၄၈ နာရီအတွင်း အပြီးသတ်ခေါ်ယူဖို့ ဘာစီလိုနာကို ရာဖင်ဟာ ရာဇသံပေး

ရာသီကြိုခြေစမ်းပွဲခရီးစဉ်အဖြစ် သြစတြေးလျကို လိဒ်ယူနိုက်တက်အသင်း ထွက်ခွာသွားပြီဖြစ်ပေမယ့် ရာဖင်ဟာကတော့ လိုက်ပါမသွားခဲ့ပါဘူး။

အသက် ၂၅ နှစ်အရွယ် ဘရာဇီးလ်သားဟာ အီလန်ရုဒ်ကနေထွက်ခွာချင်နေတာကြောင့် ခြေစမ်းပွဲခရီးစဉ်မှာ မလိုက်ပါခွင့်ပေးဖို့ တောင်းဆိုခဲ့တာပါ။

အထူးသဖြင့် သူ့ရဲ့အနာဂတ်က မပြတ်သားသေးလို့ပါပဲ။ ဘရာဇီးလ်တောင်ပံလူက ဘာစီလိုနာကို သွားချင်နေပါတယ်။ ခက်တာက လိဒ်ဟာ ချဲလ်ဆီးနဲ့သဘောတူညီမှု ရရှိထားပြီးပါပြီ။

ဒါပေမဲ့ ရာဖင်ဟာကတော့ နူးကမ့်ကိုပဲပြောင်းရွှေ့ချင်နေပြီး ဇာဗီရဲ့အသင်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုတောင် ရထားပြီးသားလို့သိရပါတယ်။

ဒါကြောင့် အခြေအနေက ရှုပ်ထွေးနေတာပါ။ Goal သတင်းဌာနကတော့ ရာဖင်ဟာနဲ့ အေးဂျင့်ဒေကိုတို့က ဘာစီလိုနာကို ၄၈ နာရီ အချိန်ပေးလိုက်တယ်လို့ ဖေါ်ပြပါတယ်။

တနည်းအားဖြင့် သူ့ကိုခေါ်ချင်ရင် ၂ ရက်အတွင်း ကိစ္စဖြတ်လို့ ရာဇသံပေးလိုက်တာပါ။ တကယ်တော့ ဘာစီလိုနာဟာ ကြွေးမြီ ပေါင် ၅၀၈ သန်းဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကြီးနဲ့

နွေဈေးကွက်ထဲ ဝင်လာခဲ့ရတာဖြစ်ပါတယ်။ ရုပ်သံထုတ်လွှင့်ခွင့်တွေရောင်းချပြီး ငွေကြေးဆိုင်ရာအခက်အခဲကို ဖြေရှင်းထားတာတောင် ကစားသမားသစ် ဖရန့်ကက်စီနဲ့ခရစ္စတီယန်ဆန်ကို

မှတ်ပုံမတင်နိုင်သေးပါဘူး။ ဒါကြောင့် ရာဖင်ဟာအတွက် အရစ်ကျပေးလို့ရမလားလို့ လိဒ်ကိုကမ်းလှမ်းရင်ကမ်းလှမ်း၊ ဒါမှမဟုတ် ချဲလ်ဆီးနဲ့ညှိနှိုင်းရဖို့ရှိနေပါတယ်။

(zawgyi)

ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္အျဖစ္ ၾသစေၾတးလ်ကို လိဒ္ယူႏိုက္တက္အသင္း ထြက္ခြာသြားၿပီျဖစ္ေပမယ့္ ရာဖင္ဟာကေတာ့ လိုက္ပါမသြားခဲ့ပါဘူး။

အသက္ ၂၅ ႏွစ္အ႐ြယ္ ဘရာဇီးလ္သားဟာ အီလန္႐ုဒ္ကေနထြက္ခြာခ်င္ေနတာေၾကာင့္ ေျခစမ္းပြဲခရီးစဥ္မွာ မလိုက္ပါခြင့္ေပးဖို႔ ေတာင္းဆိုခဲ့တာပါ။

အထူးသျဖင့္ သူ႔ရဲ႕အနာဂတ္က မျပတ္သားေသးလို႔ပါပဲ။ ဘရာဇီးလ္ေတာင္ပံလူက ဘာစီလိုနာကို သြားခ်င္ေနပါတယ္။ ခက္တာက လိဒ္ဟာ ခ်ဲလ္ဆီးနဲ႔သေဘာတူညီမႈ ရရွိထားၿပီးပါၿပီ။

ဒါေပမဲ့ ရာဖင္ဟာကေတာ့ ႏူးကမ့္ကိုပဲေျပာင္းေ႐ႊ႕ခ်င္ေနၿပီး ဇာဗီရဲ႕အသင္းနဲ႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈေတာင္ ရထားၿပီးသားလို႔သိရပါတယ္။ ဒါေၾကာင့္ အေျခအေနက ရႈပ္ေထြးေနတာပါ။

Goal သတင္းဌာနကေတာ့ ရာဖင္ဟာနဲ႔ ေအးဂ်င့္ေဒကိုတို႔က ဘာစီလိုနာကို ၄၈ နာရီ အခ်ိန္ေပးလိုက္တယ္လို႔ ေဖၚျပပါတယ္။ တနည္းအားျဖင့္ သူ႔ကိုေခၚခ်င္ရင္ ၂ ရက္အတြင္း ကိစၥျဖတ္လို႔ ရာဇသံေပးလိုက္တာပါ။

တကယ္ေတာ့ ဘာစီလိုနာဟာ ေႂကြးၿမီ ေပါင္ ၅၀၈ သန္းဆိုတဲ့ ဝန္ထုပ္ဝန္ပိုးႀကီးနဲ႔ ေႏြေဈးကြက္ထဲ ဝင္လာခဲ့ရတာျဖစ္ပါတယ္။ ႐ုပ္သံထုတ္လႊင့္ခြင့္ေတြေရာင္းခ်ၿပီး ေငြေၾကးဆိုင္ရာအခက္အခဲကို ေျဖရွင္းထားတာေတာင္

ကစားသမားသစ္ ဖရန႔္ကက္စီနဲ႔ခရစၥတီယန္ဆန္ကို မွတ္ပုံမတင္ႏိုင္ေသးပါဘူး။ ဒါေၾကာင့္ ရာဖင္ဟာအတြက္ အရစ္က်ေပးလို႔ရမလားလို႔ လိဒ္ကိုကမ္းလွမ္းရင္ကမ္းလွမ္း၊ ဒါမွမဟုတ္ ခ်ဲလ္ဆီးနဲ႔ညႇိႏႈိင္းရဖို႔ရွိေနပါတယ္။