(၄၄)နှစ်အတွင်း ကမ္ဘာ့ဖလားအုပ်စုကနေ မက္ကဆီကိုတို့ ပထမဆုံးအကြိမ်ထွက်ခဲ့ရ

အုပ်စု (C)နောက်ဆုံးပွဲဖြစ်တဲ့ မက္ကဆီကိုနဲ့ ဆော်ဒီတို့ရဲ့ပွဲမှာ မက္ကဆီကိုအသင်းက

(၂-၁)ဂိုးနဲ့အနိုင်ရခဲ့ပေမယ့် စိတ်မကောင်းစွာနဲ့ပဲ ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ပြ
နှုတ်ဆက်လိုက်ရပါတယ်။

မက္ကဆီကိုအသင်းဟာ ဆော်ဒီကို (၄၊ ၅)ဂိုးလောက်အထိ ပြတ်ပြတ်သားသားအနိုင်
ရနိုင်တဲ့ အခြေအနေမျိုးဖြစ်ခဲ့ပြီး ဂိုးပေါက်တည့်မှု (၁၀)ကြိမ်အထိရှိပေမယ့် ဆော်ဒီ
ဂိုးသမား ကာကွယ်နိုင်တာရယ်၊ မက္ကဆီကိုတိုက်စစ်ကစားသမားတွေ လွဲချော်ခဲ့တာတွေကြောင့်
(၂)ဂိုးသာရခဲ့တာပါ။

မက္ကဆီကိုအသင်း ဂိုးရဖို့ ဖိကစားရင်း နာကျင်အချိန်ပို (၉၅)မိနစ်မှာ Counter
ပြန်ပေါက်တာကနေ ဆော်ဒီတိုက်စစ်မှူး အယ်လ်ဒေါ်ဆာရီက ချေပဂိုးသွင်းယူခဲ့တာကြောင့်
မက္ကဆီကိုကစားသမားတွေသာမက အသင်းပရိသတ်တွေအတွက် ကြေကွဲစရာဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ မက္ကဆီကိုအသင်းဟာ ဆော်ဒီကို (၂-ဝ)ဂိုးနဲ့နိုင်ရင်တောင် အုပ်စုကနေတက်ခွင့်ရမှာ
မဟုတ်ပါဘူး။ တကယ်လို့ မက္ကဆီကိုအသင်းသာ (၂-ဝ)ဂိုးနဲ့နိုင်မယ်ဆိုရင် ပိုလန်နဲ့ (၄)မှတ်တူ၊

နှစ်သင်းစလုံး ရဂိုး(၂)ဂိုး၊ ပေးဂိုး(၂)ဂိုးနဲ့ ဂိုးကွာခြားချက်(ဝ)ဂိုးစီ တူညီမှာဖြစ်ပေမယ့် Fair Play
ရလဒ်အရ မက္ကဆီကိုအသင်းဟာ အဝါကတ်အရေအတွက်မှာ ပိုလန်ထက် ပိုများနေလို့
အုပ်စုကနေထွက်ရမှာပဲဖြစ်ပါတယ်။

မက္ကဆီကိုအသင်းဟာ ၁၉၉၄ ကနေ ၂၀၁၈ ခုနှစ်အထိ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၇)ကြိမ်
ဆက်တိုက် ရှုံးထွက်(၁၆)သင်းအဆင့်တက်ခဲ့တဲ့မှတ်တမ်းကောင်းက အခု ပြိုင်ပွဲမှာ
ရပ်တန့်သွားပြီဖြစ်ပြီး ၁၉၇၈ ပြိုင်ပွဲနောက်ပိုင်း (၄၄)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ်
အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပါတယ်။

[Zawgyi]

အုပ္စု (C)ေနာက္ဆုံးပြဲျဖစ္တဲ့ မကၠဆီကိုနဲ႔ ေဆာ္ဒီတို႔ရဲ႕ပြဲမွာ မကၠဆီကိုအသင္းက
(၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့ေပမယ့္ စိတ္မေကာင္းစြာနဲ႔ပဲ ကမာၻ႔ဖလားၿပိဳင္ပြဲကို လက္ျပ

ႏႈတ္ဆက္လိုက္ရပါတယ္။

မကၠဆီကိုအသင္းဟာ ေဆာ္ဒီကို (၄၊ ၅)ဂိုးေလာက္အထိ ျပတ္ျပတ္သားသားအႏိုင္

ရႏိုင္တဲ့ အေျခအေနမ်ိဳးျဖစ္ခဲ့ၿပီး ဂိုးေပါက္တည့္မႈ (၁၀)ႀကိမ္အထိရွိေပမယ့္ ေဆာ္ဒီ
ဂိုးသမား ကာကြယ္ႏိုင္တာရယ္၊ မကၠဆီကိုတိုက္စစ္ကစားသမားေတြ လြဲေခ်ာ္ခဲ့တာေတြေၾကာင့္
(၂)ဂိုးသာရခဲ့တာပါ။

မကၠဆီကိုအသင္း ဂိုးရဖို႔ ဖိကစားရင္း နာက်င္အခ်ိန္ပို (၉၅)မိနစ္မွာ Counter
ျပန္ေပါက္တာကေန ေဆာ္ဒီတိုက္စစ္မႉး အယ္လ္ေဒၚဆာရီက ေခ်ပဂိုးသြင္းယူခဲ့တာေၾကာင့္
မကၠဆီကိုကစားသမားေတြသာမက အသင္းပရိသတ္ေတြအတြက္ ေၾကကြဲစရာျဖစ္ခဲ့ပါတယ္။

ဒါေပမဲ့ မကၠဆီကိုအသင္းဟာ ေဆာ္ဒီကို (၂-ဝ)ဂိုးနဲ႔ႏိုင္ရင္ေတာင္ အုပ္စုကေနတက္ခြင့္ရမွာ
မဟုတ္ပါဘူး။ တကယ္လို႔ မကၠဆီကိုအသင္းသာ (၂-ဝ)ဂိုးနဲ႔ႏိုင္မယ္ဆိုရင္ ပိုလန္နဲ႔ (၄)မွတ္တူ၊
ႏွစ္သင္းစလုံး ရဂိုး(၂)ဂိုး၊ ေပးဂိုး(၂)ဂိုးနဲ႔ ဂိုးကြာျခားခ်က္(ဝ)ဂိုးစီ တူညီမွာျဖစ္ေပမယ့္ Fair Play

ရလဒ္အရ မကၠဆီကိုအသင္းဟာ အဝါကတ္အေရအတြက္မွာ ပိုလန္ထက္ ပိုမ်ားေနလို႔
အုပ္စုကေနထြက္ရမွာပဲျဖစ္ပါတယ္။

မကၠဆီကိုအသင္းဟာ ၁၉၉၄ ကေန ၂၀၁၈ ခုႏွစ္အထိ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ (၇)ႀကိမ္
ဆက္တိုက္ ရႈံးထြက္(၁၆)သင္းအဆင့္တက္ခဲ့တဲ့မွတ္တမ္းေကာင္းက အခု ၿပိဳင္ပြဲမွာ
ရပ္တန႔္သြားၿပီျဖစ္ၿပီး ၁၉၇၈ ၿပိဳင္ပြဲေနာက္ပိုင္း (၄၄)ႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္
အုပ္စုအဆင့္ကေန ထြက္ခဲ့ရပါတယ္။