၂၀၂၂ ခုနှစ်အတွင်း ကွင်းထဲမှာ ပွဲကြည့်ပရိသတ်အများဆုံးကလပ်အဖြစ် ယူနိုက်တက် သတ်မှတ်ခံရ

၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းက လိဂ်ပွဲတွေထဲမှာ ကွင်းထဲ ပရိသတ်

အရေအတွက်ကြည့်ရှုမှုအများဆုံးကလပ်အဖြစ် ပရီးမီးယားလိဂ်ထိပ်သီး
မန်ချက်စတာယူနိုက်တက်အသင်းက ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

အခုနှစ်အစပိုင်းမှာ ယူနိုက်တက်အသင်းရဲ့ ကွင်းတွင်းရလဒ်တွေက အားရစရာ
မရှိခဲ့သလို အသင်းပိုင်ရှင်ဂလေဇာမိသားစုကို ပရိသတ်တွေက ဆန္ဒပြမှုတွေ
ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ နည်းပြအဲရစ်တန်ဟက်ရဲ့ ဦးဆောင်မှုနဲ့အတူ
ရလဒ်ကောင်းတွေ ပြန်လည်ပိုင်ဆိုင်နေပြီဖြစ်ပြီး ပရိသတ်တွေကလည်း
အိုးလ်ထရက်ဖို့ဒ်ကွင်းလုံးပြည့် လာရောက်အားပေးနေကြပါတယ်။

ပရိသတ်(၇၄,၃၁၀)အထိ ဝင်ဆံ့တဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ အခုနှစ်အတွင်း
တစ်ပွဲပျမ်းမျှလာရောက်ကြည့်ရှုတဲ့အရေအတွက်က (၇၃,၆၉၀)ဦးအထိရှိပြီး

တခြား နာမည်ကျော်ကလပ်အသင်းတွေထက် ပရိသတ်အားပေးမှုအများဆုံး
ဖြစ်နေတာပါ။

ယူနိုက်တက်ပြီးရင် ကွင်းအတွင်း ပရိသတ်ကြည့်ရှုမှုအများဆုံးက လာလီဂါထိပ်သီး
ဘာစီလိုနာဖြစ်ပြီး ပရိသတ်(၁)သိန်းနီးပါး ဝင်ဆံ့တဲ့ နူးကမ့်ကွင်းမှာ တစ်ပွဲပျမ်းမျှ
ပရိသတ်အရေအတွက် (၇၁,၅၆၄)ဦး လာရောက်ကြည့်ရှုခဲ့ပါတယ်။ ဘွန်ဒစ်လီဂါ
နာမည်ကျော်ကလပ် ဒေ့ါမွန်အသင်းက ပရိသတ်အရေအတွက် (၆၂,၈၉၅)ဦးနဲ့
တတိယအများဆုံးဖြစ်နေပြီး အံ့အားသင့်စရာကောင်းတာက ဝက်စ်ဟမ်းအသင်းဟာ

အခုစာရင်းမှာ အဆင့်(၄)ချိတ်နိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ Upton Park ကွင်းကနေ ပရိသတ်(၆)သောင်းကျော်ဆံ့တဲ့

London Stadium ကို အိမ်ကွင်းအဖြစ်ပြောင်းလဲအသုံးပြုပြီးနောက်ပိုင်း
ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းအတွင်း ပရိသတ်ကြည့်ရှုမှုက မြင့်တက်လာပြီး
အခုနှစ်ထဲမှာ တစ်ပွဲပျမ်းမျှ (၆၁,၁၁၈)ဦးအထိ ကြည့်ရှုခဲ့ကြပါတယ်။

ဝက်စ်ဟမ်းပြီးရင် ဘိုင်ယန်မြူးနစ်၊ စပါး၊ အာဆင်နယ်၊ ဆဲလ်တစ်၊ အင်တာမီလန်၊
အေစီမီလန်စတဲ့ ဥရောပထိပ်သီးအသင်းတွေလည်း ပါဝင်ခဲ့ပြီး အခုစာရင်းရဲ့ ထိပ်ဆုံး
(၁၀)သင်းထဲမှာ ပရီးမီးယားလိဂ်ကလပ်အများစု လွှမ်းမိုးနိုင်ခဲ့ပါတယ်။

[Zawgyi]

၂၀၂၂ ခုႏွစ္အတြင္း ကမာၻတစ္ဝန္းက လိဂ္ပြဲေတြထဲမွာ ကြင္းထဲ ပရိသတ္
အေရအတြက္ၾကည့္ရႈမႈအမ်ားဆုံးကလပ္အျဖစ္ ပရီးမီးယားလိဂ္ထိပ္သီး
မန္ခ်က္စတာယူႏိုက္တက္အသင္းက ထိပ္ဆုံးမွာ ရပ္တည္ႏိုင္ခဲ့ပါတယ္။

အခုႏွစ္အစပိုင္းမွာ ယူႏိုက္တက္အသင္းရဲ႕ ကြင္းတြင္းရလဒ္ေတြက အားရစရာ
မရွိခဲ့သလို အသင္းပိုင္ရွင္ဂေလဇာမိသားစုကို ပရိသတ္ေတြက ဆႏၵျပမႈေတြ

ျဖစ္ခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ နည္းျပအဲရစ္တန္ဟက္ရဲ႕ ဦးေဆာင္မႈနဲ႔အတူ
ရလဒ္ေကာင္းေတြ ျပန္လည္ပိုင္ဆိုင္ေနၿပီျဖစ္ၿပီး ပရိသတ္ေတြကလည္း
အိုးလ္ထရက္ဖို႔ဒ္ကြင္းလုံးျပည့္ လာေရာက္အားေပးေနၾကပါတယ္။

ပရိသတ္(၇၄,၃၁၀)အထိ ဝင္ဆံ့တဲ့ အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာ အခုႏွစ္အတြင္း
တစ္ပြဲပ်မ္းမွ်လာေရာက္ၾကည့္ရႈတဲ့အေရအတြက္က (၇၃,၆၉၀)ဦးအထိရွိၿပီး
တျခား နာမည္ေက်ာ္ကလပ္အသင္းေတြထက္ ပရိသတ္အားေပးမႈအမ်ားဆုံး
ျဖစ္ေနတာပါ။

ယူႏိုက္တက္ၿပီးရင္ ကြင္းအတြင္း ပရိသတ္ၾကည့္ရႈမႈအမ်ားဆုံးက လာလီဂါထိပ္သီး
ဘာစီလိုနာျဖစ္ၿပီး ပရိသတ္(၁)သိန္းနီးပါး ဝင္ဆံ့တဲ့ ႏူးကမ့္ကြင္းမွာ တစ္ပြဲပ်မ္းမွ်

ပရိသတ္အေရအတြက္ (၇၁,၅၆၄)ဦး လာေရာက္ၾကည့္ရႈခဲ့ပါတယ္။ ဘြန္ဒစ္လီဂါ
နာမည္ေက်ာ္ကလပ္ ေဒ့ါမြန္အသင္းက ပရိသတ္အေရအတြက္ (၆၂,၈၉၅)ဦးနဲ႔
တတိယအမ်ားဆုံးျဖစ္ေနၿပီး အံ့အားသင့္စရာေကာင္းတာက ဝက္စ္ဟမ္းအသင္းဟာ
အခုစာရင္းမွာ အဆင့္(၄)ခ်ိတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

၂၀၁၆ ခုႏွစ္မွာ Upton Park ကြင္းကေန ပရိသတ္(၆)ေသာင္းေက်ာ္ဆံ့တဲ့
London Stadium ကို အိမ္ကြင္းအျဖစ္ေျပာင္းလဲအသုံးျပဳၿပီးေနာက္ပိုင္း
ဝက္စ္ဟမ္းအသင္းရဲ႕ ကြင္းအတြင္း ပရိသတ္ၾကည့္ရႈမႈက ျမင့္တက္လာၿပီး

အခုႏွစ္ထဲမွာ တစ္ပြဲပ်မ္းမွ် (၆၁,၁၁၈)ဦးအထိ ၾကည့္ရႈခဲ့ၾကပါတယ္။

ဝက္စ္ဟမ္းၿပီးရင္ ဘိုင္ယန္ျမဴးနစ္၊ စပါး၊ အာဆင္နယ္၊ ဆဲလ္တစ္၊ အင္တာမီလန္၊

ေအစီမီလန္စတဲ့ ဥေရာပထိပ္သီးအသင္းေတြလည္း ပါဝင္ခဲ့ၿပီး အခုစာရင္းရဲ႕ ထိပ္ဆုံး
(၁၀)သင္းထဲမွာ ပရီးမီးယားလိဂ္ကလပ္အမ်ားစု လႊမ္းမိုးႏိုင္ခဲ့ပါတယ္။