(၆)လလောက်အတွင်းမှာပဲ အသင်းကို ကြီးမားတဲ့အပြောင်းအလဲဖြစ်အောင် စွမ်းဆောင်ခဲ့သူ အဲရစ်တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဟာ မန်စီးတီးနဲ့

ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာ (၂-၁)ဂိုးနဲ့ အနိုင်ယူခဲ့ပြီးတဲ့နောက် နိုင်ပွဲ
မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့ပါတယ်။

ရာသီအစပိုင်းက ဘရိုက်တန်၊ ဘရန့်ဖို့ဒ်တို့ကို အရှက်တကွဲ ရှုံးနိမ့်ခဲ့တာကြောင့်
နှစ်ပေါင်း(၁၀၀)ကျော်အတွင်း အဖွင့်(၂)ပွဲဆက်တိုက်ရှုံးနိမ်ခဲ့တဲ့ ပထမဆုံး
ယူနိုက်တက်နည်းပြအဖြစ် သမိုင်းဝင်မှတ်တမ်းဆိုးနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်
အဲဒီနောက်ပိုင်းမှာ အဲရစ်တန်ဟက်က အသင်းကို ကြီးမားတဲ့
အလှည့်အပြောင်းတွေဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

သြဂုတ်လအတွင်း လီဗာပူးလ်ကို (၂-၁)ဂိုးနဲ့အနိုင်ရတဲ့ပွဲကစလို့ ပြိုင်ပွဲစုံ
ပွဲပေါင်း (၂၆)ပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်(၁-ဝဂိုး)၊ မန်စီးတီး(၆-၃ဂိုး)၊

အက်စတွန်ဗီလာ(၃-၁ဂိုး)တို့ကိုသာ ရှုံးနိမ့်ခဲ့ပြီး (၂၁)ပွဲနိုင်၊ (၂)ပွဲ
သရေကျခဲ့ပါတယ်။

မန်ချက်စတာဒါဘီပွဲမှာ (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့်
အဲရစ်တန်ဟက်ဟာ ပြိုင်ပွဲစုံနောက်ဆုံး(၉)ပွဲဆက် အနိုင်ရခဲ့ပြီး ဒါက
ဂန္ထဝင်နည်းပြကြီးဖာဂူဆန်နောက်ပိုင်း ယူနိုက်တက်နည်းပြတွေထဲမှာ
ပြိုင်ပွဲစုံ ပွဲဆက်အများဆုံး နိုင်ပွဲရခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက စပါးအသင်းကို (၂-ဝ)ဂိုးနဲ့
အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲကစပြီး အိမ်ကွင်းမှာ ပြိုင်ပွဲစုံ (၁၀)ပွဲ
ဆက်တိုက် အနိုင်ရခဲ့တဲ့အတွက် အဲရစ်တန်ဟက်က နည်းပြဟောင်းမော်ရင်ဟို

(၂၀၁၇၊ ဒီဇင်ဘာ – ၉ပွဲ)ကို ကျော်ဖြတ်ပြီးတော့ ဖာဂူဆန်နောက်ပိုင်း
အိမ်ကွင်းပွဲဆက်နိုင်ပွဲအများဆုံးနည်းပြအဖြစ် ရပ်တည်နိုင်ခဲ့ပါပြီ။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္တန္ဟက္ဟာ မန္စီးတီးနဲ႔
ကစားခဲ့တဲ့ မန္ခ်က္စတာဒါဘီပြဲမွာ (၂-၁)ဂိုးနဲ႔ အႏိုင္ယူခဲ့ၿပီးတဲ့ေနာက္ ႏိုင္ပြဲ
မွတ္တမ္းေကာင္းေတြ ပိုင္ဆိုင္ခဲ့ပါတယ္။

ရာသီအစပိုင္းက ဘ႐ိုက္တန္၊ ဘရန႔္ဖို႔ဒ္တို႔ကို အရွက္တကြဲ ရႈံးနိမ့္ခဲ့တာေၾကာင့္
ႏွစ္ေပါင္း(၁၀၀)ေက်ာ္အတြင္း အဖြင့္(၂)ပြဲဆက္တိုက္ရႈံးနိမ္ခဲ့တဲ့ ပထမဆုံး
ယူႏိုက္တက္နည္းျပအျဖစ္ သမိုင္းဝင္မွတ္တမ္းဆိုးနဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္
အဲဒီေနာက္ပိုင္းမွာ အဲရစ္တန္ဟက္က အသင္းကို ႀကီးမားတဲ့

အလွည့္အေျပာင္းေတြျဖစ္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

ၾသဂုတ္လအတြင္း လီဗာပူးလ္ကို (၂-၁)ဂိုးနဲ႔အႏိုင္ရတဲ့ပြဲကစလို႔ ၿပိဳင္ပြဲစုံ

ပြဲေပါင္း (၂၆)ပြဲမွာ ယူႏိုက္တက္တို႔ ဆိုစီဒက္(၁-ဝဂိုး)၊ မန္စီးတီး(၆-၃ဂိုး)၊
အက္စတြန္ဗီလာ(၃-၁ဂိုး)တို႔ကိုသာ ရႈံးနိမ့္ခဲ့ၿပီး (၂၁)ပြဲႏိုင္၊ (၂)ပြဲ
သေရက်ခဲ့ပါတယ္။

မန္ခ်က္စတာဒါဘီပြဲမွာ (၂-၁)ဂိုးနဲ႔ အႏိုင္ရခဲ့တာေၾကာင့္
အဲရစ္တန္ဟက္ဟာ ၿပိဳင္ပြဲစုံေနာက္ဆုံး(၉)ပြဲဆက္ အႏိုင္ရခဲ့ၿပီး ဒါက
ဂႏၴဝင္နည္းျပႀကီးဖာဂူဆန္ေနာက္ပိုင္း ယူႏိုက္တက္နည္းျပေတြထဲမွာ
ၿပိဳင္ပြဲစုံ ပြဲဆက္အမ်ားဆုံး ႏိုင္ပြဲရခဲ့သူအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

ဒါ့အျပင္ ၿပီးခဲ့တဲ့ေအာက္တိုဘာလတုန္းက စပါးအသင္းကို (၂-ဝ)ဂိုးနဲ႔
အႏိုင္ရတဲ့ ပရီးမီးယားလိဂ္ပြဲကစၿပီး အိမ္ကြင္းမွာ ၿပိဳင္ပြဲစုံ (၁၀)ပြဲ

ဆက္တိုက္ အႏိုင္ရခဲ့တဲ့အတြက္ အဲရစ္တန္ဟက္က နည္းျပေဟာင္းေမာ္ရင္ဟို
(၂၀၁၇၊ ဒီဇင္ဘာ – ၉ပြဲ)ကို ေက်ာ္ျဖတ္ၿပီးေတာ့ ဖာဂူဆန္ေနာက္ပိုင္း
အိမ္ကြင္းပြဲဆက္ႏိုင္ပြဲအမ်ားဆုံးနည္းျပအျဖစ္ ရပ္တည္ႏိုင္ခဲ့ပါၿပီ။