(၅၈)နှစ်အတွင်း ဘရာဇီးလ်အသင်းရဲ့ ပထမဆုံးပြည်ပလူမျိုးနည်းပြဖြစ်လာဖို့ နီးစပ်နေပြီဖြစ်တဲ့ လူးဝစ်အင်းနရစ်

ဘာစီလိုနာနဲ့ စပိန်အသင်းနည်းပြဟောင်း လူးဝစ်အင်းနရစ်ဟာ

တောင်အမေရိကထိပ်သီး ဘရာဇီးလ်အသင်းနည်းပြသစ်ဖြစ်လာဖို့
နီးစပ်နေပြီဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ
ကွာတားဖိုင်နယ်ကနေ ထွက်ခဲ့ရပြီးတဲ့နောက် နည်းပြထိထီက
ရာထူးကနေ နုတ်ထွက်ခဲ့တဲ့အတွက် အခုလောလောဆယ်
နည်းပြလက်မဲ့ဖြစ်နေပါတယ်။

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ ရိုဒရီဂွက်ဇ်ဟာ နည်းပြသစ်
ခန့်အပ်ဖို့ကိစ္စနဲ့ပတ်သက်ပြီး လာမယ့်ရက်သတ္တပတ်အတွင်း ဥရောပကို
ခရီးထွက်ဖို့စီစဉ်ထားသလို လူးဝင်အင်းနရစ်က ဘရာဇီးလ်အသင်း

နည်းပြသစ်ဖြစ်လို့ ရေပန်းစားနေတယ်လို့ ဘရာဇီးလ်အားကစား
ဝက်ဘ်ဆိုက်ဖြစ်တဲ့ UOL Esporte က ဖော်ပြခဲ့ပါတယ်။

ဘရာဇီးလ်အသင်းဟာ ၁၉၆၅ ခုနှစ်က အာဂျင်တီးနားလူမျိုး
ဖလစ်ပိုနူးနက်ဇ်ကို နည်းပြအဖြစ်ခန့်အပ်ခဲ့ပြီးနောက်ပိုင်း ပြည်ပနည်းပြ
တစ်ဦးကို မခန့်အပ်တော့ဘဲ အခု (၅၈)နှစ်အကြာမှာ ပြည်ပနည်းပြ
တစ်ဦးနဲ့ လက်တွဲဖို့ စီစဉ်နေတာဖြစ်ပါတယ်။

အသက်(၅၂)နှစ်အရွယ်ရှိပြီဖြစ်သူ အင်းနရစ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလား
ပြိုင်ပွဲမှာ မော်ရိုကိုအသင်းကို ရှုံးနိမ့်ပြီးတော့ ကွာတားဖိုင်နယ်ကနေ
ထွက်ခဲ့ရတဲ့အတွက် စပိန်အသင်းနည်းပြရာထူးကနေ အထုတ်ခံခဲ့ရပါတယ်။

အင်းနရစ်ကို နည်းပြအဖြစ်ခန့်အပ်ဖို့ ကလပ်အသင်းတချို့ကလည်း
ပစ်မှတ်ထားနေတာကြောင့် အင်းနရစ်အနေနဲ့ လက်ရွေးစင်အသင်းမှာပဲ

နည်းပြဘ၀ ဆက်လက်ဖြတ်သန်းမလား . .ကလပ်လောကထဲ
ပြန်ဝင်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

[Zawgyi]

ဘာစီလိုနာနဲ႔ စပိန္အသင္းနည္းျပေဟာင္း လူးဝစ္အင္းနရစ္ဟာ
ေတာင္အေမရိကထိပ္သီး ဘရာဇီးလ္အသင္းနည္းျပသစ္ျဖစ္လာဖို႔
နီးစပ္ေနၿပီျဖစ္ပါတယ္။

ဘရာဇီးလ္အသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ
ကြာတားဖိုင္နယ္ကေန ထြက္ခဲ့ရၿပီးတဲ့ေနာက္ နည္းျပထိထီက
ရာထူးကေန ႏုတ္ထြက္ခဲ့တဲ့အတြက္ အခုေလာေလာဆယ္
နည္းျပလက္မဲ့ျဖစ္ေနပါတယ္။

ဘရာဇီးလ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠ႒ျဖစ္သူ ႐ိုဒရီဂြက္ဇ္ဟာ နည္းျပသစ္
ခန႔္အပ္ဖို႔ကိစၥနဲ႔ပတ္သက္ၿပီး လာမယ့္ရက္သတၱပတ္အတြင္း ဥေရာပကို

ခရီးထြက္ဖို႔စီစဥ္ထားသလို လူးဝင္အင္းနရစ္က ဘရာဇီးလ္အသင္း
နည္းျပသစ္ျဖစ္လို႔ ေရပန္းစားေနတယ္လို႔ ဘရာဇီးလ္အားကစား
ဝက္ဘ္ဆိုက္ျဖစ္တဲ့ UOL Esporte က ေဖာ္ျပခဲ့ပါတယ္။

ဘရာဇီးလ္အသင္းဟာ ၁၉၆၅ ခုႏွစ္က အာဂ်င္တီးနားလူမ်ိဳး
ဖလစ္ပိုႏူးနက္ဇ္ကို နည္းျပအျဖစ္ခန႔္အပ္ခဲ့ၿပီးေနာက္ပိုင္း ျပည္ပနည္းျပ
တစ္ဦးကို မခန႔္အပ္ေတာ့ဘဲ အခု (၅၈)ႏွစ္အၾကာမွာ ျပည္ပနည္းျပ
တစ္ဦးနဲ႔ လက္တြဲဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။

အသက္(၅၂)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ အင္းနရစ္ဟာ ၂၀၂၂ ကမာၻ႔ဖလား
ၿပိဳင္ပြဲမွာ ေမာ္႐ိုကိုအသင္းကို ရႈံးနိမ့္ၿပီးေတာ့ ကြာတားဖိုင္နယ္ကေန

ထြက္ခဲ့ရတဲ့အတြက္ စပိန္အသင္းနည္းျပရာထူးကေန အထုတ္ခံခဲ့ရပါတယ္။

အင္းနရစ္ကို နည္းျပအျဖစ္ခန႔္အပ္ဖို႔ ကလပ္အသင္းတခ်ိဳ႕ကလည္း

ပစ္မွတ္ထားေနတာေၾကာင့္ အင္းနရစ္အေနနဲ႔ လက္ေ႐ြးစင္အသင္းမွာပဲ
နည္းျပဘ၀ ဆက္လက္ျဖတ္သန္းမလား . .ကလပ္ေလာကထဲ
ျပန္ဝင္လာမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။