၂၀၂၃ အတွင်း ပရီးမီးယားလိဂ်ရလဒ်တွေနဲ့သာ ထည့်တွက်မယ်ဆိုရင် လီဗာပူးလ်တို့ တန်းဆင်းဇုန်ထဲမှာ ရပ်တည်ရမယ်

၂၀၂၃ ခုနှစ်အတွင်း ရလဒ်တွေကိုသာ အခြေခံပြီး ပရီးမီးယားလိဂ်

အမှတ်ပေးဇယား ဖန်တီးမယ်ဆိုရင် လီဗာပူးလ်အသင်းဟာ
တန်းဆင်းဇုန်ဖြစ်တဲ့ အဆင့်(၂၀)နေရာမှာ ရပ်တည်ရမှာဖြစ်ပါတယ်။

အံ့အားသင့်စရာကောင်းတာက အခုနှစ်ထဲမှာ ပရီးမီးယားလိဂ်(၅)ပွဲ
ဆက်တိုက် ရှုံးပွဲမရှိတဲ့ နည်းပြစတိဗ်ကူးပါးရဲ့ နော်တင်ဟမ်ဖော်ရက်စ်
အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်ခွင့်ရမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဟောင်း လီဗာပူးလ်အသင်းဟာ အခုနှစ်အတွင်း
ရလဒ်ဆိုးတွေနဲ့ ဆက်တိုက် ရင်ဆိုင်နေရပြီး ပရီးမီးယားလိဂ်နောက်ဆုံး
(၄)ပွဲမှာ (၁)မှတ်သာရရှိခဲ့ပါတယ်။

အဲဒါကြောင့် ၂၀၂၃ ခုနှစ်အတွင်း ပရီးမီးယားလိဂ်ရလဒ်တွေကို အခြေခံပြီး
အမှတ်ပေးဇယားဖန်တီးမယ်ဆိုရင် လီဗာပူးလ်တို့ ရမှတ်(၁)မှတ်၊
ဂိုးကွာခြားချက် (-၈)ဂိုးနဲ့ အဆင့်(၂၀)နေရာသာ ရရှိမှာပါ။

အခုနှစ်မှ ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ နော်တင်ဟမ်ဖော်ရက်စ်
အသင်းကတော့ ဒီနှစ်ထဲမှာ ခြေစွမ်းပြနေသလို ပရီးမီးယားလိဂ်(၅)ပွဲကစား၊

(၃)ပွဲနိုင်၊ (၂)ပွဲသရေနဲ့ (၁၁)မှတ်အထိ ရယူနိုင်ပြီး ၂၀၂၃ ခုနှစ်အတွင်း
သူတို့လောက် အမှတ်ရယူနိုင်တဲ့အသင်း မရှိသေးတဲ့အပြင် Clean Sheets
(၃)ပွဲ ပိုင်ဆိုင်ခဲ့ပါတယ်။

[Zawgyi]

၂၀၂၃ ခုႏွစ္အတြင္း ရလဒ္ေတြကိုသာ အေျခခံၿပီး ပရီးမီးယားလိဂ္
အမွတ္ေပးဇယား ဖန္တီးမယ္ဆိုရင္ လီဗာပူးလ္အသင္းဟာ
တန္းဆင္းဇုန္ျဖစ္တဲ့ အဆင့္(၂၀)ေနရာမွာ ရပ္တည္ရမွာျဖစ္ပါတယ္။

အံ့အားသင့္စရာေကာင္းတာက အခုႏွစ္ထဲမွာ ပရီးမီးယားလိဂ္(၅)ပြဲ
ဆက္တိုက္ ရႈံးပြဲမရွိတဲ့ နည္းျပစတိဗ္ကူးပါးရဲ႕ ေနာ္တင္ဟမ္ေဖာ္ရက္စ္
အသင္းဟာ အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ခြင့္ရမွာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ခ်န္ပီယံေဟာင္း လီဗာပူးလ္အသင္းဟာ အခုႏွစ္အတြင္း
ရလဒ္ဆိုးေတြနဲ႔ ဆက္တိုက္ ရင္ဆိုင္ေနရၿပီး ပရီးမီးယားလိဂ္ေနာက္ဆုံး

(၄)ပြဲမွာ (၁)မွတ္သာရရွိခဲ့ပါတယ္။

အဲဒါေၾကာင့္ ၂၀၂၃ ခုႏွစ္အတြင္း ပရီးမီးယားလိဂ္ရလဒ္ေတြကို အေျခခံၿပီး

အမွတ္ေပးဇယားဖန္တီးမယ္ဆိုရင္ လီဗာပူးလ္တို႔ ရမွတ္(၁)မွတ္၊
ဂိုးကြာျခားခ်က္ (-၈)ဂိုးနဲ႔ အဆင့္(၂၀)ေနရာသာ ရရွိမွာပါ။

အခုႏွစ္မွ ပရီးမီးယားလိဂ္ကို တန္းတက္လာတဲ့ ေနာ္တင္ဟမ္ေဖာ္ရက္စ္
အသင္းကေတာ့ ဒီႏွစ္ထဲမွာ ေျခစြမ္းျပေနသလို ပရီးမီးယားလိဂ္(၅)ပြဲကစား၊
(၃)ပြဲႏိုင္၊ (၂)ပြဲသေရနဲ႔ (၁၁)မွတ္အထိ ရယူႏိုင္ၿပီး ၂၀၂၃ ခုႏွစ္အတြင္း
သူတို႔ေလာက္ အမွတ္ရယူႏိုင္တဲ့အသင္း မရွိေသးတဲ့အျပင္ Clean Sheets
(၃)ပြဲ ပိုင္ဆိုင္ခဲ့ပါတယ္။