၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးကစားသမားစာရင်းကို ပြင်သစ်နာမည်ကျော်သတင်းစာ L’Equipe ထုတ်ပြန်

ပြင်သစ်နာမည်ကျော်သတင်းစာ တစ်စောင်ဖြစ်တဲ့ L’Equipe က ၂၀၂၂ ခုနှစ်

အတွက် အကောင်းဆုံးကစားသမား(၁၁)ဦးစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး
ပရီးမီးယားလိဂ်ကစားသမား(၄)ဦး ရွေးချယ်ခံခဲ့ရပါတယ်။

L’Equipe သတင်းစာဟာ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ် အမှတ်ပေး
သတ်မှတ်တဲ့နေရာမှာ နာမည်ကျော်ကြားတာကို ဂရုမစိုက်ဘဲ ပြတ်ပြတ်သားသား
သတ်မှတ်လေ့ရှိပြီး,ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲတုန်းက ပြင်သစ်
နာမည်ကျော်ကစားသမား ဒမ်ဘီလီကို Rating 0 ပေးခဲ့ပါတယ်။

အခု ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးကစားသမား(၁၁)ဦးစာရင်းမှာတော့
L’Equipe က ပြင်သစ်ကစားသမား(၃)ဦးကို ရွေးချယ်ခဲ့ပြီး သူတို့ကတော့ ဘာပေ၊
ဘန်ဇီမာနဲ့ သီယိုဟာနန်ဒက်ဇ်တို့ပဲဖြစ်ပါတယ်။

ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာဟာ ဒဏ်ရာကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့
လွဲချော်ခဲ့ပေမယ့် အခုနှစ်အတွင်း လာလီဂါ၊ ချန်ပီယံလိဂ်ဆုတွေအပြင် ကစားသမားဘ၀

ပထမဆုံးအကြိမ်အဖြစ် Ballon D’or ဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

L’Equipe ရဲ့ စာရင်းထဲမှာ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ နာမည်ကျော်ကစားသမား

မက်ဆီကတော့ မဖြစ်မနေပါဝင်ခဲ့ပြီး ပရီးမီးယားလိဂ်ကစားသမားတွေဖြစ်တဲ့ ဒီဘရိုင်းနား၊
ဝေါလ်ကာ၊ ကတ်စ်မဲရိုး၊ ဗန်ဒိုက်တို့လည်း ရွေးချယ်ခံခဲ့ရပါတယ်။

အခုနှစ်အတွင်း ရီးယဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားရယူခဲ့ကြတဲ့ ဘယ်လ်ဂျီယံ
ဂိုးသမား ကော်တွာ၊ ခရိုအေးရှားဝါရင့်ကွင်းလယ်လူ မိုဒရစ်တို့ဟာ အခု အကောင်းဆုံး
စာရင်းမှာ ပါဝင်ခဲ့သလို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ခရိုအေးရှားအသင်း
ခံစစ်မှာ ခြေစွမ်းပြနိုင်တဲ့ လူငယ်နောက်ခံလူ ဂါဒီယောလည်း ပါဝင်ခဲ့ပါတယ်။

[Zawgyi]

ျပင္သစ္နာမည္ေက်ာ္သတင္းစာ တစ္ေစာင္ျဖစ္တဲ့ L’Equipe က ၂၀၂၂ ခုႏွစ္
အတြက္ အေကာင္းဆုံးကစားသမား(၁၁)ဦးစာရင္းကို ထုတ္ျပန္ေၾကညာခဲ့ၿပီး
ပရီးမီးယားလိဂ္ကစားသမား(၄)ဦး ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

L’Equipe သတင္းစာဟာ ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္အေပၚ အမွတ္ေပး
သတ္မွတ္တဲ့ေနရာမွာ နာမည္ေက်ာ္ၾကားတာကို ဂ႐ုမစိုက္ဘဲ ျပတ္ျပတ္သားသား

သတ္မွတ္ေလ့ရွိၿပီး,ၿပီးခဲ့တဲ့ ၂၀၂၂ ကမာၻ႔ဖလားဗိုလ္လုပြဲတုန္းက ျပင္သစ္
နာမည္ေက်ာ္ကစားသမား ဒမ္ဘီလီကို Rating 0 ေပးခဲ့ပါတယ္။

အခု ၂၀၂၂ ခုႏွစ္အတြက္ အေကာင္းဆုံးကစားသမား(၁၁)ဦးစာရင္းမွာေတာ့
L’Equipe က ျပင္သစ္ကစားသမား(၃)ဦးကို ေ႐ြးခ်ယ္ခဲ့ၿပီး သူတို႔ကေတာ့ ဘာေပ၊
ဘန္ဇီမာနဲ႔ သီယိုဟာနန္ဒက္ဇ္တို႔ပဲျဖစ္ပါတယ္။

ျပင္သစ္ဝါရင့္တိုက္စစ္မႉး ဘန္ဇီမာဟာ ဒဏ္ရာေၾကာင့္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲနဲ႔
လြဲေခ်ာ္ခဲ့ေပမယ့္ အခုႏွစ္အတြင္း လာလီဂါ၊ ခ်န္ပီယံလိဂ္ဆုေတြအျပင္ ကစားသမားဘ၀
ပထမဆုံးအႀကိမ္အျဖစ္ Ballon D’or ဆုကိုပါ ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

L’Equipe ရဲ႕ စာရင္းထဲမွာ ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့တဲ့ နာမည္ေက်ာ္ကစားသမား
မက္ဆီကေတာ့ မျဖစ္မေနပါဝင္ခဲ့ၿပီး ပရီးမီးယားလိဂ္ကစားသမားေတြျဖစ္တဲ့ ဒီဘ႐ိုင္းနား၊
ေဝါလ္ကာ၊ ကတ္စ္မဲ႐ိုး၊ ဗန္ဒိုက္တို႔လည္း ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

အခုႏွစ္အတြင္း ရီးယဲလ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားရယူခဲ့ၾကတဲ့ ဘယ္လ္ဂ်ီယံ
ဂိုးသမား ေကာ္တြာ၊ ခ႐ိုေအးရွားဝါရင့္ကြင္းလယ္လူ မိုဒရစ္တို႔ဟာ အခု အေကာင္းဆုံး

စာရင္းမွာ ပါဝင္ခဲ့သလို ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲတစ္ေလွ်ာက္ ခ႐ိုေအးရွားအသင္း
ခံစစ္မွာ ေျခစြမ္းျပႏိုင္တဲ့ လူငယ္ေနာက္ခံလူ ဂါဒီေယာလည္း ပါဝင္ခဲ့ပါတယ္။