
တိုက်စစ်ကစားသမား အီမန်ယာယာ ချိုးပေးလိုက်တာကို စီရော်နယ်လ်ဒိုက
ပယ်နယ်တီဧရိယာအတွင်း အဆုံးသတ်သွင်းယူပြီး အယ်လ်နာဆာ

ကစားသမားဘ၀ ဒုတိယအကြိမ်မြောက် ဟက်ထရစ်မှတ်တမ်းပိုင်ဆိုင်ခဲ့
ပါတယ်။

အခု ဟက်ထရစ်က စီရော်နယ်လ်ဒိုရဲ့ ကစားသမားဘဝတစ်လျှောက်
(၆၂)ကြိမ်မြောက် ဟက်ထရစ်ဖြစ်ပြီး သူ့လောက် ဘယ်သူမှ ဟက်ထရစ်
မသွင်းနိုင်သေးပါဘူး။

စီရော်နယ်လ်ဒိုဟာ အသက်(၃၀)မပြည့်ခင် ဟက်ထရစ်အကြိမ်ပေါင်း (၃၀)၊
အသက်(၃၀)နောက်ပိုင်း ဟက်ထရစ် (၃၂)ကြိမ်အထိသွင်းယူခဲ့တာဖြစ်သလို
အယ်လ်နာဆာအသင်းအတွက် လိဂ်ပွဲစဉ်(၅)ပွဲကစားပြီးချိန်မှာပဲ ဟက်ထရစ်
(၂)ကြိမ်သွင်းနိုင်ခဲ့တာကြောင့် ဆော်ဒီလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက်

ပွဲအနည်းဆုံးနဲ့ ဟက်ထရစ် (၂)ကြိမ်သွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ်
စံချိန်တင်နိုင်ခဲ့ပါတယ်။

ဒ့ါအပြင် ဆော်ဒီလိဂ်ပွဲစဉ်တစ်ပွဲမှာ ပထမပိုင်းအပြီး ဟက်ထရစ်သွင်းနိုင်တာက
စီရော်နယ်လ်ဒို တစ်ဦးသာရှိပါတယ်။ အခုဆိုရင် အယ်လ်နာဆာအသင်းအတွက်
လိဂ်ပွဲစဉ်(၅)ပွဲကစားအပြီးမှာ စီရော်နယ်လ်ဒိုရဲ့ သွင်းဂိုးပါဝင်ပတ်သက်မှုက
(၁၀)ဂိုးအထိရှိလာပြီး (၈)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၂)ကြိမ်ပြုလုပ်ခဲ့ပါတယ်။

[Zawgyi]

အသက္(၃၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ေပၚတူဂီနာမည္ေက်ာ္ကစားသမား
စီေရာ္နယ္လ္ဒိုဟာ ဒါမက္ခ္အသင္းကို (၃-ဝ)ဂိုးနဲ႔အႏိုင္ရတဲ့ ေဆာ္ဒီ
လိဂ္ပြဲမွာ ပယ္နယ္တီကေန အဖြင့္ဂိုးသြင္းယူခဲ့ၿပီး (၂၃)မိနစ္မွာ

ဒုတိယဂိုးကို ေနာက္ခံလူ အယ္လ္ဂန္နမ္ေပးတာကေန ဘယ္ေျခနဲ႔
အပိုင္ကန္သြင္းခဲ့ပါတယ္။

ဟက္ထရစ္ျဖစ္ေစမယ့္ ဂိုးကိုေတာ့ ပထမပိုင္း(၄၄)မိနစ္မွာ ညာေတာင္ပံ
တိုက္စစ္ကစားသမား အီမန္ယာယာ ခ်ိဳးေပးလိုက္တာကို စီေရာ္နယ္လ္ဒိုက
ပယ္နယ္တီဧရိယာအတြင္း အဆုံးသတ္သြင္းယူၿပီး အယ္လ္နာဆာ
ကစားသမားဘ၀ ဒုတိယအႀကိမ္ေျမာက္ ဟက္ထရစ္မွတ္တမ္းပိုင္ဆိုင္ခဲ့
ပါတယ္။

အခု ဟက္ထရစ္က စီေရာ္နယ္လ္ဒိုရဲ႕ ကစားသမားဘဝတစ္ေလွ်ာက္
(၆၂)ႀကိမ္ေျမာက္ ဟက္ထရစ္ျဖစ္ၿပီး သူ႔ေလာက္ ဘယ္သူမွ ဟက္ထရစ္

မသြင္းႏိုင္ေသးပါဘူး။

စီေရာ္နယ္လ္ဒိုဟာ အသက္(၃၀)မျပည့္ခင္ ဟက္ထရစ္အႀကိမ္ေပါင္း (၃၀)၊

အသက္(၃၀)ေနာက္ပိုင္း ဟက္ထရစ္ (၃၂)ႀကိမ္အထိသြင္းယူခဲ့တာျဖစ္သလို
အယ္လ္နာဆာအသင္းအတြက္ လိဂ္ပြဲစဥ္(၅)ပြဲကစားၿပီးခ်ိန္မွာပဲ ဟက္ထရစ္
(၂)ႀကိမ္သြင္းႏိုင္ခဲ့တာေၾကာင့္ ေဆာ္ဒီလိဂ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္
ပြဲအနည္းဆုံးနဲ႔ ဟက္ထရစ္ (၂)ႀကိမ္သြင္းႏိုင္တဲ့ ပထမဆုံးကစားသမားအျဖစ္
စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။

ဒ့ါအျပင္ ေဆာ္ဒီလိဂ္ပြဲစဥ္တစ္ပြဲမွာ ပထမပိုင္းအၿပီး ဟက္ထရစ္သြင္းႏိုင္တာက
စီေရာ္နယ္လ္ဒို တစ္ဦးသာရွိပါတယ္။ အခုဆိုရင္ အယ္လ္နာဆာအသင္းအတြက္

လိဂ္ပြဲစဥ္(၅)ပြဲကစားအၿပီးမွာ စီေရာ္နယ္လ္ဒိုရဲ႕ သြင္းဂိုးပါဝင္ပတ္သက္မႈက
(၁၀)ဂိုးအထိရွိလာၿပီး (၈)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ (၂)ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။