
ပေါ်တူဂီလက်ရွေးစင်အသင်းတိုက်စစ်မှူး စီရော်နယ်ဒိုက လာမယ့်
ကာတာ ၂၀၂၂ ကမ္ဘာ့ဖလားက သူ့ကစားသမားဘဝမှာနောက်ဆုံးဖြစ်လိမ့်မယ်လို့
ဆိုနေကြတာတွေကို ပယ်ချလိုက်ပြီး ၂၀၂၆ ပြိုင်ပွဲအထိဆက်ကစားချင်တာလို့
ပြောလိုက်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပချိန်ရောက်ရင်
စီရော်နယ်ဒိုဟာအသက် ၄၁ နှစ်ရှိနေမှာဖြစ်ပါတယ်။ ပေါ်တူဂီအသင်းဟာ
ပြီးခဲ့တဲ့ အင်္ဂါနေ့ကကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မြောက်မက်ဆီဒိုးနီးယားကို
ဖာနန်ဒက်စ်ရဲ့သွင်းဂိုးတွေနဲ့အတူ ၂-၀ နဲ့အနိုင်ရပြီး ခြေစစ်ပွဲအောင်သွားခဲ့လို့
စီရော်နယ်ဒိုဟာ သူ့အတွက် ၅ ကြိမ်မြောက်ကမ္ဘာဖလားကို ကစားခွင့်
ရတော့မှာဖြစ်ပါတယ်။ ဒီလိုကစားခွင့်ရခဲ့ပေမယ့် စီရော်နယ်ဒိုကတော့
အားမလျော့သေးဘဲ ၂၀၂၆ ကမ္ဘာ့ဖလားအထိ ဆက်ကစားဖို့ရည်မှန်းကာ
ပြိုင်ပွဲမှာ အကြိမ်ရေအများဆုံးပါဝင်သူအဖြစ်မှတ်တမ်းဝင်နိုင်ဖို့ ရည်ရွယ်
ထားတယ်လို့ဆိုခဲ့ပါတယ်။ သူ့မိခင် ဒိုလိုရက်စ်ကလည်း သူ့သားဟာ
အနည်းဆုံးတော့အသက် ၄၀ အထိဘောလုံးဆက်ကစားမှာဖြစ်လို့
နောက်ထပ်တစ်နှစ်ထပ်ပြီးကြိုးစားမယ်ဆိုရင် အမေရိကန်၊ မက္ကဆီကိုနဲ့
ကနေဒါ တို့ပူးတွဲကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာပါ ကစားဖို့အများကြီး
ဖြစ်နိုင်ခြေရှိနေပါတယ်။ သူက” ၂၀၂၂ ကမ္ဘာ့ဖလားကနောက်ဆုံးလား။
ကျုပ်ကတော့ ၂၀၂၆ ပြိုင်ပွဲအထိဆက်ကစားချင်တာပါ။
ဒါနဲ့ပတ်သက်တဲ့မေးခွန်းတွေကို ကျွန်တော်ဘယ်လောက်အထိဆက်ပြီး
ရင်ဆိုင်ရဦးမလဲတော့ မသိသေးပါဘူး။ ကျွန်တော့်အအနာဂတ်ကိုဆုံးဖြတ်ရမှာက
ကျွန်တော်ကိုယ်တိုင်ပါဘဲ။ ကျွန်တော်ကအချိန်ကြာကြာပိုပြီး ကစားချင်တယ်
ဆိုရင်ဖြစ်ရမှာပေါ့။ ကျွန်တော့်ကိုယ် ကျွန်တော် အမိန့်ပေးနိုင်ဖို့ဘဲလိုတာပါ” လို့
ပြောသွားပါတယ်။ စီရော်နယ်ဒိုဟာလက်ရှိမှာ ကမ္ဘာ့ဖလား ၄ ကြိမ်
ကစားထားပြီးဖြစ်လို့ ကာတာမှာကျင်းပမယ့်ပြိုင်ပွဲဟာသူ့အတွက် ၅ ကြိမ်မြောက်
ဖြစ်လာမှာပါ။ ကမ္ဘာ့ဖလားကို ၅ ကြိမ်ကစားထားတဲ့သူတွေထဲမှာ
မက်ဆီလည်းပါဝင်ပြီး သူတို့နှစ်ယောက်နဲ့ဆိုရင်အားလုံးပေါင်း ၆ ဦးရှိပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားကိုပါစီရော်နယ်ဒိုဆက်ကစားခဲ့မယ်ဆိုရင်တော့
၆ ကြိမ်မြောက်အပြင် ကမ္ဘာ့ဖလားအကြိမ်ရေအများဆုံးကစားသူအဖြစ်လည်း
မှတ်တမ်းသစ်ဝင်နိုင်မှာဖြစ်ပါတယ်။
zawgyi
၂၀၂၆ အထိ ဆက္ကစားဦးမယ့္ ခရစၥတီယာႏို ေရာ္နယ္ဒို
ေပၚတူဂီလက္ေ႐ြးစင္အသင္းတိုက္စစ္မႉး စီေရာ္နယ္ဒိုက လာမယ့္
ကာတာ ၂၀၂၂ ကမာၻ႔ဖလားက သူ႔ကစားသမားဘဝမွာေနာက္ဆုံးျဖစ္လိမ့္မယ္လို႔
ဆိုေနၾကတာေတြကို ပယ္ခ်လိုက္ၿပီး ၂၀၂၆ ၿပိဳင္ပြဲအထိဆက္ကစားခ်င္တာလို႔
ေျပာလိုက္ပါတယ္။ ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပခ်ိန္ေရာက္ရင္
စီေရာ္နယ္ဒိုဟာအသက္ ၄၁ ႏွစ္ရွိေနမွာျဖစ္ပါတယ္။ ေပၚတူဂီအသင္းဟာ
ၿပီးခဲ့တဲ့ အဂၤါေန႔ကကမာၻ႔ဖလားေျခစစ္ပြဲမွာ ေျမာက္မက္ဆီဒိုးနီးယားကို
ဖာနန္ဒက္စ္ရဲ႕သြင္းဂိုးေတြနဲ႔အတူ ၂-၀ နဲ႔အႏိုင္ရၿပီး ေျခစစ္ပြဲေအာင္သြားခဲ့လို႔
စီေရာ္နယ္ဒိုဟာ သူ႔အတြက္ ၅ ႀကိမ္ေျမာက္ကမာၻဖလားကို ကစားခြင့္
ရေတာ့မွာျဖစ္ပါတယ္။ ဒီလိုကစားခြင့္ရခဲ့ေပမယ့္ စီေရာ္နယ္ဒိုကေတာ့
အားမေလ်ာ့ေသးဘဲ ၂၀၂၆ ကမာၻ႔ဖလားအထိ ဆက္ကစားဖို႔ရည္မွန္းကာ
ၿပိဳင္ပြဲမွာ အႀကိမ္ေရအမ်ားဆုံးပါဝင္သူအျဖစ္မွတ္တမ္းဝင္ႏိုင္ဖို႔ ရည္႐ြယ္
ထားတယ္လို႔ဆိုခဲ့ပါတယ္။ သူ႔မိခင္ ဒိုလိုရက္စ္ကလည္း သူ႔သားဟာ
အနည္းဆုံးေတာ့အသက္ ၄၀ အထိေဘာလုံးဆက္ကစားမွာျဖစ္လို႔
ေနာက္ထပ္တစ္ႏွစ္ထပ္ၿပီးႀကိဳးစားမယ္ဆိုရင္ အေမရိကန္၊ မကၠဆီကိုနဲ႔
ကေနဒါ တို႔ပူးတြဲက်င္းပမယ့္ ၂၀၂၆ ကမာၻ႔ဖလားမွာပါ ကစားဖို႔အမ်ားႀကီး
ျဖစ္ႏိုင္ေျခရွိေနပါတယ္။ သူက” ၂၀၂၂ ကမာၻ႔ဖလားကေနာက္ဆုံးလား။
က်ဳပ္ကေတာ့ ၂၀၂၆ ၿပိဳင္ပြဲအထိဆက္ကစားခ်င္တာပါ။
ဒါနဲ႔ပတ္သက္တဲ့ေမးခြန္းေတြကို ကြၽန္ေတာ္ဘယ္ေလာက္အထိဆက္ၿပီး
ရင္ဆိုင္ရဦးမလဲေတာ့ မသိေသးပါဘူး။ ကြၽန္ေတာ့္အအနာဂတ္ကိုဆုံးျဖတ္ရမွာက
ကြၽန္ေတာ္ကိုယ္တိုင္ပါဘဲ။ ကြၽန္ေတာ္ကအခ်ိန္ၾကာၾကာပိုၿပီး ကစားခ်င္တယ္
ဆိုရင္ျဖစ္ရမွာေပါ့။ ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္ အမိန႔္ေပးႏိုင္ဖို႔ဘဲလိုတာပါ” လို႔
ေျပာသြားပါတယ္။ စီေရာ္နယ္ဒိုဟာလက္ရွိမွာ ကမာၻ႔ဖလား ၄ ႀကိမ္
ကစားထားၿပီးျဖစ္လို႔ ကာတာမွာက်င္းပမယ့္ၿပိဳင္ပြဲဟာသူ႔အတြက္ ၅ ႀကိမ္ေျမာက္
ျဖစ္လာမွာပါ။ ကမာၻ႔ဖလားကို ၅ ႀကိမ္ကစားထားတဲ့သူေတြထဲမွာ
မက္ဆီလည္းပါဝင္ၿပီး သူတို႔ႏွစ္ေယာက္နဲ႔ဆိုရင္အားလုံးေပါင္း ၆ ဦးရွိပါတယ္။
၂၀၂၆ ကမာၻ႔ဖလားကိုပါစီေရာ္နယ္ဒိုဆက္ကစားခဲ့မယ္ဆိုရင္ေတာ့
၆ ႀကိမ္ေျမာက္အျပင္ ကမာၻ႔ဖလားအႀကိမ္ေရအမ်ားဆုံးကစားသူအျဖစ္လည္း
မွတ္တမ္းသစ္ဝင္ႏိုင္မွာျဖစ္ပါတယ္။
Leave a Reply