၃ ပွဲမှာ ၁၁ ဂိုးသွင်းနိုင်ပေမယ့် တိုက်စစ်မှူးသစ်ထပ်ခေါ်ပေးဖို့ သခင်ကြီးတန်းဟတ် တောင်းဆို

အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် တိုက်စစ်မှူးသစ်တစ်ဦးခေါ်ယူဖို့ အရေးကြီးတယ်လို့ မန်ယူနည်းပြတန်းဟတ်က အသင်းဘုတ်အဖွဲ့ကိုပြောလိုက်ပါတယ်။

တနည်းအားဖြင့် ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ချင်ရင် တိုက်စစ်မှာအားဖြည့်ရမယ်လို့ တောင်းဆိုလိုက်တာပါ။ တန်းဟတ်ဟာ သူ့ရဲ့အသင်းဟောင်းအေဂျက်ဇ်က

တောင်ပံတိုက်စစ်မှူးအန်တိုနီကို ခေါ်ယူဖို့ချိတ်ဆက်နေပါတယ်။ ဘရာဇီးလ်သားရဲ့အေးဂျင့် ဂျူနီယာပက်ဒရိုဆိုဟာ ဆွေးနွေးဖို့ မန်ချက်စတာကိုရောက်နေတယ်လို့လည်း

သတင်းထွက်နေပါတယ်။ တန်းဟတ်ကလည်း “ တကယ်လို့ ခင်ဗျား အောင်မြင်ချင်ရင်တော့ ဒါက အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ရာသီက အရမ်းရှည်ပါတယ်။

အဲဒါက အကြောင်းပြချက်တစ်ခုဖြစ်ပေမယ့် ပွဲအရေအတွက်လည်း ပါတယ်။ တိုက်စစ်မှာ ပိုမိုရွေးချယ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါကိုဖြည့်ဆီးဖို့ ကျွန်တော်တို့မှာ အချိန်တော့ရှိပါသေးတယ် ” လို့

ပြောလိုက်တာပါ။ မန်ယူဟာ အသင်းကထွက်ခွာချင်နေတဲ့ ရော်နယ်ဒိုမရှိတဲ့အချိန်မှာ မာရှယ်ကို ခြေစမ်းပွဲတွေမှာ အားကိုးနေရပါတယ်။ ပြင်သစ်တိုက်စစ်မှူးဟာ

ခြေစမ်းပွဲ ၃ ပွဲလုံး ဂိုးသွင်းနိုင်ခဲ့သလို သရဲနီတွေလည်း ရာနှုန်းပြည့်နိုင်ပွဲဆက်ခဲ့ပါတယ်။ ဒါ့အပြင် ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ်တို့လည်း ဂိုးသွင်းနိုင်ခဲ့သလို မန်ယူဟာ တစ်ပွဲအနိမ့်ဆုံး

၃ ဂိုးနှုန်းနဲ့ ၁၁ ဂိုးသွင်းနိုင်ခဲ့တာပါ။ ဒါကြောင့် အခုလိုတောင်းဆိုမှုဟာ ရော်နယ်ဒိုကို တန်းဟတ်မေ့လိုက်ပြီဆိုတဲ့သဘောဖြစ်သလို လက်ရှိတိုက်စစ်ကိုလည်း အားမရသေးဘူးဆိုတဲ့ အဓိပ္ပယ်ပဲလို့ သုံးသပ်နေကြပါတယ်။

(zawgyi)

အေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္ခင္ တိုက္စစ္မႉးသစ္တစ္ဦးေခၚယူဖို႔ အေရးႀကီးတယ္လို႔ မန္ယူနည္းျပတန္းဟတ္က အသင္းဘုတ္အဖြဲ႕ကိုေျပာလိုက္ပါတယ္။ တနည္းအားျဖင့္ ပရီးမီးယားလိဂ္ဖလားကို

စိန္ေခၚခ်င္ရင္ တိုက္စစ္မွာအားျဖည့္ရမယ္လို႔ ေတာင္းဆိုလိုက္တာပါ။ တန္းဟတ္ဟာ သူ႔ရဲ႕အသင္းေဟာင္းေအဂ်က္ဇ္က ေတာင္ပံတိုက္စစ္မႉးအန္တိုနီကို ေခၚယူဖို႔ခ်ိတ္ဆက္ေနပါတယ္။

ဘရာဇီးလ္သားရဲ႕ေအးဂ်င့္ ဂ်ဴနီယာပက္ဒ႐ိုဆိုဟာ ေဆြးေႏြးဖို႔ မန္ခ်က္စတာကိုေရာက္ေနတယ္လို႔လည္း သတင္းထြက္ေနပါတယ္။ တန္းဟတ္ကလည္း “ တကယ္လို႔ ခင္ဗ်ား ေအာင္ျမင္ခ်င္ရင္ေတာ့

ဒါက အေရးႀကီးတယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ရာသီက အရမ္းရွည္ပါတယ္။ အဲဒါက အေၾကာင္းျပခ်က္တစ္ခုျဖစ္ေပမယ့္ ပြဲအေရအတြက္လည္း ပါတယ္။ တိုက္စစ္မွာ ပိုမိုေ႐ြးခ်ယ္ႏိုင္ဖို႔ လိုအပ္ပါတယ္။

ဒါကိုျဖည့္ဆီးဖို႔ ကြၽန္ေတာ္တို႔မွာ အခ်ိန္ေတာ့ရွိပါေသးတယ္ ” လို႔ ေျပာလိုက္တာပါ။ မန္ယူဟာ အသင္းကထြက္ခြာခ်င္ေနတဲ့ ေရာ္နယ္ဒိုမရွိတဲ့အခ်ိန္မွာ မာရွယ္ကို ေျခစမ္းပြဲေတြမွာ အားကိုးေနရပါတယ္။

ျပင္သစ္တိုက္စစ္မႉးဟာ ေျခစမ္းပြဲ ၃ ပြဲလုံး ဂိုးသြင္းႏိုင္ခဲ့သလို သရဲနီေတြလည္း ရာႏႈန္းျပည့္ႏိုင္ပြဲဆက္ခဲ့ပါတယ္။ ဒါ့အျပင္ ဆန္ခ်ိဳနဲ႔ ရက္ရွ္ဖို႔ဒ္တို႔လည္း ဂိုးသြင္းႏိုင္ခဲ့သလို မန္ယူဟာ တစ္ပြဲအနိမ့္ဆုံး ၃ ဂိုးႏႈန္းနဲ႔ ၁၁ ဂိုးသြင္းႏိုင္ခဲ့တာပါ။

ဒါေၾကာင့္ အခုလိုေတာင္းဆိုမႈဟာ ေရာ္နယ္ဒိုကို တန္းဟတ္ေမ့လိုက္ၿပီဆိုတဲ့သေဘာျဖစ္သလို လက္ရွိတိုက္စစ္ကိုလည္း အားမရေသးဘူးဆိုတဲ့ အဓိပၸယ္ပဲလို႔ သုံးသပ္ေနၾကပါတယ္။