၅ ပွဲဆက်နိုင်ထားတဲ့ အာဆင်နယ်ကို လီဗာပူးလ်အနိုင်ယူပြီး ချန်ပီယံဆုကို မျှော်လင့်နိုင်မလား . . .

ပရီးမီးယားလိဂ်ပွဲစဉ်(၂၇)အဖြစ် ထိပ်သီးနှစ်သင်းဖြစ်တဲ့ အာဆင်နယ်နဲ့

လီဗာပူးလ်အသင်းတို့ဟာ ဒီည(မြန်မာစံတော်ချိန်ကြာသပတေးမနက် ၂:၄၅)မှာ

ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး နှစ်သင်းစလုံးက ရည်မှန်းချက်ကိုယ်စီရှိနေလို့

အကြိတ်အနယ်ရှိမှာအသေအချာပါပဲ။

တနင်္လာနေ့က မန်စီးတီးတို့ ပဲလေ့စ့်ကို မထင်မှတ်ဘဲသရေကျသွားတဲ့အတွက်

လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုဆွတ်ခူးနိုင်ဖို့ မျှော်လင့်ချက်ပိုအားကောင်းလာပြီး

အခုပွဲသာအနိုင်ရခဲ့ရင် မန်စီးတီးနဲ့တစ်မှတ်လျှော့အနေအထားကိုရောက်လာမှာဖြစ်ပါတယ်။

အဲဒီလိုပဲ ချန်ပီယံလိဂ်ဝင်ခွင့် အဆင့်(၄)နေရာရဖို့ အသည်းအသန်ကြိုးစားနေတဲ့

အာဆင်နယ်အသင်းကလည်း လီဗာပူးလ်ကိုသာ အနိုင်ယူနိုင်မယ်ဆိုရင်

သူ့ရဲ့ပြိုင်ဘက်တွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ ဝက်စ်ဟမ်းတို့ကို

အမှတ်ဖြတ်နိုင်မှာဖြစ်တာကြောင့် အိမ်ကွင်းမှာ လုံးဝအမှားခံမှာမဟုတ်ပါဘူး။

၂၀၁၆-၁၇ ရာသီနောက်ပိုင်းကတည်းက ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ဝေးကွာနေတဲ့ အာဆင်နယ်အသင်းအတွက်

လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ပြန်ရဖို့အခြေအနေကောင်းတွေပိုင်ဆိုင်ထားပြီး

ပြိုင်ဘက်တွေထက် (၄)ပွဲအထိလျော့နေတာက အားသာချက်လို့ပြောရမှာပါ။

ဒါပေမဲ့ အဲဒီ(၄)ပွဲမှာ အခု လီဗာပူးလ်၊ လာမယ့်ဧပြီလကျရင် ချယ်လ်ဆီးနဲ့

ကစားမယ့်ပွဲတွေပါနေတာကြောင့် သိပ်တော့မလွယ်ကူနိုင်ပါဘူး။

နောက်ပိုင်းနှစ်တွေမှာ လီဗာပူးလ်ကို အာဆင်နယ် မယှဉ်နိုင်ပေမယ့်

အီမရိတ်စ်မှာတော့ အပြန်အလှန်ကစားနိုင်ဆဲပါပဲ။

အီမရိတ်စ်မှာဆုံတွေ့ခဲ့တဲ့ နောက်ဆုံးပရီးမီးယားလိဂ်(၄)ပွဲမှာ အာဆင်နယ်(၁)ပွဲနိုင်၊

(၁)ပွဲရှုံး၊ (၂)ပွဲသရေကျခဲ့လို့ အသင်းကြီးအချင်းချင်းဆိုရင် ခံကစားနိုင်နေဆဲလို့ပြောရမှာပါ။

နောက်ပြီး အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်(၅)ပွဲဆက်အနိုင်ရထားသလို

နောက်ဆုံးလိဂ်(၁၁)ပွဲမှာ မန်စီးတီးကိုသာ ရှုံးနိမ့်ခဲ့တာကြောင့် ပထမအကျော့ကလို

လီဗာပူးလ် ခပ်ချောင်ချောင်နိုင်ဖို့တော့ မလွယ်ပါဘူး။

ရည်မှန်းချက်ကိုယ်စီနဲ့အီမရိတ်စ်မှာ စီးချင်းထိုးမယ့် အာဆင်နယ်-လီဗာပူးလ်ပွဲမှာ

ဘယ်အသင်းက ရလဒ်ကောင်းရယူနိုင်မလဲဆိုတာကတော့ . . .

zawgyi

၅ ပြဲဆက္ႏိုင္ထားတဲ့ အာဆင္နယ္ကို လီဗာပူးလ္အႏိုင္ယူၿပီး ခ်န္ပီယံဆုကို ေမွ်ာ္လင့္ႏိုင္မလား . . .

ပရီးမီးယားလိဂ္ပြဲစဥ္(၂၇)အျဖစ္ ထိပ္သီးႏွစ္သင္းျဖစ္တဲ့ အာဆင္နယ္နဲ႔

လီဗာပူးလ္အသင္းတို႔ဟာ ဒီည(ျမန္မာစံေတာ္ခ်ိန္ၾကာသပေတးမနက္ ၂:၄၅)မွာ

ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ၿပီး ႏွစ္သင္းစလုံးက ရည္မွန္းခ်က္ကိုယ္စီရွိေနလို႔

အႀကိတ္အနယ္ရွိမွာအေသအခ်ာပါပဲ။

တနလၤာေန႔က မန္စီးတီးတို႔ ပဲေလ့စ့္ကို မထင္မွတ္ဘဲသေရက်သြားတဲ့အတြက္

လီဗာပူးလ္အသင္း ပရီးမီးယားလိဂ္ခ်န္ပီယံဆုဆြတ္ခူးႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ပိုအားေကာင္းလာၿပီး

အခုပြဲသာအႏိုင္ရခဲ့ရင္ မန္စီးတီးနဲ႔တစ္မွတ္ေလွ်ာ့အေနအထားကိုေရာက္လာမွာျဖစ္ပါတယ္။

အဲဒီလိုပဲ ခ်န္ပီယံလိဂ္ဝင္ခြင့္ အဆင့္(၄)ေနရာရဖို႔ အသည္းအသန္ႀကိဳးစားေနတဲ့

အာဆင္နယ္အသင္းကလည္း လီဗာပူးလ္ကိုသာ အႏိုင္ယူႏိုင္မယ္ဆိုရင္

သူ႔ရဲ႕ၿပိဳင္ဘက္ေတြျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္၊ ဝက္စ္ဟမ္းတို႔ကို

အမွတ္ျဖတ္ႏိုင္မွာျဖစ္တာေၾကာင့္ အိမ္ကြင္းမွာ လုံးဝအမွားခံမွာမဟုတ္ပါဘူး။

၂၀၁၆-၁၇ ရာသီေနာက္ပိုင္းကတည္းက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲနဲ႔ေဝးကြာေနတဲ့ အာဆင္နယ္အသင္းအတြက္

လာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ျပန္ရဖို႔အေျခအေနေကာင္းေတြပိုင္ဆိုင္ထားၿပီး

ၿပိဳင္ဘက္ေတြထက္ (၄)ပြဲအထိေလ်ာ့ေနတာက အားသာခ်က္လို႔ေျပာရမွာပါ။

ဒါေပမဲ့ အဲဒီ(၄)ပြဲမွာ အခု လီဗာပူးလ္၊ လာမယ့္ဧၿပီလက်ရင္ ခ်ယ္လ္ဆီးနဲ႔

ကစားမယ့္ပြဲေတြပါေနတာေၾကာင့္ သိပ္ေတာ့မလြယ္ကူႏိုင္ပါဘူး။

ေနာက္ပိုင္းႏွစ္ေတြမွာ လီဗာပူးလ္ကို အာဆင္နယ္ မယွဥ္ႏိုင္ေပမယ့္

အီမရိတ္စ္မွာေတာ့ အျပန္အလွန္ကစားႏိုင္ဆဲပါပဲ။

အီမရိတ္စ္မွာဆုံေတြ႕ခဲ့တဲ့ ေနာက္ဆုံးပရီးမီးယားလိဂ္(၄)ပြဲမွာ အာဆင္နယ္(၁)ပြဲႏိုင္၊

(၁)ပြဲရႈံး၊ (၂)ပြဲသေရက်ခဲ့လို႔ အသင္းႀကီးအခ်င္းခ်င္းဆိုရင္ ခံကစားႏိုင္ေနဆဲလို႔ေျပာရမွာပါ။

ေနာက္ၿပီး အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္(၅)ပြဲဆက္အႏိုင္ရထားသလို

ေနာက္ဆုံးလိဂ္(၁၁)ပြဲမွာ မန္စီးတီးကိုသာ ရႈံးနိမ့္ခဲ့တာေၾကာင့္ ပထမအေက်ာ့ကလို

လီဗာပူးလ္ ခပ္ေခ်ာင္ေခ်ာင္ႏိုင္ဖို႔ေတာ့ မလြယ္ပါဘူး။

ရည္မွန္းခ်က္ကိုယ္စီနဲ႔အီမရိတ္စ္မွာ စီးခ်င္းထိုးမယ့္ အာဆင္နယ္-လီဗာပူးလ္ပြဲမွာ

ဘယ္အသင္းက ရလဒ္ေကာင္းရယူႏိုင္မလဲဆိုတာကေတာ့ . . . .

Be the first to comment

Leave a Reply

Your email address will not be published.


*