၂၀၂၂ မှာ မက်ဆီ ကမ္ဘာ့ဖလားချန်ပီယံဆု ဆွတ်ခူးနိုင်မယ်ဆိုတာကို (၇)နှစ်လောက်ကတည်းက ကွက်တိ ကြိုတင်ခန့်မှန်းခဲ့တဲ့ ပရိသတ်

အချိန်ခရီးသွား(‘Time traveller’)ပရိသတ်တစ်ဦးဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ

မက်ဆီ ချန်ပီယံဆုဆွတ်ခူးနိုင်မယ်ဆိုတာ လွန်ခဲ့တဲ့(၇)နှစ်လောက်တည်းက
ကြိုတင်ခန့်မှန်းခဲ့ပြီး သူ့ရဲ့ ခန့်မှန်းချက်က မယုံနိုင်လောက်အောင်ပဲ ကွက်တိ
ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က,ကျင်းပခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနား
အသင်းက လက်ရှိချန်ပီယံ ပြင်သစ်ကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး
(၃၆)နှစ်ကြာဝေးကွာနေတဲ့ ကမ္ဘာ့ဖလားချန်ပီယံဆု ပြန်လည်ဆွတ်ခူးခဲ့သလို
နာမည်ကျော်ကစားသမား မက်ဆီဟာလည်း လက်ရွေးစင်ကစားသမားဘဝမှာ

ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားချန်ပီယံဆုကို,ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

အာဂျင်တီးနားအသင်း ဗိုလ်စွဲခဲ့တာက ပရိသတ်တွေအတွက် မျှော်လင့်မထားတဲ့

အောင်မြင်မှုဖြစ်ပေမယ့် ဟိုဆေးမီဂွယ်လ်ပိုလန်ကိုအတွက်တော့ ဘာမှ မထူးဆန်းတဲ့
ကိစ္စလို့ ပြောရမှာပါ။

၂၀၁၅၊ မတ်လ(၂၀)ရက်မှာ ဟိုဆေးမီဂွယ်လ်ပိုလန်ကိုက ‘ဒီဇင်ဘာ ၁၈ ရက်၊ ၂၀၂၂ မှာ
အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ကမ္ဘာ့ဖလားချန်ပီယံဆု ဆွတ်ခူးပြီး
ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားဖြစ်လာမယ်။ ဟုတ်၊ မဟုတ်ကို
လာမယ့်(၇)နှစ်ကျရင် လာ Check ကြည့်လိုက်’လို့ Twitter မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

အံ့အားသင့်စရာကောင်းတာက မက်ဆီ ကမ္ဘာ့ဖလားချန်ပီယံဆု ရမယ်ဆိုတာကို
ဟိုဆေးမီဂွယ်လ်ပိုလန်ကိုဟာ ရက်စွဲအတိအကျနဲ့ ခန့်မှန်းခဲ့သလို အဲဒီနေ့မှာပဲ မက်ဆီက
ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တာပါ။ ဟိုဆေးလ်မီဂွယ်လ်ပိုလန်ကိုရဲ့ ခန့်မှန်းချက်မှာ လွဲခဲ့တာက

မက်ဆီရဲ့အသက်ဖြစ်ပြီး သူက (၃၄)နှစ်လို့ ပြောခဲ့ပေမယ့် အမှန်တကယ်မှာ မက်ဆီဟာ
အသက်(၃၅)နှစ်အရွယ်ရှိနေပြီဖြစ်ပါတယ်။

[Zawgyi]

အခ်ိန္ခရီးသြား(‘Time traveller’)ပရိသတ္တစ္ဦးဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ
မက္ဆီ ခ်န္ပီယံဆုဆြတ္ခူးႏိုင္မယ္ဆိုတာ လြန္ခဲ့တဲ့(၇)ႏွစ္ေလာက္တည္းက
ႀကိဳတင္ခန႔္မွန္းခဲ့ၿပီး သူ႔ရဲ႕ ခန႔္မွန္းခ်က္က မယုံႏိုင္ေလာက္ေအာင္ပဲ ကြက္တိ
ျဖစ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့တစ္ပတ္က,က်င္းပခဲ့တဲ့ ၂၀၂၂ ကမာၻ႔ဖလားဗိုလ္လုပြဲမွာ အာဂ်င္တီးနား
အသင္းက လက္ရွိခ်န္ပီယံ ျပင္သစ္ကို ပယ္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ယူၿပီး
(၃၆)ႏွစ္ၾကာေဝးကြာေနတဲ့ ကမာၻ႔ဖလားခ်န္ပီယံဆု ျပန္လည္ဆြတ္ခူးခဲ့သလို

နာမည္ေက်ာ္ကစားသမား မက္ဆီဟာလည္း လက္ေ႐ြးစင္ကစားသမားဘဝမွာ
ပထမဆုံးအႀကိမ္ ကမာၻ႔ဖလားခ်န္ပီယံဆုကို,ကိုင္ေျမႇာက္ႏိုင္ခဲ့ပါတယ္။

အာဂ်င္တီးနားအသင္း ဗိုလ္စြဲခဲ့တာက ပရိသတ္ေတြအတြက္ ေမွ်ာ္လင့္မထားတဲ့
ေအာင္ျမင္မႈျဖစ္ေပမယ့္ ဟိုေဆးမီဂြယ္လ္ပိုလန္ကိုအတြက္ေတာ့ ဘာမွ မထူးဆန္းတဲ့
ကိစၥလို႔ ေျပာရမွာပါ။

၂၀၁၅၊ မတ္လ(၂၀)ရက္မွာ ဟိုေဆးမီဂြယ္လ္ပိုလန္ကိုက ‘ဒီဇင္ဘာ ၁၈ ရက္၊ ၂၀၂၂ မွာ
အသက္(၃၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ မက္ဆီဟာ ကမာၻ႔ဖလားခ်န္ပီယံဆု ဆြတ္ခူးၿပီး
ေဘာလုံးသမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးကစားသမားျဖစ္လာမယ္။ ဟုတ္၊ မဟုတ္ကို
လာမယ့္(၇)ႏွစ္က်ရင္ လာ Check ၾကည့္လိုက္’လို႔ Twitter မွာ ေရးသားခဲ့တာျဖစ္ပါတယ္။

အံ့အားသင့္စရာေကာင္းတာက မက္ဆီ ကမာၻ႔ဖလားခ်န္ပီယံဆု ရမယ္ဆိုတာကို
ဟိုေဆးမီဂြယ္လ္ပိုလန္ကိုဟာ ရက္စြဲအတိအက်နဲ႔ ခန႔္မွန္းခဲ့သလို အဲဒီေန႔မွာပဲ မက္ဆီက

ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့တာပါ။ ဟိုေဆးလ္မီဂြယ္လ္ပိုလန္ကိုရဲ႕ ခန႔္မွန္းခ်က္မွာ လြဲခဲ့တာက
မက္ဆီရဲ႕အသက္ျဖစ္ၿပီး သူက (၃၄)ႏွစ္လို႔ ေျပာခဲ့ေပမယ့္ အမွန္တကယ္မွာ မက္ဆီဟာ
အသက္(၃၅)ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္ပါတယ္။