၂ စက္ကန့်တည်းနဲ့ အဝါကတ် ၄ ကြိမ်ပြပြီး စံချိန်သစ်တင်ခဲ့တဲ့ လာလီဂါဒိုင်လူကြီး

စပိန်ဒိုင်လူကြီးမက်သယူးလာဟို့ဇ်ဟာ ဥရောပမှာ နာမည်ကြီးဒိုင်တွေထဲက

တစ်ယောက်ဖြစ်ကာ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကိုင်တွယ်ခဲ့သူပါ။

အခုတော့ သူဟာ နောက်ထပ်စံချိန်မှတ်တမ်းတစ်ခု ပိုင်ဆိုင်သွားပြန်ပါပြီ။

စနေညက ကစားသွားခဲ့တဲ့ ဂီတာဖေးနဲ့ မာယော့ကာတို့ရဲ့ပွဲမှာ ၄၅ နှစ်အရွယ်

လာဟို့ဇ်ဟာ အဝါကတ်ချည်း ၉ ကြိမ်ပြခဲ့သလို ကစားသမားတစ်ယောက်လည်း

ထုတ်ပယ်ခဲ့ပါတယ်။ တန်းဆင်းဇုန်တိုက်ပွဲဖြစ်တာနဲ့အညီ ပွဲကြမ်းတစ်ပွဲဆိုတော့

သူ့အနေနဲ့ ကတ်ပြဖို့အတွက် လက်မလည်ခဲ့ပါဘူး။ အထူးသဖြင့် ပွဲချိန်မိနစ် ၄၀

အရောက်မှာ လာဟို့ဇ်ဟာ ကတ်ပြကြမ်းသွားပါတယ်။ ဘာကြောင့်လဲဆိုတော့

၂ စက္ကန့်အတွင်းမှာပဲ နှစ်ဖက်ကစားသမား ၄ ယောက်ကို အဝါကတ်ပြခဲ့လို့ပါပဲ။

ဂီတာဖေးကစားသမားနှစ်ယောက်ကို အရင်ပြပြီး ချက်ချင်းပဲ မာယော့ကာ

ကစားသမားနှစ်ယောက်ဘက်လှည့်ကာ အဝါကတ်ထပ်ပြခဲ့တာပါ။

သူ့ရဲ့လျပ်တစ်ပြတ်အတွင်း အဝါကတ် ၄ ကတ်ပြလိုက်မှုက အဲဒီပွဲကို

ရုပ်သံကကြည့်တဲ့ ပရိသတ်တွေကို တအံ့တသြဖြစ်သွားစေပါတယ်။

ဒါကြောင့်လည်း သူ့ကို ဆိုရှယ်မီဒီယာထက်မှာ မိုက်ဒင်းရဲ့နောက်ထပ်

မျိုးဆက်လို့ ပြောနေကြတာပါ။ ပရီးမီးယားလိဂ်သမိုင်းမှာ အနီကတ် ၁၀၀ ကျော်တဲ့

တစ်ဦးတည်းသောဒိုင်လူကြီးဖြစ်တဲ့ မိုက်ဒင်းဟာ အခုရာသီကုန်ရင်

အနားယူတော့မှာဖြစ်ကာ လာဟို့ဇ်ကလည်း ကတ်ပြကြမ်းမှုမှာ

မိုက်ဒင်းရဲ့ခြေရာလိုက်နင်းနေပါတယ်။

zawgyi

၂ စကၠန႔္တည္းနဲ႔ အ၀ါကတ္ ၄ ႀကိမ္ျပၿပီး စံခ်ိန္သစ္တင္ခဲ့တဲ့ လာလီဂါဒိုင္လူႀကီး

စပိန္ဒိုင္လူႀကီးမက္သယူးလာဟို႔ဇ္ဟာ ဥေရာပမွာ နာမည္ႀကီးဒိုင္ေတြထဲက

တစ္ေယာက္ျဖစ္ကာ ၿပီးခဲ့တဲ့ႏွစ္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ကိုင္တြယ္ခဲ့သူပါ။

အခုေတာ့ သူဟာ ေနာက္ထပ္စံခ်ိန္မွတ္တမ္းတစ္ခု ပိုင္ဆိုင္သြားျပန္ပါၿပီ။

စေနညက ကစားသြားခဲ့တဲ့ ဂီတာေဖးနဲ႔ မာေယာ့ကာတို႔ရဲ႕ပြဲမွာ ၄၅ ႏွစ္အ႐ြယ္

လာဟို႔ဇ္ဟာ အဝါကတ္ခ်ည္း ၉ ႀကိမ္ျပခဲ့သလို ကစားသမားတစ္ေယာက္လည္း

ထုတ္ပယ္ခဲ့ပါတယ္။ တန္းဆင္းဇုန္တိုက္ပြဲျဖစ္တာနဲ႔အညီ ပြဲၾကမ္းတစ္ပြဲဆိုေတာ့

သူ႔အေနနဲ႔ ကတ္ျပဖို႔အတြက္ လက္မလည္ခဲ့ပါဘူး။ အထူးသျဖင့္ ပြဲခ်ိန္မိနစ္ ၄၀

အေရာက္မွာ လာဟို႔ဇ္ဟာ ကတ္ျပၾကမ္းသြားပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့

၂ စကၠန႔္အတြင္းမွာပဲ ႏွစ္ဖက္ကစားသမား ၄ ေယာက္ကို အဝါကတ္ျပခဲ့လို႔ပါပဲ။

ဂီတာေဖးကစားသမားႏွစ္ေယာက္ကို အရင္ျပၿပီး ခ်က္ခ်င္းပဲ မာေယာ့ကာ

ကစားသမားႏွစ္ေယာက္ဘက္လွည့္ကာ အဝါကတ္ထပ္ျပခဲ့တာပါ။

သူ႔ရဲ႕လ်ပ္တစ္ျပတ္အတြင္း အဝါကတ္ ၄ ကတ္ျပလိုက္မႈက အဲဒီပြဲကို

႐ုပ္သံကၾကည့္တဲ့ ပရိသတ္ေတြကို တအံ့တၾသျဖစ္သြားေစပါတယ္။

ဒါေၾကာင့္လည္း သူ႔ကို ဆိုရွယ္မီဒီယာထက္မွာ မိုက္ဒင္းရဲ႕ေနာက္ထပ္

မ်ိဳးဆက္လို႔ ေျပာေနၾကတာပါ။ ပရီးမီးယားလိဂ္သမိုင္းမွာ အနီကတ္ ၁၀၀ ေက်ာ္တဲ့

တစ္ဦးတည္းေသာဒိုင္လူႀကီးျဖစ္တဲ့ မိုက္ဒင္းဟာ အခုရာသီကုန္ရင္

အနားယူေတာ့မွာျဖစ္ကာ လာဟို႔ဇ္ကလည္း ကတ္ျပၾကမ္းမႈမွာ

မိုက္ဒင္းရဲ႕ေျခရာလိုက္နင္းေနပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*