၂ ပွဲဆက်ရှုံးတာတောင် သူ့အသင်းအကြောင်း မကောင်းပြောတာ မကြိုက်တဲ့ မော်ရင်ညို

နောက်ထပ်စိတ်ပျက်စရာကောင်းတဲ့ ရှုံးပွဲတစ်ခုကို ဥရောပဇာတ်ခုံပေါ်မှာ ရင်ဆိုင်ခဲ့ရပေမယ့် အသင်းအပေါ် မကောင်းမြင်စိတ်တွေကိုတော့ ရိုးမားနည်းပြမော်ရင်ညိုက တုံ့ပြန်လိုက်ပါတယ်။ ရိုးမားဟာ ယူရိုပါလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ

လူဒိုဂိုရက်စ်ကို ၂-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။ ဒါဟာ စီးရီးအေမှာ အူဒီးနီးစ်ကို ၄ ဂိုးပြတ်ရှုံးထားတဲ့ မော်ရင်ညိုရဲ့အသင်းအတွက် ၂ ပွဲဆက်တိုက် ရလဒ်ဆိုးခဲ့တာပါ။ ဒါပေမဲ့ လူဒိုဂိုရက်စ်ကိုရှုံးတဲ့ပွဲအပြီး Sky Sport နဲ့ အင်တာဗျူးမှာတော့ မော်ရင်ညိုက

“ အံ့မခန်းပွဲစဉ်တစ်ပွဲကို ကျွန်တော်တို့ ကစားနိုင်ခဲ့တယ်လို့ ကျွန်တော်မပြောပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက အမှန်တရား မဟုတ်လို့ပါ။ ဒါပေမဲ့ ရလဒ်ကတော့ မယုံနိုင်စရာကောင်းတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့စွမ်းဆောင်မှုက မရှုံးဖို့ လုံလောက်ပါတယ်။

ကျွန်တော်တို့က အခွင့်အရေးတွေအများကြီး ရခဲ့တဲ့အသင်းပါ။ လူဒိုဂိုရက်စ် ဂိုးရသွားတဲ့နောက် ၁၅ မိနစ်ဟာ အရမ်းခက်ခဲခဲ့ပါတယ်။ သူတို့ရဲ့တုံ့ပြန်မှုတွေ ကောင်းမွန်ခဲ့တယ်။ ကျွန်တော်တို့ ချေပဂိုးသွင်းနိုင်ပေမယ့် တစ်မိနစ်အကြာမှာ သူတို့က

ဂိုးထပ်သွင်းသွားခဲ့တယ်။ ကျွန်တော်တို့ကို အရာရာက ဆန့်ကျင်နေသလိုပဲ။ ကံကောင်းတာက ရှုံးထွက်ပွဲမဟုတ်တာပါပဲ။ ၅ ပွဲ ကစားဖို့ကျန်နေပါသေးတယ်။ အဖွင့်ပွဲနိုင်တာဟာ ကောင်းမွန်တဲ့အနေအထားဖြစ်ပေမယ့် အခုတော့ ဖိအားရှိနေပါတယ်။

လာမယ့်အိမ်ကွင်းပွဲစဉ်မှာ ကျွန်တော်တို့ ၃ မှတ်ရဖို့လိုပါတယ် ” လို့ ပြောသွားခဲ့တာပါ။ ဒါ့အပြင် အသင်းခံစစ်ပိုင်းအားနည်းမှုနဲ့ပတ်သက်တဲ့မေးခွန်းကိုလည်း ခံစစ်အကြောင်းပြောတာ သူမကြိုက်ကြောင်း၊ ခံစစ်ဆိုတာ တစ်သင်းလုံးကို ကာကွယ်တဲ့ဌာနတစ်ခုဖြစ်ကြောင်း တုံ့ပြန်သွားခဲ့ပါတယ်။

(zawgyi)

ေနာက္ထပ္စိတ္ပ်က္စရာေကာင္းတဲ့ ရႈံးပြဲတစ္ခုကို ဥေရာပဇာတ္ခုံေပၚမွာ ရင္ဆိုင္ခဲ့ရေပမယ့္ အသင္းအေပၚ မေကာင္းျမင္စိတ္ေတြကိုေတာ့ ႐ိုးမားနည္းျပေမာ္ရင္ညိဳက တုံ႔ျပန္လိုက္ပါတယ္။ ႐ိုးမားဟာ ယူ႐ိုပါလိဂ္ အုပ္စုအဖြင့္ပြဲစဥ္မွာ

လူဒိုဂိုရက္စ္ကို ၂-၁ ဂိုးနဲ႔ရႈံးနိမ့္ခဲ့ပါတယ္။ ဒါဟာ စီးရီးေအမွာ အူဒီးနီးစ္ကို ၄ ဂိုးျပတ္ရႈံးထားတဲ့ ေမာ္ရင္ညိဳရဲ႕အသင္းအတြက္ ၂ ပြဲဆက္တိုက္ ရလဒ္ဆိုးခဲ့တာပါ။ ဒါေပမဲ့ လူဒိုဂိုရက္စ္ကိုရႈံးတဲ့ပြဲအၿပီး Sky Sport နဲ႔ အင္တာဗ်ဴးမွာေတာ့ ေမာ္ရင္ညိဳက

“ အံ့မခန္းပြဲစဥ္တစ္ပြဲကို ကြၽန္ေတာ္တို႔ ကစားႏိုင္ခဲ့တယ္လို႔ ကြၽန္ေတာ္မေျပာပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဒါက အမွန္တရား မဟုတ္လို႔ပါ။ ဒါေပမဲ့ ရလဒ္ကေတာ့ မယုံႏိုင္စရာေကာင္းတယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ္တို႔စြမ္းေဆာင္မႈက

မရႈံးဖို႔ လုံေလာက္ပါတယ္။ ကြၽန္ေတာ္တို႔က အခြင့္အေရးေတြအမ်ားႀကီး ရခဲ့တဲ့အသင္းပါ။ လူဒိုဂိုရက္စ္ ဂိုးရသြားတဲ့ေနာက္ ၁၅ မိနစ္ဟာ အရမ္းခက္ခဲခဲ့ပါတယ္။ သူတို႔ရဲ႕တုံ႔ျပန္မႈေတြ ေကာင္းမြန္ခဲ့တယ္။ ကြၽန္ေတာ္တို႔ ေခ်ပဂိုးသြင္းႏိုင္ေပမယ့္

တစ္မိနစ္အၾကာမွာ သူတို႔က ဂိုးထပ္သြင္းသြားခဲ့တယ္။ ကြၽန္ေတာ္တို႔ကို အရာရာက ဆန႔္က်င္ေနသလိုပဲ။ ကံေကာင္းတာက ရႈံးထြက္ပြဲမဟုတ္တာပါပဲ။ ၅ ပြဲ ကစားဖို႔က်န္ေနပါေသးတယ္။ အဖြင့္ပြဲႏိုင္တာဟာ ေကာင္းမြန္တဲ့အေနအထားျဖစ္ေပမယ့္ အခုေတာ့ ဖိအားရွိေနပါတယ္။

လာမယ့္အိမ္ကြင္းပြဲစဥ္မွာ ကြၽန္ေတာ္တို႔ ၃ မွတ္ရဖို႔လိုပါတယ္ ” လို႔ ေျပာသြားခဲ့တာပါ။ ဒါ့အျပင္ အသင္းခံစစ္ပိုင္းအားနည္းမႈနဲ႔ပတ္သက္တဲ့ေမးခြန္းကိုလည္း ခံစစ္အေၾကာင္းေျပာတာ သူမႀကိဳက္ေၾကာင္း၊ ခံစစ္ဆိုတာ တစ္သင္းလုံးကို ကာကြယ္တဲ့ဌာနတစ္ခုျဖစ္ေၾကာင္း တုံ႔ျပန္သြားခဲ့ပါတယ္။