
မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမး ရပ်ရှ်ဖို့ဒ်ဟာ အိမ်ကွင်းမှာ
(၉)ပွဲဆက်တိုက်ဂိုးသွင်းပြီး အသင်းရဲ့ နာမည်ကျော်တိုက်စစ်မှူးဟောင်း
ဒင်းနစ်ဗိုင်အိုလက်ရဲ့ အိမ်ကွင်းပွဲဆက်အများဆုံး ဂိုးသွင်းသူ မှတ်တမ်းကို
အမီလိုက်နိုင်ခဲ့ပါပြီ။
မန်စီးတီးကို (၂-၁)ဂိုးနဲ့အနိုင်ရတဲ့ မန်ချက်စတာဒါဘီပွဲမှာ ရပ်ရှ်ဖို့ဒ်ဟာ
ပွဲပြီးခါနီး (၈၂)မိနစ်မှာ ဘယ်ခြမ်းကနေ ဂါနာချို ဖန်တီးပေးခဲ့တဲ့
အခွင့်အရေးကို မန်စီးတီးဂိုးသမားအီဒါဆင် ဘာမှမတတ်နိုင်အောင်
အပိုင်ပိတ်သွင်းခဲ့ပြီး ဒင်းနစ်ဗိုင်အိုလက် တင်ထားတဲ့ အိမ်ကွင်း
ပွဲဆက်အများဆုံး ဂိုးသွင်းသူစံချိန်နဲ့ တူညီသွားခဲ့ပါတယ်။
ယူနိုက်တက်နဲ့အတူ အမှတ်ပေးဖလား(၂)ကြိမ်ရယူခဲ့တဲ့ ဒင်းနစ်
ဗိုင်အိုလက်ဟာ ၁၉၅၉ သြဂုတ်လကနေ ဒီဇင်ဘာလအတွင်း အိမ်ကွင်း
(၉)ပွဲဆက်တိုက် ဂိုးသွင်းပြီးတော့ စံချိန်တင်ခဲ့တာဖြစ်ပြီး (၆၄)နှစ်
အကြာမှာ ရပ်ရှ်ဖို့ဒ်က အဲဒီမှတ်တမ်းကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ FC ရှရစ်ဖ်၊ ဝက်စ်ဟမ်း၊ အက်စတွန်ဗီလာ၊ ဘန်လေ၊
နော်တင်ဟမ်ဖော်ရက်စ်၊ ဘုန်းမောက်၊ အဲဗာတန်၊ ချာလ်တန်နဲ့ အခု
မန်စီးတီးတို့နဲ့ အိမ်ကွင်းပွဲတွေမှာ ဂိုးသွင်းနိုင်ခဲ့တာဖြစ်သလို အဲဒီ(၉)ပွဲမှာ
(၁၀)ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးကတည်းက ယူနိုက်တက်အတွက် ဂိုးတွေ
ဆက်တိုက်သွင်းယူနေတဲ့ ရပ်ရှ်ဖို့ဒ်ဟာ အခုဆိုရင် ယူနိုက်တက်
ကစားသမားဘ၀ ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲစုံနောက်ဆုံး(၇)ပွဲ
ဆက်တိုက် ဂိုးသွင်းခဲ့ပြီး နာမည်ကျော်ကစားသမားဟောင်း စီရော်နယ်လ်ဒို
(၂၀၀၈၊ ဧပြီလ)နောက်ပိုင်း ပြိုင်ပွဲစုံ (၇)ပွဲဆက်ဂိုးသွင်းနိုင်တဲ့ ကစားသမား
အဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်ပါတယ်။
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္ကစားသမး ရပ္ရွ္ဖို႔ဒ္ဟာ အိမ္ကြင္းမွာ
(၉)ပြဲဆက္တိုက္ဂိုးသြင္းၿပီး အသင္းရဲ႕ နာမည္ေက်ာ္တိုက္စစ္မႉးေဟာင္း
ဒင္းနစ္ဗိုင္အိုလက္ရဲ႕ အိမ္ကြင္းပြဲဆက္အမ်ားဆုံး ဂိုးသြင္းသူ မွတ္တမ္းကို
အမီလိုက္ႏိုင္ခဲ့ပါၿပီ။
မန္စီးတီးကို (၂-၁)ဂိုးနဲ႔အႏိုင္ရတဲ့ မန္ခ်က္စတာဒါဘီပြဲမွာ ရပ္ရွ္ဖို႔ဒ္ဟာ
ပြဲၿပီးခါနီး (၈၂)မိနစ္မွာ ဘယ္ျခမ္းကေန ဂါနာခ်ိဳ ဖန္တီးေပးခဲ့တဲ့
အခြင့္အေရးကို မန္စီးတီးဂိုးသမားအီဒါဆင္ ဘာမွမတတ္ႏိုင္ေအာင္
အပိုင္ပိတ္သြင္းခဲ့ၿပီး ဒင္းနစ္ဗိုင္အိုလက္ တင္ထားတဲ့ အိမ္ကြင္း
ပြဲဆက္အမ်ားဆုံး ဂိုးသြင္းသူစံခ်ိန္နဲ႔ တူညီသြားခဲ့ပါတယ္။
ယူႏိုက္တက္နဲ႔အတူ အမွတ္ေပးဖလား(၂)ႀကိမ္ရယူခဲ့တဲ့ ဒင္းနစ္
ဗိုင္အိုလက္ဟာ ၁၉၅၉ ၾသဂုတ္လကေန ဒီဇင္ဘာလအတြင္း အိမ္ကြင္း
(၉)ပြဲဆက္တိုက္ ဂိုးသြင္းၿပီးေတာ့ စံခ်ိန္တင္ခဲ့တာျဖစ္ၿပီး (၆၄)ႏွစ္
အၾကာမွာ ရပ္ရွ္ဖို႔ဒ္က အဲဒီမွတ္တမ္းကို ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။
ရပ္ရွ္ဖို႔ဒ္ဟာ FC ရွရစ္ဖ္၊ ဝက္စ္ဟမ္း၊ အက္စတြန္ဗီလာ၊ ဘန္ေလ၊
ေနာ္တင္ဟမ္ေဖာ္ရက္စ္၊ ဘုန္းေမာက္၊ အဲဗာတန္၊ ခ်ာလ္တန္နဲ႔ အခု
မန္စီးတီးတို႔နဲ႔ အိမ္ကြင္းပြဲေတြမွာ ဂိုးသြင္းႏိုင္ခဲ့တာျဖစ္သလို အဲဒီ(၉)ပြဲမွာ
(၁၀)ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။
ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးကတည္းက ယူႏိုက္တက္အတြက္ ဂိုးေတြ
ဆက္တိုက္သြင္းယူေနတဲ့ ရပ္ရွ္ဖို႔ဒ္ဟာ အခုဆိုရင္ ယူႏိုက္တက္
ကစားသမားဘ၀ ပထမဆုံးအႀကိမ္အျဖစ္ ၿပိဳင္ပြဲစုံေနာက္ဆုံး(၇)ပြဲ
ဆက္တိုက္ ဂိုးသြင္းခဲ့ၿပီး နာမည္ေက်ာ္ကစားသမားေဟာင္း စီေရာ္နယ္လ္ဒို
(၂၀၀၈၊ ဧၿပီလ)ေနာက္ပိုင္း ၿပိဳင္ပြဲစုံ (၇)ပြဲဆက္ဂိုးသြင္းႏိုင္တဲ့ ကစားသမား
အျဖစ္ မွတ္တမ္းဝင္သြားၿပီျဖစ္ပါတယ္။