၃ ပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့တဲ့ အဲရစ်ဆင် – နှလုံးရှော့ဖြစ်ခဲ့တယ်ဆိုတာ ယုံနိုင်ပါ့မလား?

ဘရန်ဖို့ဒ်ကတော့ ချယ်လ်ဆီးကို အဝေးကွင်းမှာ ၁-၄ နဲ့ အနိုင်ယူပြီး

ပရိသတ်တွေအားလုံးကို အံ့အားသင့်အောင် ခြေစွမ်းပြသွားခဲ့ပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲအထိ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဘရန်ဖို့ဒ်ရဲ့ အခုလိုမျိုး ခြေစွမ်းကောင်းတွေ ပြသနေခဲ့မှုဟာ သူတို့အသင်းကို

ကွင်းလယ်လူအဲရစ်ဆင်ရောက်ရှိလာပြီးနောက်ပိုင်းမှာပါ။

အဲရစ်ဆင်မရောက်ခင်က ဘရန်ဖို့ဒ်ဟာ ပရီးမီးယားလိဂ် ၉ ပွဲအထိ

နိုင်ပွဲပျောက်ခဲ့ပြီး ဒိန်းမတ်ကွင်းလယ်လူရောက်လာပြီးနောက်

ပထမဆုံးပွဲဖြစ်တဲ့ နော်ဝှစ်ချ်နဲ့ပွဲမှာ ၃-၁ နဲ့ အနိုင်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲ ဒိန်းမတ် – ဖင်လန် အုပ်စုအဆင့်ပွဲစဉ်တွင်

နှလုံးပြဿနာကြောင့် ကွင်းအတွင်း သတိလစ်လဲကျခဲ့တဲ့ ဒိန်းမတ်ကွင်းလယ်လူ

အဲရစ်ဆင်ဟာ ဘောလုံးပြန်လည်ကစားနိုင်ခဲ့ပြီးနောက် ယခုအခါ

နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၃)ပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့ကြောင်းသိရပါတယ်။

အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဒိန်းမတ်လက်ရွေးစင်အသင်းနှင့်

ကစားခဲ့တဲ့ နယ်သာလန်၊ ဆားဘီးယားတို့နှင့် နိုင်ငံတကာခြေစမ်းပွဲစဉ်များတွင်

လက်ရွေးစင်အသင်းအတွက် (၁)ဂိုးစီသွင်းယူပေးနိုင်ခဲ့သလို၊

ချယ်လ်ဆီး (၁-၄) ဘရန်ဖို့ဒ် ပရီးမီးယားလိဂ်ပွဲစဉ်တွင်လည်း

ဘရန်ဖို့ဒ်အသင်းအတွက် (၁)ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းနှင့်ပွဲ၌ သွင်းယူခဲ့တဲ့ သွင်းဂိုးမှာ အဲရစ်ဆင်အတွက်

ဘရန့်ဖို့ဒ်ကစားသမားဘ၀ ပထမဆုံးသွင်းဂိုးဖြစ်ခဲ့သလို စပါးကစားသမားဘ၀

၂၀၁၉ ခုနှစ် ဒီဇင်ဘာ (၂၉)ရက်နေ့နောက်ပိုင်း ပရီးမီးယားလိဂ်၌

တစ်ကျော့ပြန်ဂိုးသွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

zawgyi

၃ ပြဲဆက္ဂိုးသြင္းယူႏိုင္ခဲ့တဲ့ အဲရစ္ဆင္ – ႏွလုံးေရွာ့ျဖစ္ခဲ့တယ္ဆိုတာ ယုံႏိုင္ပါ့မလား?

ဘရန္ဖို႔ဒ္ကေတာ့ ခ်ယ္လ္ဆီးကို အေဝးကြင္းမွာ ၁-၄ နဲ႔ အႏိုင္ယူၿပီး

ပရိသတ္ေတြအားလုံးကို အံ့အားသင့္ေအာင္ ေျခစြမ္းျပသြားခဲ့ပါတယ္။

ေနာက္ဆုံးကစားခဲ့တဲ့ ၄ ပြဲမွာ ၃ ပြဲအထိ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

ဘရန္ဖို႔ဒ္ရဲ႕ အခုလိုမ်ိဳး ေျခစြမ္းေကာင္းေတြ ျပသေနခဲ့မႈဟာ သူတို႔အသင္းကို

ကြင္းလယ္လူအဲရစ္ဆင္ေရာက္ရွိလာၿပီးေနာက္ပိုင္းမွာပါ။

အဲရစ္ဆင္မေရာက္ခင္က ဘရန္ဖို႔ဒ္ဟာ ပရီးမီးယားလိဂ္ ၉ ပြဲအထိ

ႏိုင္ပြဲေပ်ာက္ခဲ့ၿပီး ဒိန္းမတ္ကြင္းလယ္လူေရာက္လာၿပီးေနာက္

ပထမဆုံးပြဲျဖစ္တဲ့ ေနာ္ဝွစ္ခ်္နဲ႔ပြဲမွာ ၃-၁ နဲ႔ အႏိုင္ရခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲ ဒိန္းမတ္ – ဖင္လန္ အုပ္စုအဆင့္ပြဲစဥ္တြင္

ႏွလုံးျပႆနာေၾကာင့္ ကြင္းအတြင္း သတိလစ္လဲက်ခဲ့တဲ့ ဒိန္းမတ္ကြင္းလယ္လူ

အဲရစ္ဆင္ဟာ ေဘာလုံးျပန္လည္ကစားႏိုင္ခဲ့ၿပီးေနာက္ ယခုအခါ

ေနာက္ဆုံးကစားခဲ့တဲ့ ၿပိဳင္ပြဲစုံ (၃)ပြဲဆက္ဂိုးသြင္းယူႏိုင္ခဲ့ေၾကာင္းသိရပါတယ္။

အဲရစ္ဆင္ဟာ ၿပီးခဲ့တဲ့ ရက္သတၱပတ္က ဒိန္းမတ္လက္ေ႐ြးစင္အသင္းႏွင့္

ကစားခဲ့တဲ့ နယ္သာလန္၊ ဆားဘီးယားတို႔ႏွင့္ ႏိုင္ငံတကာေျခစမ္းပြဲစဥ္မ်ားတြင္

လက္ေ႐ြးစင္အသင္းအတြက္ (၁)ဂိုးစီသြင္းယူေပးႏိုင္ခဲ့သလို၊

ခ်ယ္လ္ဆီး (၁-၄) ဘရန္ဖို႔ဒ္ ပရီးမီးယားလိဂ္ပြဲစဥ္တြင္လည္း

ဘရန္ဖို႔ဒ္အသင္းအတြက္ (၁)ဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။

ခ်ယ္လ္ဆီးအသင္းႏွင့္ပြဲ၌ သြင္းယူခဲ့တဲ့ သြင္းဂိုးမွာ အဲရစ္ဆင္အတြက္

ဘရန႔္ဖို႔ဒ္ကစားသမားဘ၀ ပထမဆုံးသြင္းဂိုးျဖစ္ခဲ့သလို စပါးကစားသမားဘ၀

၂၀၁၉ ခုႏွစ္ ဒီဇင္ဘာ (၂၉)ရက္ေန႔ေနာက္ပိုင္း ပရီးမီးယားလိဂ္၌

တစ္ေက်ာ့ျပန္ဂိုးသြင္းယူႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*