၅ ပေ ၉ ဆိုတဲ့ ကိစ္စကို မီဒီယာတွေ ခလုပ်တိုက်ကြတော့မယ်ဆိုတာ ယပ်စတမ်းကြီးက ကြိုသိနေတာမျိုး

အေဂျက်ဇ်ကနေ မန်ယူကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်နဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေ ဖောင်းထုကြ တော့မယ်ဆိုတာကို ကစားသမား ရောက်လာချိန်ကတည်းက ကြိုသိနေခဲ့ တယ်လို့ ယပ်စတမ်းက ပြောဆိုလိုက်ပါတယ်။

မာတီနက်ဇ်ရဲ့ မန်ယူကစား သမားဘဝအစဟာ အစေးမကပ်ဘူးလို့ ဆိုရလေမလားပါပဲ။ ဘရိုက်တန်နဲ့ ဘရန်ဖို့ဒ်တို့ကို အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပြီး အဲဒီနောက်မှသာ မန်ယူဟာ လေးပွဲ ဆက်တိုက် အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး နိုင်ပွဲဆက်မှုဟာ မာတီနက်ဇ် ရဲ့

တစ်တပ်တစ်အား ပါဝင်အားဖြည့်မှုကြောင့်ဆိုရင် မမှားနိုင်သလို ပရိသတ် တွေကလည်း ဒီအာဂျင်တီးနားသားကို နှစ်လိုဖွယ်အမူအရာတွေ ပြသနေကြ ပြီဖြစ်ပါတယ်။ ဒါပေမဲ့ မာတီနက်ဇ်နဲ့ ပတ်သက်ပြီး ဘောလုံးသမားဟောင်း တွေအပါအဝင်

သတင်းမီဒီယာတွေ ဝေဖန်နေကြတဲ့ အချက်တစ်ချက်တော့ ရှိပါတယ်။ အရပ် ၅ ပေ၊ ၉ လက်မပဲ ရှိနေတဲ့ မာတီနက်ဇ်ကို လီဗာပူးနောက်ခံ လူဟောင်း ကာရေဂါအပါအဝင် အတော်များများက ဝေဖန်ခဲ့ကြတာရှိပါ တယ်။ နယ်သာလန်မှာ ကစားနေကတည်းက

မာတီနက်ဇ်ရဲ့ ဒီဇိုင်းကာလာအနေအထားကို သိပြီးသားဖြစ်နေတဲ့ ယပ်စတမ်းက သူ့အနေနဲ့ မန်ယူကိုရောက်လာရင်တော့ ဝေဖန်ခံရတော့မယ်ဆိုတာ သိနှင့်ပြီးသား ဖြစ်တယ်လို့ ဆိုပါတယ်။ ‘’အရပ်မရှည်လွန်းတာက ဗဟိုနောက်ခံလူတစ်ယောက် အတွက်

ပြောစရာဖြစ်လာနိုင်တယ်။ ဒါပေမဲ့ သူ့ရဲ့ စွမ်းရည်ကိုတော့ ချန်ပီယံ လိဂ်နဲ့ နယ်သာလန်မှာ ပြခဲ့ပြီးဖြစ်ပါတယ်။ သူက ဘောလုံးနဲ့အတူ ရွေ့လျား ကစားနိုင်စွမ်းရှိတဲ့ ကစားသမားမျိုးဖြစ်တာကြောင့် ကွင်းလယ်လူတွေနဲ့ နောက်ခံလူတွေရဲ့ကြားထဲက နေရာလွတ်တွေမှာ ပေးပို့တဲ့ဘောလုံးတွေကို သူ ကြိုးစားပြီး

ရှင်းထုတ်နေတယ်ဆိုတာ မြင်နိုင်ပါတယ်’’ လို့ ယပ်စတမ်းက SPORTbible ကို ပြောဆိုသွားခဲ့ပါတယ်။ ယပ်စတမ်းဟာ မန်ယူနဲ့အတူ ၁၉၉၈ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ ကစားခဲ့ပြီး ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယား လိဂ်ဖလားနဲ့ အက်ဖ်အေဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့တဲ့ နောက်ခံလူကောင်း တစ်ယောက်ပါ။

(zawgyi)

ေအဂ်က္ဇ္ကေန မန္ယူကို ေျပာင္းေ႐ႊ႕ေရာက္ရွိလာခဲ့တဲ့ ေနာက္ခံလူ လီဆန္ဒ႐ို မာတီနက္ဇ္နဲ႔ ပတ္သက္ၿပီး သတင္းမီဒီယာေတြ ေဖာင္းထုၾက ေတာ့မယ္ဆိုတာကို ကစားသမား ေရာက္လာခ်ိန္ကတည္းက ႀကိဳသိေနခဲ့ တယ္လို႔ ယပ္စတမ္းက ေျပာဆိုလိုက္ပါတယ္။

မာတီနက္ဇ္ရဲ႕ မန္ယူကစား သမားဘဝအစဟာ အေစးမကပ္ဘူးလို႔ ဆိုရေလမလားပါပဲ။ ဘ႐ိုက္တန္နဲ႔ ဘရန္ဖို႔ဒ္တို႔ကို အရႈံးနဲ႔ ရင္ဆိုင္ခဲ့ရၿပီး အဲဒီေနာက္မွသာ မန္ယူဟာ ေလးပြဲ ဆက္တိုက္ အႏိုင္ရခဲ့တာျဖစ္ပါတယ္။ ဒီလိုမ်ိဳး ႏိုင္ပြဲဆက္မႈဟာ မာတီနက္ဇ္ ရဲ႕ တစ္တပ္တစ္အား

ပါဝင္အားျဖည့္မႈေၾကာင့္ဆိုရင္ မမွားႏိုင္သလို ပရိသတ္ ေတြကလည္း ဒီအာဂ်င္တီးနားသားကို ႏွစ္လိုဖြယ္အမူအရာေတြ ျပသေနၾက ၿပီျဖစ္ပါတယ္။ ဒါေပမဲ့ မာတီနက္ဇ္နဲ႔ ပတ္သက္ၿပီး ေဘာလုံးသမားေဟာင္း ေတြအပါအဝင္ သတင္းမီဒီယာေတြ ေဝဖန္ေနၾကတဲ့

အခ်က္တစ္ခ်က္ေတာ့ ရွိပါတယ္။ အရပ္ ၅ ေပ၊ ၉ လက္မပဲ ရွိေနတဲ့ မာတီနက္ဇ္ကို လီဗာပူးေနာက္ခံ လူေဟာင္း ကာေရဂါအပါအဝင္ အေတာ္မ်ားမ်ားက ေဝဖန္ခဲ့ၾကတာရွိပါ တယ္။ နယ္သာလန္မွာ ကစားေနကတည္းက မာတီနက္ဇ္ရဲ႕ ဒီဇိုင္းကာလာအေနအထားကို သိၿပီးသားျဖစ္ေနတဲ့

ယပ္စတမ္းက သူ႔အေနနဲ႔ မန္ယူကိုေရာက္လာရင္ေတာ့ ေဝဖန္ခံရေတာ့မယ္ဆိုတာ သိႏွင့္ၿပီးသား ျဖစ္တယ္လို႔ ဆိုပါတယ္။ ‘’အရပ္မရွည္လြန္းတာက ဗဟိုေနာက္ခံလူတစ္ေယာက္ အတြက္ ေျပာစရာျဖစ္လာႏိုင္တယ္။ ဒါေပမဲ့ သူ႔ရဲ႕ စြမ္းရည္ကိုေတာ့ ခ်န္ပီယံ လိဂ္နဲ႔ နယ္သာလန္မွာ ျပခဲ့ၿပီးျဖစ္ပါတယ္။

သူက ေဘာလုံးနဲ႔အတူ ေ႐ြ႕လ်ား ကစားႏိုင္စြမ္းရွိတဲ့ ကစားသမားမ်ိဳးျဖစ္တာေၾကာင့္ ကြင္းလယ္လူေတြနဲ႔ ေနာက္ခံလူေတြရဲ႕ၾကားထဲက ေနရာလြတ္ေတြမွာ ေပးပို႔တဲ့ေဘာလုံးေတြကို သူ ႀကိဳးစားၿပီး ရွင္းထုတ္ေနတယ္ဆိုတာ ျမင္ႏိုင္ပါတယ္’’ လို႔

ယပ္စတမ္းက SPORTbible ကို ေျပာဆိုသြားခဲ့ပါတယ္။ ယပ္စတမ္းဟာ မန္ယူနဲ႔အတူ ၁၉၉၈ ခုႏွစ္ကေန ၂၀၀၁ ခုႏွစ္အထိ ကစားခဲ့ၿပီး ခ်န္ပီယံလိဂ္ဖလား၊ ပရီးမီးယား လိဂ္ဖလားနဲ႔ အက္ဖ္ေအဖလားတို႔ကို ဆြတ္ခူးႏိုင္ခဲ့တဲ့ ေနာက္ခံလူေကာင္း တစ္ေယာက္ပါ။