၄ ပွဲကပ်ရှုံးတာထက် တစ်ပွဲတည်းမှာ ၄ ဂိုးပြတ်ရှုံးလိုက်တာ ပိုကောင်းတယ်လို့ ပေါက်ကွဲနေတဲ့ မော်ရင်ညို

ရိုးမားနည်းပြမော်ရင်ညိုကတော့ အူဒီးနီးစ်ကို ၄ ဂိုးပြတ်ရှုံးခဲ့တာကြောင့် အတော်လေးပေါက်ကွဲနေပါတယ်။ စီးရီးအေ ၄ ပွဲမှာ ၃ ပွဲနိုင်ပြီး ၁ ဂိုးသာပေးထားရတဲ့အသင်းအဖြစ် Dacia Arena ကို ချီတက်လာခဲ့တာဖြစ်ပေမယ့် ရောမသားတွေ

မထင်မှတ်ဘဲ အလစ်တိုက်ခံခဲ့ရတာပါ။ အူဒီးနီးစ်ဟာ ၅ မိနစ်မှာတင် အူဒူဂီရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ၃ ဂိုးထပ်သွင်းသွားခဲ့ပါတယ်။ တိုက်စစ်မှူးအေဘရာဟမ်ကလည်း အင်္ဂလန်နည်းပြဆောက်ဂိတ် လာကြည့်တဲ့ပွဲမှာ

ဂိုးမသွင်းနိုင်တဲ့အပြင် ပခုံးဒဏ်ရာလည်း ရသွားခဲ့ပါသေးတယ်။ ပြိုင်ဘက်ပရိသတ်တွေကလည်း အခုလို ဂိုးပြတ်ရှုံးတာကြောင့် မော်ရင်ညိုကို တွစ်တာမှာ အသေလောင်နေကြတာပါ။ အထူးသဖြင့်

“ မော်ရင်ညိုက သြဂုတ်လအကောင်းဆုံးနည်းပြဆုရတယ်။ သူ့အသင်းက ၄ ဂိုးပြတ်ရှုံးတယ် ” ၊ “ ဘတ်စ်ကားကွက်တွေ အလုပ်မဖြစ်တော့ဘူးလား စပါယ်ရှယ်ဝမ်းရေ ” ဆိုတဲ့ မှတ်ချက်မျိုးတွေက အထိနာချင်စရာကောင်းနေပါတယ်။

ဒါပေမဲ့ စကားတောင်စား မော်ရင်ညိုကလည်း ခေသူမှမဟုတ်တာ။ ပွဲပြီးတဲ့နောက် DAZN မီဒီယာနဲ့အင်တာဗျူးမှာ “ ဒီနေ့ဟာ ကစားသမားတွေ ကျွန်တော့်ကိုလိုအပ်တဲ့ နေ့တစ်နေ့ပေါ့။ သူတို့ကို ပြောခဲ့တာကို ကျွန်တော်ပြန်ပြောပြမယ်။

၁-၀ ဂိုးနဲ့ ၄ ပွဲရှုံးတာထက် ၁ ပွဲတည်း ၄ ဂိုးပြတ်ရှုံးတာ ပိုကောင်းတယ်လို့ပြောခဲ့တာပါ ” လို့ ဖွင့်ဟသွားခဲ့တာပါ။ ဒါ့အပြင် ဒိုင်လူကြီးနဲ့ပတ်သက်ပြီးတော့လည်း “ ခင်ဗျား ၄ ဂိုးပြတ်ရှုံးပြီဆိုရင် ဒိုင်လူကြီးအကြောင်း မပြောနိုင်တော့ပါဘူး။

ဒါပေမဲ့ ဒီပွဲကို ဒီဒိုင်တာဝန်ယူမယ်ဆိုတာ ကြားကတည်းက အူဒီးနီးစ်လိုအသင်းမျိုးအတွက် အိမ်ကွင်းမှာကစားဖို့ ပြီးပြည့်စုံတဲ့ဒိုင်လူကြီးဆိုတာ သိခဲ့ပြီးသားပါ။ ပထမဆုံးအဝါကတ်ဟာ ဒီပွဲရဲ့အနုပညာရှင်ဆီ ရောက်သွားခဲ့တယ်။ ပြောနိုင်တာ ဒါအကုန်ပါပဲ ” လို့ ပါးပါးလေးပုတ်သွားခဲ့ပါသေးတယ်။

(zawgyi)

႐ိုးမားနည္းျပေမာ္ရင္ညိဳကေတာ့ အူဒီးနီးစ္ကို ၄ ဂိုးျပတ္ရႈံးခဲ့တာေၾကာင့္ အေတာ္ေလးေပါက္ကြဲေနပါတယ္။ စီးရီးေအ ၄ ပြဲမွာ ၃ ပြဲႏိုင္ၿပီး ၁ ဂိုးသာေပးထားရတဲ့အသင္းအျဖစ္ Dacia Arena ကို ခ်ီတက္လာခဲ့တာျဖစ္ေပမယ့္

ေရာမသားေတြ မထင္မွတ္ဘဲ အလစ္တိုက္ခံခဲ့ရတာပါ။ အူဒီးနီးစ္ဟာ ၅ မိနစ္မွာတင္ အူဒူဂီရဲ႕ဂိုးနဲ႔ဦးေဆာင္ႏိုင္ခဲ့ၿပီး ဒုတိယပိုင္းမွာ ၃ ဂိုးထပ္သြင္းသြားခဲ့ပါတယ္။ တိုက္စစ္မႉးေအဘရာဟမ္ကလည္း အဂၤလန္နည္းျပေဆာက္ဂိတ္ လာၾကည့္တဲ့ပြဲမွ

ာ ဂိုးမသြင္းႏိုင္တဲ့အျပင္ ပခုံးဒဏ္ရာလည္း ရသြားခဲ့ပါေသးတယ္။ ၿပိဳင္ဘက္ပရိသတ္ေတြကလည္း အခုလို ဂိုးျပတ္ရႈံးတာေၾကာင့္ ေမာ္ရင္ညိဳကို တြစ္တာမွာ အေသေလာင္ေနၾကတာပါ။ အထူးသျဖင့္

“ ေမာ္ရင္ညိဳက ၾသဂုတ္လအေကာင္းဆုံးနည္းျပဆုရတယ္။ သူ႔အသင္းက ၄ ဂိုးျပတ္ရႈံးတယ္ ” ၊ “ ဘတ္စ္ကားကြက္ေတြ အလုပ္မျဖစ္ေတာ့ဘူးလား စပါယ္ရွယ္ဝမ္းေရ ” ဆိုတဲ့ မွတ္ခ်က္မ်ိဳးေတြက အထိနာခ်င္စရာေကာင္းေနပါတယ္။

ဒါေပမဲ့ စကားေတာင္စား ေမာ္ရင္ညိဳကလည္း ေခသူမွမဟုတ္တာ။ ပြဲၿပီးတဲ့ေနာက္ DAZN မီဒီယာနဲ႔အင္တာဗ်ဴးမွာ “ ဒီေန႔ဟာ ကစားသမားေတြ ကြၽန္ေတာ့္ကိုလိုအပ္တဲ့ ေန႔တစ္ေန႔ေပါ့။ သူတို႔ကို ေျပာခဲ့တာကို

ကြၽန္ေတာ္ျပန္ေျပာျပမယ္။ ၁-၀ ဂိုးနဲ႔ ၄ ပြဲရႈံးတာထက္ ၁ ပြဲတည္း ၄ ဂိုးျပတ္ရႈံးတာ ပိုေကာင္းတယ္လို႔ေျပာခဲ့တာပါ ” လို႔ ဖြင့္ဟသြားခဲ့တာပါ။ ဒါ့အျပင္ ဒိုင္လူႀကီးနဲ႔ပတ္သက္ၿပီးေတာ့လည္း “ ခင္ဗ်ား ၄ ဂိုးျပတ္ရႈံးၿပီဆိုရင္ ဒိုင္လူႀကီးအေၾကာင္း မေျပာႏိုင္ေတာ့ပါဘူး။

ဒါေပမဲ့ ဒီပြဲကို ဒီဒိုင္တာဝန္ယူမယ္ဆိုတာ ၾကားကတည္းက အူဒီးနီးစ္လိုအသင္းမ်ိဳးအတြက္ အိမ္ကြင္းမွာကစားဖို႔ ၿပီးျပည့္စုံတဲ့ဒိုင္လူႀကီးဆိုတာ သိခဲ့ၿပီးသားပါ။ ပထမဆုံးအဝါကတ္ဟာ ဒီပြဲရဲ႕အႏုပညာရွင္ဆီ ေရာက္သြားခဲ့တယ္။ ေျပာႏိုင္တာ ဒါအကုန္ပါပဲ ” လို႔ ပါးပါးေလးပုတ္သြားခဲ့ပါေသးတယ္။